5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၅၊ ၂၀၁၉
M-Media

737 MAX လေယာဉ်

– ပြီးခဲ့တဲ့ ၆ လအတွင်း ဘိုးအင်း 737 MAX လေယာဉ်နှစ်စီး ပျက်ကျမှုဟာ အလိုအလျောက် ထိန်းချုပ်မှုစနစ် ချို့ယွင်းတာနဲ့ သက်ဆိုင်နေတယ်လို့ ဘိုးအင်းကုမ္ပဏီ စီအီးအို ဒန်းနစ် မူလင်ဘာ့ဂ်က ၀န်ခံခဲ့ပြီး အသက်တွေ ဆုံးရှုံးရတဲ့အတွက် တောင်းပန်တယ်လို့လည်း ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အင်ဒိုနီးရှားလေကြောင်းလိုင်း Lion Air က 737MAX လေယာဉ်၊ ပြီးခဲ့တဲ့လက Ethiopian Airlines က 737 MAX လေယာဉ်တို့ဟာ ပျံတက်ပြီး သိပ်မကြာခင်မှာ ပျက်ကျခဲ့ပြီး စုစုပေါင်း လူ ၃၅၀ ကျော် သေဆုံးခဲ့ပါတယ်။ စုံစမ်းစစ်ဆေးသူတွေက ဒီပျက်ကျမှု နှစ်ခုစလုံးမှာ တူညီမှုတွေ ရှိနေတယ်လို့ သုံးသပ်ပါတယ်။

“ဒီ မတော်တဆမှုနှစ်ခုမှာ ဖြစ်ပျက်ခဲ့တာတွေရဲ့ အသေးစိတ်အချက်အလက်တွေကို အစိုးရတွေက ထုတ်ပြန်တော့မှာပါ။ လေယာဉ် နှစ်စီးစလုံးက MCAS စနစ်ဟာ လေယာဉ်ဦးပိုင်း ထောင်တက်မှုအချက်အလက်ကို မှားယွင်းတုန့်ပြန်လိုက်တာကြောင့် ဖြစ်ပုံရပါတယ်” လို့ ဘိုးအင်းစီအီးအိုက မနေ့လွှင့်တင်တဲ့ ဗီဒီယိုမှာ ပြောကြားခဲ့ပါတယ်။

MCAS စနစ်ဟာ လေယာဉ်ဦးပိုင်း ထောင်တက်မှုကို အလိုအလျောက် ထိန်းညှိပေးတဲ့စနစ် ဖြစ်ပါတယ်။ လေယာဉ်ဦးပိုင်း အလွန်အမင်း ထောင်နေရင် stall ဖြစ်ကာ ပျက်ကျနိုင်တာကြောင့် အမြှီးပိုင်းကို မြှင့်ပေးကာ ဟန်ချက် ထိန်းပေးတာပါ။ ဒါပေမယ့် မတော်တဆဖြစ်ခဲ့တဲ့ လေယာဉ်နှစ်စီးစလုံးဟာ လေယာဉ်နှုတ်သီးမှာ တပ်ဆင်ထားတဲ့ ဆင်ဆာအချက်အလက်ကို MCAS စနစ်က မှားယွင်း ဖတ်မိရာကနေ ဦးစိုက်ဆင်းကာ ပျက်ကျသွားတာဖြစ်တယ်လို့ စုံစမ်းစစ်ဆေးသူတွေ၊ ဒီကိစ္စနဲ့ နီးစပ်တဲ့သူတွေက ပြောကြားထားပါတယ်။

Ethiopian Airlines က လေယာဉ် ပျက်ကျမှုမှာ လေယာဉ်မှူးတွေဟာ ဘိုးအင်းက ညွှန်ကြားထားတဲ့ နည်းလမ်းတွေကို ထပ်တလဲလဲ လုပ်ဆောင်ခဲ့ပေမယ့် လေယာဉ်ဦး ပြန်မမော့လာခဲ့ဘူးလို့ အီသီယိုးပီးယားအာဏာပိုင်တွေက မနေ့မှာ ပြောကြားခဲ့ပါတယ်။

အီသီယိုးပီးယား အဖြစ်အပျက်ပြီးတဲ့နောက်မှာ ကမ္ဘာတစ်ဝှမ်း လေကြောင်းလိုင်းတွေဟာ 737 MAX လေယာဉ်တွေကို ပျံသန်းမှု ယာယီရပ်ဆိုင်းခဲ့ပါတယ်။ မူလင်ဘာ့ဂ်က ဒီလိုအဖြစ်အပျက်မျိုး နောက်ထပ် မဖြစ်စေဖို့အတွက် သူတို့ကုမ္ပဏီဟာ ဆော့ဖ်ဝဲအဆင့်မြှင့်တင်မှု ပြုလုပ်ကာ ဆန်းစစ်မှုတွေ လုပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီအဆင့်မြှင့်တင်မှုအတွက် ကမ္ဘာ့နိုင်ငံတွေက လေကြောင်းဌာနတွေရဲ့ အတည်ပြုချက် ရယူရမှာဖြစ်ပြီး နောက်ပိုင်းမှ 737 MAX လေယာဉ်တွေ
ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။

Ref : RT

Tags: ,

Comments are closed.