5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်န၀ါရီ ၂၈၊ ၂၀၁၉
M-Media

– ကမ္ဘာ့နိုင်ငံကြီးတွေအကြား နျူလက်နက် ပြိုင်ဆိုင်မှုတွေ ဖြစ်လာတာ၊ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု မြင့်တက်လာတာ၊ အစိုးရကျောထောက်နောက်ခံပြု ၀ါဒဖြန့် လိမ်လည်မှုတွေကြောင့် ကမ္ဘာကြီးရဲ့အဆုံးသတ်ဟာ ပိုမိုနီးကပ်လာပြီလို့ နျူကလီးယား သိပ္ပံပညာရှင်များအဖွဲ့က သတိပေးလိုက်ပါတယ်။

ဝါရှင်တန်အခြေစိုက် Bulletin of the Atomic Scientists အဖွဲ့ရဲ့ ပြီးခဲ့တဲ့တစ်ပတ် ထုတ်ပြန်ချက်ထဲမှာ ပြီးခဲ့တဲ့နှစ်အတွင်း နျူစစ်ပွဲဖြစ်နိုင်တဲ့ ခြိမ်းခြောက်မှု ၂ ခုနဲ့ ရာသီဥတုပြောင်းလဲမှု အန္တရာယ်တွေဟာ ပိုမိုဆိုးဝါးလာခဲ့ပြီး ကမ္ဘာတစ်ဝှမ်း ဒီမိုကရေစီစနစ် ပျက်ဆီးစေဖို့ ၀ါဒဖြန့်မှုတွေလည်း မြင့်တက်လာတယ်လို့ ဖော်ပြထားပါတယ်။

ကမ္ဘာပျက်မယ့်အန္တရာယ်ဟာ စစ်အေးခေတ်နောက်ပိုင်း အမြင့်ဆုံးကို ရောက်နေတယ်လို့ သိပ္ပံပညာရှင်တွေက ပြောကြားခဲ့ပြီး Doomsday Clock မှာတော့ သန်းခေါင်ယံအချိန်ကိုရောက်ဖို့ ၂ မိနစ်အလိုကို ရွှေ့ထားပါတယ်။ Doomsday Clock ကို Bulletin of the Atomic Scientists အဖွဲ့က ဖန်တီးထားတာဖြစ်ပြီး ကမ္ဘာပျယ်မယ့်အချိန်ကို နမိတ်ပေးတဲ့ နာရီတစ်ခု ဖြစ်ပါတယ်။

Doomsday Clock နာရီ သန်းခေါင်ယံနဲ့ အနီးကပ်ဆုံးဖြစ်ခဲ့တဲ့အချိန်က ၁၉၅၃ ခုနှစ် အမေရိကန်နဲ့ ရုရှားတို့ရဲ့ တင်းမာမှု အမြင့်ဆုံးအချိန် ဖြစ်ပါတယ်။

“၂၀၁၈ ခုနှစ်ကတည်းက နာရီအပြောင်းအလဲ မရှိပေမယ့် ဒါဟာ ကမ္ဘာကြီးတည်ငြိမ်တယ်ဆိုတဲ့ လက္ခဏာ မဟုတ်ဘဲ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ နိုင်ငံသားတွေကို ထင်ထင်ရှားရှား သတိပေးမှုတစ်ခု ဖြစ်ပါတယ်” လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်နဲ့ မြောက်ကိုရီးယားတို့အကြား တင်းမာမှု လျော့ကျသွားပေမယ့် နျူလက်နက်ပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေအကြား လက်နက်အဆင့်မြှင့်တင်မှုတွေကြောင့် ခြိမ်းခြောက်မှု ပိုမိုမြင့်တက်လာကြောင်း၊ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ကမ္ဘာကြီးမှာ ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုဟာ ပြန်လည်မြင့်တက်လာကြောင်း သိပ္ပံပညာရှင်တွေက ထောက်ပြထားပါတယ်။

ကမ္ဘာကြီးအပေါ် ခြိမ်းခြောက်မှုတွေကို လျော့ပါးဖို့ဆိုရင် အမေရိကန်နဲ့ ရုရှားတို့က လက်နက်အဆင့်မြှင့်တင်မှုကို လျှော့ချပြီး နျူသဘောတူညီချက်တွေကို ပိုမိုလိုက်နာကာ နေတိုးအဖွဲ့ဝင်နိုင်ငံတွေမှာ အန္တရာယ်ကင်းအောင် ဆောင်ရွက်ဖို့လိုအပ်ကြောင်း၊ ကမ္ဘာ့ပြည်သူလူထုအနေနဲ့ ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေး၊ နည်းပညာအလွဲသုံးစားပြုလုပ်မှုကို လျှော့ချရေး ဆောင်ရွက်ရမှာဖြစ်ကြောင်း Bulletin of the Atomic Scientists က တိုက်တွန်းခဲ့ပါတယ်။

Ref: Reuters

Comments are closed.