5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၁၈၊ ၂၀၁၈
M-Media

– မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားမှုနဲ့ လုပ်ငန်းဆိုင်ရာ လည်ပတ်မှုအဖြစ် စင်ကာပူကို သြဂုတ် ၁၉ ရက်နေ့ (တနင်္ဂနွေနေ့) ကနေ သြဂုတ်လ ၂၁ ရက်နေ့ (အင်္ဂါနေ့) အထိ သွားရောက်လည်ပတ်မယ်လို့ သိရပါတယ်။

ခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ၀န်ကြီးချုပ်ဟောင်း ဂိုချောက်တောင်၊ သမ္မတ ဟာလီမာယာကွဘ်၊ ၀န်ကြီးချုပ် လီရှန်လွန်း၊ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန်တို့နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

အင်္ဂါနေ့မှာတော့ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ 43rd Singapore Lecture အခမ်းအနားမှာ စကားပြောမှာဖြစ်ပြီး၊ Myanmar’s Democratic Transition: Challenges and Way Forward (မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု – စိန်ခေါ်မှုများနှင့် ရှေ့အလားအလာ) ဆိုတဲ့ ခေါင်းစဉ်နဲ့လည်း ဟောပြောဖို့ ရှိနေပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်က စင်ကာပူကို နှစ်ကြိမ် သွားရောက်ခဲ့ဖူးပြီး အခုတစ်ကြိမ်မှာ အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်း၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ နိုင်ငံတော်သမ္မတရုံး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမင်းသူတို့ လိုက်ပါလာမှာ ဖြစ်ပါတယ်။

စင်ကာပူနဲ့ မြန်မာတို့ဟာ နှစ်နိုင်ငံ ကုန်သွယ်ရေးကို တိုးမြှင့်နိုင်မယ့် Bilateral Investment Treaty သဘောတူညီချက်ကို လက်ရှိမှာ ဆွေးနွေးနေပြီး အခုနှစ်ကုန်ပိုင်းမှာ အပြီးသတ်ဖို့ ရှိနေပါတယ်။ ၂၀၁၇ ခုနှစ်မှာ နှစ်နိုင်ငံကုန်သွယ်ရေးဟာ စင်ကာပူဒေါ်လာ ၃.၆ ဘီလီယံ ရှိခဲ့ပါတယ်။

Ref: CNA

Comments are closed.