2 months ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 months ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 months ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
12 months ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
12 months ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
1 year ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
1 year ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
1 year ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
1 year ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
1 year ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၈၊ ၂၀၁၈
M-Media

တူးဖော်တွေ့ရှိခဲ့သည့် ဗလီဝတ်ကျောင်းတော် အစိတ်အပိုင်း

– လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀၀ ကျော် အဘ္ဘာစစ်မင်းဆက်လက်ထက်က ဆောက်လုပ်ခဲ့တဲ့ ရှေးဟောင်း ဗလီဝတ်ကျောင်းတော် အစိတ်အပိုင်းတွေကို အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံ အဘူဒါဘီမှာ တူးဖော် တွေ့ရှိခဲ့ပြီး နိုင်ငံရဲ့ အစ္စလာမ်သာသနာထွန်းကားမှုကို ပိုမိုနားလည် သိရှိနိုင်မယ့် တွေ့ရှိမှုတစ်ခုလို့ ပညာရှင်တွေက မှတ်ယူနေကြပါတယ်။

အလ်-အိန်းမြို့က ဆောက်လုပ်ဆဲ ရှိခ် ခါလီဖာ ဗလီဝတ်ကျောင်းတော်အနီးမှာ ရှေးဟောင်း သုတေသန ပညာရှင်တွေဟာ ရေမြောင်းတွေ၊ အဆောက်အဦး ၃ ခုနဲ့အတူ ဒီဗလီဝတ်ကျောင်းတော်ကို တွေ့ရှိခဲ့တာဖြစ်ပြီး လက်ရှိ ယူအေအီးမှာ တွေ့ရှိထားသမျှ ဗလီဝတ်ကျောင်းတော်တွေထဲမှာ အစောဆုံးတစ်ခုလည်း ဖြစ်ပါတယ်။

“အလ်အိန်းက ရှေးဟောင်း သုတေသနလုပ်ငန်း လုပ်ဆောင်တဲ့ နေရာမှာ အခုလို တွေ့ရှိမှုဟာ ဒေသရဲ့ ကြွယ်ဝတဲ့ သမိုင်းကြောင်းကို သက်သေပြနေတာဖြစ်ပြီး၊ အတိတ်က အကြောင်းအရာတွေကို ကျွန်တော်တို့ ပိုသိနိုင်လာမှာလည်း ဖြစ်ပါတယ်” လို့ ရှေးဟောင်း တူးဖော်ရေးလုပ်ငန်း DCT Abu Dhabi ရဲ့ ဥက္ကဌ မိုဟာမက် ခါလီဖာ အလ် မူဘာရက်က ပြောကြားခဲ့ပါတယ်။

အရင်က လမ်းပမ်းဆက်သွယ်ရေးအခြေအနေကြောင့် ယူအေအီးဟာ အစ္စလာမ်သာသနာ စတင်ထွန်းကားရာ မက္ကာဒေသနဲ့ ဝေးကွာပေမယ့် ဘိုးဘေးတွေဟာ ပတ်ဝန်းကျင်နိုင်ငံတွေရဲ့ အယူဝါဒ၊ ရိုးရာယဉ်ကျေးမှုတွေနဲ့ ဘယ်လို ဆက်နွယ် ပတ်သက်ခဲ့သလဲဆိုတာကို ဒီတွေ့ရှိမှုက ဖော်ပြနေတယ်လို့ လည်း သူက ဆိုပါတယ်။

အခု တွေ့ရှိထားတဲ့ ဗလီဝတ်ကျောင်းတော်နဲ့ အခြားအဆောက်အဦး အစိတ်အပိုင်းတွေကို မြေအုတ်တွေနဲ့ ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။ အဆောက်အဦးတွေရဲ့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ရေမြောင်းတွေကို ကြည့်ရှုခြင်းအားဖြင့် ဒီနေရာမှာ နေထိုင်သူတွေဟာ ရေချိုတွေကို အမြဲရရှိတယ်ဆိုတာကို သုံးသပ်လို့ရတယ်လို့ ရှေးဟောင်း သုတေသန ပညာရှင်တွေက ပြောကြားခဲ့ကြပါတယ်။

အလ်-အိန်းဒေသမှာ ရေမြောင်းသွယ်တန်းတဲ့ စနစ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ လောက်ကတည်းက ရှိခဲ့တာ ဖြစ်ပါတယ်။

အစ္စလာမ်ဘာသာဝင်တွေ ဘုရားဝတ်မပြုခင် ကိုယ်လက်သန့်စင်ရာမှာ အသုံးပြုတယ်လို့ ယူဆရတဲ့ ရေအိုးအစိတ်အပိုင်းတွေကိုလည်း ဗလီဝတ်ကျောင်းတော်ရဲ့ အတွင်းပိုင်းမှာ တူးဖော်တွေ့ရှိခဲ့ပါတယ်။ ရေဒီယိုကာဘွန်စစ်ဆေးမှုတွေအရ ဒီဗလီဟာ ယူအေအီးမှာ တွေ့ရှိထားတဲ့ ဗလီဝတ်ကျောင်းတော် တွေထဲမှာ အစောဆုံး ဖြစ်နေပါတယ်။

ဗလီဝတ်ကျောင်းတော်နဲ့ ဘေးနားက အခြားအဆောက်အဦးတွေမှာ တွေ့ရတဲ့ ကြွေထည်၊ မြေထည်တွေဟာ တရုတ်က ထုတ်လုပ်တာဖြစ်တာကြောင့် အလ်-အိန်းဟာ တစ်ချိန်က အစ္စလာမ်သာသနာနဲ့ အတူ ကုန်သွယ်ရေး လုပ်ငန်းပါ ထွန်းကားခဲ့တဲ့ ဒေသအဖြစ် မှတ်ယူနိုင်တယ်လို့ သုတေသန ပညာရှင်တွေက သုံးသပ်ကြပါတယ်။

DCT အဖွဲ့က ကျွမ်းကျင်ပညာရှင်တွေဟာ အဘူဒါဘီက အလ်-အိန်းနဲ့ အခြားဒေသတွေမှာ ရှေးဟောင်း သုတေသနဆိုင်ရာ တူးဖော်မှုတွေကို ဆက်လက်လုပ်ဆောင်ဖို့လည်း ရှိနေပါတယ်။ ဒီအဖွဲ့ဟာ ဆီရ် ဘာနီ ယက်စ်ကျွန်းမှာ အခုအချိန်အထိ အသုံးပြုနေတဲ့ ခရစ်ယာန်ဘုရားကျောင်းတစ်ခုကို သုတေသနလုပ်ခဲ့ပြီး အစ္စလာမ်သာသနာ စတင်ပြန့်နှံ့တဲ့အချိန်မှာ ဆောက်လုပ်ထားတဲ့ ဒီဘုရားကျောင်းဟာ မွတ်စလင်တွေရဲ့ ဘာသာရေးသည်းခံနိုင်မှု၊ မတူကွဲပြားမှုကို လက်ခံနိုင်မှု ပြယုဂ်ဖြစ်တယ်လို့ သုံးသပ်ခဲ့ကြပါတယ်။

Ref: Gulf Today

Comments are closed.