5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၂၆၊ ၂၀၁၈
M-Media

– မိမိတို့ပါတီ အာဏာရပြီး အစိုးရဖွဲ့နိုင်တဲ့အချိန်မှာ ပါလက်စတိုင်းကို လွတ်လပ်တဲ့ နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုသွားမယ်လို့ ဗြိတိန်က အတိုက်အခံ လေဘာပါတီခေါင်းဆောင် ဂျယ်ရီမီ ကော်ရ်ဘန်က ပြောကြားလိုက်ပါတယ်။

လီဗာပူးလ်မြို့မှာ ဒီကနေ့ကျင်းပတဲ့ ပါတီညီလာခံမှာ ဒီလိုပြောကြားလိုက်တာဖြစ်ပြီး ကုလက အဆိုပြုထားတဲ့ နှစ်နိုင်ငံတည်ရှိရေး လမ်းကြောင်းကို အကောင်အထည်ဖော်သွားမယ်လို့လည်း ကော်ရ်ဘန်က ဆိုပါတယ်။

“အော်စလိုသဘောတူညီချက်ရတာ နှစ်အစိတ် ရှိလာခဲ့ပေမယ့် တရားမျှတမှု၊ ငြိမ်းချမ်းမှုရဖို့ မနီးစပ်သေးဘဲ ပါလက်စတိုင်းတွေရဲ့ အဖြစ်ဆိုးကလည်း ဆက်လက်ဖြစ်ပွားနေပါတယ်။ ကမ္ဘာကြီးကလည်း ရပ်ကြည့်နေပါတယ်။ မနှစ်က ကွယ်လွန်သွားတဲ့ ကျွန်တော်ရဲ့ အရင်းနှီးဆုံး အစ္စရေးမိတ်ဆွေက ‘ငြိမ်းချမ်းရေးအတွက် အခြားနည်းလမ်းမရှိတော့ဘူးလား။ လူ့အဖွဲ့အစည်းနှစ်ခုစလုံးက ခံစားနေရတာ’ လို့ ပြောဖူးပါတယ်။ နှစ်နိုင်ငံတည်ရှိရေးဆိုတဲ့ အဖြေတစ်ခုအတွက် အကူအညီဖြစ်စေဖို့ ကျွန်တော်တို့ဟာ အာဏာရတာနဲ့ ပါလက်စတိုင်းကို အသိအမှတ်ပြုသွားမှာ ဖြစ်ပါတယ်”

ဂါဇာမှာ မတ်လ ၃၀ ရက်နေ့ကနေ စတင်တဲ့ အပတ်စဉ်ဆန္ဒပြမှုအတွင်း ပါလက်စတိုင်းပြည်သူတွေကို အစ္စရေးစစ်တပ်က သတ်ဖြတ်မှုနဲ့ပတ်သက်လို့လည်း ကော်ရ်ဘန်က ရှုတ်ချခဲ့ပါတယ်။

“အစ္စရေးတပ်ဖွဲ့က ရာနဲ့ချီတဲ့ ဂါဇာက ဆန္ဒပြသူတွေကို ပစ်ခတ်သတ်ဖြတ်မှု၊ ခွဲခြားဆက်ဆံတဲ့ ဂျူးအမျိုးသားနိုင်ငံ ဥပဒေ ပြဌာန်းမှုတွေအတွက် ကျွန်တော်တို့ပါတီက ပြတ်ပြတ်သားသား ရှုတ်ချပါတယ်”

အခုနှစ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အသိတ်အမှတ်ပြုပြီး နောက်ပိုင်းမှာ အစ္စရေးနဲ့ ပါလက်စတိုင်းပြည်သူတွေအကြား တင်းမာမှုတွေ မြင့်တက်လာခဲ့တာပါ။

ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက အမေရိကန်ရဲ့ ဒီလို အသိအမှတ်ပြုမှုကို မိမိတို့က လက်မခံဘဲ ဗြိတိန်သံရုံးကိုလည်း ဂျေရုစလင်ကို ပြောင်းရွှေ့သွားမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ကုလက အမေရိကန်ရဲ့ ဒီလုပ်ရပ်ကို ရှုတ်ချကြောင်း ဆုံးဖြတ်ခဲ့ပြီး ဗြိတိန်အပါအ၀င် နိုင်ငံပါင်း ၁၂၈ နိုင်ငံက ဒီဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ကြပါတယ်။

Ref: RT

Tags: ,

Comments are closed.