5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၁၅၊ ၂၀၁၈
M-Media

Dar Al Ber Society ရုံး

– အခုနှစ် ပထမနှစ်ဝက်အတွင်းမှာ နိုင်ငံတစ်ဝှမ်း အစ္စလာမ်ဘာသာကို ပြောင်းလဲသက်ဝင်သူ နိုင်ငံခြားသားအရေအတွက်ဟာ ၂၁၈၆ ဦး ရှိတယ်လို့ ဒူဘိုင်းအခြေစိုက် အစ္စလာမ့်သတင်းစကား ဖြန့်ချီရေးအဖွဲ့ Dar Al Ber Society က ထုတ်ပြန်ပါတယ်။

ဒူဘိုင်းမှာ ၁၉၉၃ ဦး ရက်စ် အလ် ခိုင်မာမှာ ၁၉၃ ဦး သက်ဝင်လာကြတာဖြစ်ပြီး အဖွဲ့ရဲ့ စီအီးအို အဘ်ဒူလာ အလီ ဘင် ဇာယဒ် အလ်ဖာလာစီက သူတို့အဖွဲ့ဟာ သည်းခံခြင်း၊ အလယ်အလတ်ကျခြင်းနဲ့ ငြိမ်းချမ်းရေး သတင်းစကားတွေကို ယူအေအီးရောက် နိုင်ငံခြားသားတွေထံ ဖြန့်ချီပေးနေတယ်လို့ ပြောကြားခဲ့ပါတယ်။

Dar Al Ber Society ဟာ အစ္စလာမ်နဲ့ပတ်သက်တဲ့ ယူဆချက်အမှားတွေကို ချေဖျက်ဖို့၊ သစ်လွင်မွတ်စလင်တွေရဲ့ နှလုံးသားထဲမှာ အစ္စလာမ်ရဲ့ စစ်မှန်တဲ့ တန်ဖိုးတွေနဲ့ သွန်သင်ချက်တွေ ကိန်းဝပ်လာအောင် ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားတယ်လို့လည်း အလ်ဖာလာစီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

အစ္စလာမ်ကို သက်ဝင်လာကြသူတွေဟာ အာရှ၊ ဥရောပ၊ မြောက်အမေရိက၊ တောင်အမေရိက၊ အာဖရိက စသဖြင့် နိုင်ငံပေါင်း ၃၅ နိုင်ငံလူတွေ ဖြစ်ပါတယ်။

ဒူဘိုင်း ‘အစ္စလာမ့်သတင်းအချက်အလက်စင်တာ’ ရဲ့ ဒါရိုက်တာဖြစ်သူ ရာရှစ် အလ်ဂျူနိုင်ဘီက သူတို့စင်တာဟာ ပထမနှစ်ဝက်အတွင်း အစ္စလာမ့်သတင်းစကား ဖြန့်ချီရေး၊ ပညာရေး၊ ယဉ်ကျေးမှုနဲ့ အပန်းဖြေရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ဆောင်ရွက်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

Ref: Khaleej Times

Tags:

Comments are closed.