5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၁၁၊ ၂၀၁၉
M-Media

သင်္ဘောအမည်ပြောင်းပွဲကို တက်ရောက်လာသည့် အဘ်ဒူလာကာဒီနှင့် ၎င်း၏ ညီမ

– လွန်ခဲ့တဲ့ ၃ နှစ်က ပင်လယ်ပြင်မှာ ကွယ်လွန်သွားခဲ့တဲ့ အသက် ၃ နှစ်အရွယ် ဆီးရီးယားကလေးငယ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဥရောပ ကယ်ဆယ်ရေးအဖွဲ့တစ်ခုက သူ့တို့ရဲ့ သင်္ဘောအမည်ကို ‘အလန်ကာဒီ’ လို့ ပြောင်းလဲ မှည့်ခေါ်ခဲ့ပါတယ်။

စစ်ပွဲတွေကြောင့် ဆီးရီးယားကနေ ထွက်ပြေးလာတဲ့ ကာဒီတို့မိသားစုဟာ ဂရိကိုအသွား အေဂျီယံပင်လယ်ထဲမှာ လှေမှောက်ခဲ့တာဖြစ်ပြီး ကာဒီရဲ့မိခင် ရီဟန်၊ အသက် ၄ နှစ်အရွယ်အစ်ကိုတို့ သေဆုံးကာ ဖခင်ဖြစ်သူ အဘ်ဒူလာကာဒီ တစ်ဦးတည်းသာ အသက်ရှင် ကျန်ရစ်ခဲ့ပါတယ်။

အလန်ကာဒီလေးရဲ့အလောင်း တူရကီကမ်းခြေမှာ လာတင်နေတဲ့ ပုံရိပ်ဟာ ဆိုရှယ်မီဒီယာမှာ အလျင်အမြန် ပြန့်နှံ့သွားပြီး စစ်ကြောင့် ထွက်ပြေးလာရတဲ့ ဆီးရီးယားပြည်သူတွေကို ကမ္ဘာတစ်ဝှမ်းက ဂရုဏာ သက်ခဲ့ကြပါတယ်။

ပင်လယ်ကို ဖြတ်လာတဲ့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ အကျိုးအမြတ်မယူတဲ့အဖွဲ့ Sea-Eye က သူတို့ဆီက ကယ်ဆယ်ရေးသင်္ဘောတစ်စီးကို Alan Kurdi လို့ အမည်ပေးခဲ့ပါတယ်။

Sea-Eye အဖွဲ့က တာဝန်ရှိသူ ဂေါ်ဒန် အိုင်လာက ၂၀၁၅ ခုနှစ် စက်တင်ဘာလအတွင်း ကာဒီရဲ့အလောင်း တူရကီကမ်းခြေမှာ လာတင်နေတဲ့ပုံကို တွေ့မြင်ရတဲ့အချိန်မှာ အလွန်အမင်း စိတ်ထိခိုက်ခံစားခဲ့ရကြောင်း၊ ကာဒီလေးကို အောက်မေ့သတိရတဲ့အနေနဲ့ အဖွဲ့က သင်္ဘောတစ်စီးကို ဒီလို အမည်ပြောင်းခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

သင်္ဘောအမည်ပြောင်းပွဲအခမ်းအနားကို တနင်္ဂနွေနေ့က စပိန်နိုင်ငံ မာယော့ကာမြို့ ပါလ်မာဆိပ်ကမ်းမှာ ကျင်းပပြုလုပ်ခဲ့ပြီး ကာဒီရဲ့ ဖခင်ဖြစ်သူ အဘ်ဒူလာ ကာဒီ တက်ရောက်ခဲ့ပါတယ်။

“ဒီနေ့ဟာ ကျွန်တော့်အတွက် သိပ်ကို ခက်ခဲတဲ့နေ့ပါ။ အတိတ်ဟောင်းကို ပြန်ခံစားရတာပေါ့လေ။ ဒါပေမယ့် Sea-Eye အဖွဲ့ကို ကျွန်တော် ကူညီချင်ပါတယ်။ အဖွဲ့က ကျွန်တော့်သားအမည်ကို ရွေးချယ်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီအဖွဲ့ကလူတွေဟာ နှလုံးသားကြီးကြသူတွေပါ။ ကျွန်တော့်သားအမည်ဟာ ကောင်းမွန်တဲ့ပုံစံနဲ့ ရှိနေမှာဖြစ်ပြီး တမလွန်က ကျွန်တော့်သားလေးလည်း ကျေနပ်မှာပါ” လို့ အဘ်ဒူလာကာဒီက ပြောကြားခဲ့ပါတယ်။

ကာဒီတို့မိသားစုဟာ ဆီးရီးယားက ကာ့ဒ်လူမျိုးတွေဖြစ်ပြီး အဘ်ဒူလာက လက်ရှိ ဆီးရီးယားနိုင်ငံ အီရ်ဘီလ်မြို့မှာ နေထိုင်နေပါတယ်။ ကာဒီတို့မိသားစု လှေမှောက်မှုနဲ့ပတ်သက်ပြီး တူရကီက ဆီးရီးယားနိုင်ငံသား ၂ ဦးကို ထောင်ဒဏ် ၄ နှစ်စီ ချမှတ်ခဲ့ပါတယ်။

Ref: CNN

Comments are closed.