5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မတ် ၆၊ ၂၀၁၉
M-Media

S400 ဒုံးခွင်းစနစ်

– ရုရှားထံကနေ နောက်ဆုံးပေါ် ဒုံးခွင်းစနစ် S-400 ၀ယ်ယူဖို့ စီစဉ်နေမှုအတွက် တူရကီကို အမေရိကန်က သတိပေးလိုက်ပြီး ဒီအစီအစဉ်ဟာ သူတို့ထံက F-35 တိုက်လေယာဉ်တွေ ၀ယ်ယူမယ့်ကိစ္စကို ထိခိုက်စေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ တူရကီက S-400 ဒုံးခွင်းစနစ် ၀ယ်ယူဖို့ စီစဉ်မှုကို အဖွဲ့ဝင်နိုင်ငံတွေ အထူးသဖြင့် အမေရိကန်က ဆန့်ကျင်ကန့်ကွက်မှုတွေ ပြုလုပ်နေတာပါ။ တူရကီကတော့ ဒေသတွင်း ခြိမ်းခြောက်မှု အသစ်တွေအတွက် အခြားဒုံးခွင်းစနစ်တွေကို လိုအပ်တယ်လို့ တုန့်ပြန် ပြောကြားထားပါတယ်။

မနေ့က အမေရိကန်ရဲ့ ဥရောပစစ်ဌာနချုပ် အကြီးအကဲ လွှတ်တော်မှာ မိန့်ခွန်ပြောကြားခဲ့ပြီးတဲ့နောက် အမေရိကန် အစိုးရရဲ့ မှတ်ချက်တွေထဲမှာ တူရကီကိစ္စ ပါဝင်လာတာ ဖြစ်ပါတယ်။

“တူရကီက S-400 ဒုံးခွင်းစနစ်ကို ရယူဖို့ ကြိုးစားမှုဟာ F-35 ရောင်းချရေးအစီအစဉ်မှာ တူရကီပါဝင်မှုနဲ့ နောက်နောင် တူရကီထံ လက်နက်ခဲယမ်း ရောင်းချမှုကို ပြန်လည် သုံးသပ်ရမယ့် အနေအထား ဖြစ်သွားစေမယ်လို့ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း သတိပေးထားပါတယ်” လို့ အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ရောဘတ် ပါလာဒီနိုက ပြောကြားခဲ့ပါတယ်။

အမေရိကန်ဟာ သူတို့ရဲ့ နောက်ဆုံးပေါ် F-35 တိုက်လေယာဉ် အစီး ၁၀၀ တူရကီကိုရောင်းဖို့ သဘောတူထားပြီး လက်ရှိအချိန်အထိ ၂ စင်းသာ ပို့ဆောင်ထားပါတယ်။ ကျန်ရှိတဲ့ လေယာဉ်တွေ ဆက်လက်ပို့ဆောင်မယ့်ကိစ္စကို ဆိုင်းငံ့ထားဖို့ အမေရိကန်လွှတ်တော်က ပြီးခဲ့တဲ့နှစ်မှာ ဆုံးဖြတ်ခဲ့ပါတယ်။

F-35 လို ကိုယ်ပျောက်တိုက်လေယာဉ်တွေကိုပါ ပစ်ချနိုင်စွမ်းရှိတယ်လို့ သတင်းတွေထွက်နေတဲ့ ရုရှားရဲ့ S-400 ဒုံးခွင်းစနစ်ကို တရုတ်၊ ဆော်ဒီ၊ အိန္ဒိယနဲ့ ကာတာတို့အပါအ၀င် နိုင်ငံတော်တော်များများက ၀ယ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

Ref: Aljazeera

Tags:

Comments are closed.