5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၁၀၊ ၂၀၁၉
M-Media

မူလက်ကာလ်ကိစ္စအတွက် ပြည်သူများ ဆန္ဒပြမှု

– သီလရှင်တစ်ပါးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်တယ်လို့ သတင်းတွေထွက်နေတဲ့ ခရစ်ယာန်ကက်သလစ် ဂိုဏ်းအုပ် ဘုန်းတော်ကြီး တစ်ပါးကို အိန္ဒိယအာဏာပိုင်တွေက တရားစွဲဆိုလိုက်ပါတယ်။

ဂိုဏ်းအုပ်ဘုန်းတော်ကြီး ဖရန်ကို မူလက်ကာလ်ဟာ နိုင်ငံ အနောက်တောင်ပိုင်း ကီရာလာပြည်နယ်က ဘုရားကျောင်းရဲ့ ဧည့်ဆောင်မှာ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း သီလရှင်တစ်ပါးကို ၁၃ ကြိမ် အဓမ္မပြုကျင့်ခဲ့တယ်လို့ စွပ်စွဲခံထားရသူ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့က မူလက်ကာလ်ကို တရားစွဲဖို့အတွက် ကာဒီနယ်တစ်ပါး၊ ဂိုဏ်အုပ်ဘုန်းကြီး ၃ ပါး၊ ဘုန်းကြီး ၁၁ ပါးနဲ့ သီလရှင် ၂၅ ပါး အပါအ၀င် မျက်မြင်သက်သေ ၈၈ ဦးထံက ထွက်ချက်တွေ ယူထားတယ်လို့ ပြောကြားခဲ့ပါတယ်။ ဆေးစစ်ချက်အရလည်း အဲဒီသီလရှင်ဟာ အဓမ္မပြုကျင့်ခံရတယ်ဆိုတာ ပေါ်လွင်နေပါတယ်။

ဒီကျူးလွန်မှုကို ရဲတွေက ဖုံးကွယ်ပေးထားတယ်လို့ဆိုကာ ပြည်သူလူထုက ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ မူလက်ကာလ်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး တစ်လအကြာမှာ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

မူလက်ကာလ်ဟာ နိုင်ငံမြောက်ပိုင်း ပန်ဂျပ်ပြည်နယ်က ဂျာလန်ဟာက ဂိုဏ်းအုပ်ဘုန်းကြီးဖြစ်ပြီး သာသနာနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေအတွက် ကီရာလာပြည်နယ်ကို မကြခဏ သွားရတယ်လို့ သူ့သာသနာ့နယ်ရဲ့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

အိန္ဒိယာမှာ ခရစ်ယာန်ဘာသာဝင်ဟာ လူနည်းစုဖြစ်ပြီး နိုင်ငံလူဦးရေရဲ့ ၂.၃ ရာခိုင်နှုန်းသာ ရှိပါတယ်။ ကီရာလာပြည်နယ်က ခရစ်ယာန်ဘာသာဝင် အများစုရှိရာဒေသ ဖြစ်ပါတယ်။

Ref: CNN

Tags:

Comments are closed.