5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၂၄၊ ၂၀၁၈

M-Media

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်

ဆော်ဒီဂျာနယ်လစ် ကာရှိုဂျီအသတ်ခံရမှုမှာ အဆိုးဝါးဆုံးဖုံးကွယ်မှုဟု ထရမ့်ပြော

=============

အစ္စတန်ဘူလ်က ဆော်ဒီကောင်စစ်ဝန်ရုံးမှာ ၀ါရှင်တန်ပို့စ် ဂျာနယ်လစ် ဂျမားလ် ကာရှိုဂျီ အသတ်ခံရမှုကိုစ္စကို ဆော်ဒီရဲ့ ကိုင်တွယ်မှုဟာ သမိုင်းတစ်လျှောက် အဆိုးဝါးဆုံး ဖုံးကွယ်မှုဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မနေ့မှာ ဝေဖန်ပြောကြားလိုက်ပါတယ်။ ကာရှိုဂျီအသတ်ခံရကြောင်း အစောပိုင်းမှာ ငြင်းဆိုခဲ့တဲ့ ဆော်ဒီဟာ နောက်ပိုင်းမှာ ၀န်ခံခဲ့ပါတယ်။ ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ကို ဝေဖန်မှုအတွက် ကာရှိုဂျီ သတ်ဖြတ်ခံလိုက်ရတာလို့ ပြောကြားမှုတွေ ရှိနေပြီး ထရမ့်က ဒီကိစ္စမှာ ဆော်ဒီအာဏာပိုင်တွေပါရင် ဆိုးရွားတဲ့ နောက်ဆက်တွဲအခြေအနေနဲ့ ကြုံတွေ့ရမယ်လို့ ခြိမ်းခြောက်ဖူးပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုကလည်း သူတို့အနေနဲ့ သတ်ဖြတ်မှုမှာ ပါဝင်သူတစ်ချို့ကို သိရှိထားပြီး အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။

ဂျော်ဒန် အကြမ်းဖက်တိုက်ဖျက်ရေးအကြီးအကဲဟောင်း လုပ်ကြံခံရ

===================

ဂျော်ဒန်နိုင်ငံရဲ့ အကြမ်းဖက်တိုက်ဖျက်ရေးအကြီးအကဲဟောင်း အသက် ၅၆ နှစ်အရွယ် ဗိုလ်ချုပ် ဟာဘစ် အလ်-ဟာနီနီဟာ အင်္ဂါနေ့မနက် အစောပိုင်းက မြို့တော် အမ်နန်မှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံခဲ့ရပါတယ်။ အလ်-ဟာနီနီဟာ အမေရိကန် ထောက်လှမ်းရေးအဖွဲ့ စီအိုင်အေနဲ့ ပူးတွဲအလုပ်လုပ်ဖူးသူဖြစ်ပြီး ထောက်လှမ်းရေးဘက်မှာ အလွန်ထူးချွန်သူလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့တစ်နှစ်က ရာထူးကနေ အနားယူသွားပေမယ့် ဂျော်ဒန် ထောက်လှမ်းရေးအဖွဲ့နဲ့ ဆက်သွယ်မှု ရှိနေသူပါ။ ဘယ်သူက အလ်-ဟာနီနီကို လုပ်ကြံသတ်ဖြတ်သလဲဆိုတာကို တိတိကျကျ မသိရှိရသေးဘဲ ဂျော်ဒန်အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ဒါဟာ လတ်တလော ဂျော်ဒန်နိုင်ငံရဲ့သမိုင်းမှာ ထိပ်တန်းထောက်လှမ်းရေးအကြီးအကဲတစ်ဦး ပထမဆုံး သတ်ဖြတ်ခံရမှုလည်း ဖြစ်ပါတယ်။

မလေးရှားဝန်ကြီးချုပ်ဟောင်း စွဲချက် ၆ ခုဖြင့် ထပ်မံ တရားစွဲခံရဖွယ် ရှိနေ

======================

မလေးရှား ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်နဲ့ ဘဏ္ဍာရေးဝန်ကြီးဟောင်း အစ်ရ်ဝမ် ဆီရီဂါတို့ကို မလေးရှား ခြစားမှုတိုက်ဖျက်ရေး ကော်မရှင် MACC က ဒီကနေ့မှာ ထပ်မံဆင့်ခေါ်ခဲ့ပြီး မလေးရှားနိုင်ငံပိုင် 1MDB လုပ်ငန်းကနေ ဒူဘိုင်းက ရေနံကုမ္ပဏီ IPIC ကို ငွေကြေးပေးချေမှုနဲ့ပတ်သက်ပြီး မေးမြန်းမယ်လို့ ဆိုပါတယ်။ ခြစားမှု အာဏာအလွဲသုံးစားလုပ်မှု စွဲချက်ပေါင်း ၃၀ ကျော်နဲ့ အမှုရင်ဆိုင်နေရတဲ့ နာဂျစ်ဟာ နောက်ထပ်စွဲချက် ၆ ခုနဲ့ စွဲချက်တင်ခံရမယ်လို့ သတင်းတွေ ထွက်နေပါတယ်။ သူတို့နှစ်ဦးအပြင် မလေးရှား ပြည်ပထောက်လှမ်းရေး အကြီးအကဲဟောင်း ဟာဆာနာဟ် အဘ်ဒူလ် ဟာမစ်ကိုလည်း MACC က ဆင့်ခေါ်ထားပါတယ်။ နာဂျစ်နဲ့ ဆီရီဂါတို့ကို ခေတ္တထိန်းသိမ်းကာ ကြာသာပတေးနေ့ကျရင် တရားစွဲဆိုဖို့ ရှိနေပါတယ်။

ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့် ဟားမက်စ်တို့ လူ့အခွင့်အရေးချိုးဖောက်ဟု HRW ပြော

================

ပါလက်စတိုင်းပိုင် အနောက်ဖမ်းကမ်းနဲ့ ဂါဇာကမ်းမြှောင်ဒေသတို့မှာ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ PA နဲ့ ဟားမက်စ်တို့ဟာ သူတိုနဲ့ သဘောထားမတူတဲ့သူတွေကို တရားလက်လွတ်ဖမ်းဆီးတာ၊ နှိပ်စက်တာတွေ ရှိနေတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW က အင်္ဂါနေ့မှာ ထုတ်ပြန်တဲ့ ၁၄၉ မျက်နှာပါ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ PA နဲ့ ဟားမက်စ်တို့က ဒီဖော်ပြမှုတွေကို ငြင်းဆိုခဲ့ပြီး တစ်ဖက်သက် အစီရင်ခံစာ ဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဆက်နွယ်နေတဲ့ ပါလက်စတိုင်းအာဏာပိုင်တွေ အရေးယူခံရတဲ့အထိ အကူအညီတွေ ရပ်တန့်ဖို့ HRW က နိုင်ငံတကာအသိုင်းအ၀ိုင်းကို တိုက်တွန်းခဲ့ပါတယ်။

Ref: Aljazeera, CNA

Comments are closed.