5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၁၄၊ ၂၀၁၉
M-Media

– ဆူဒန်နိုင်ငံမှာ အာဏာရှင် အိုမာရ် အလ်-ဘရှီးရ်ကို ဖြုတ်ချပြီးနောက် တက်လာတဲ့ စစ်ကောင်စီဟာ ဒီမိုကရေစီကို လိုလားနေတဲ့ ပြည်သူတွေနဲ့ တွေ့ဆုံညှိနှိုင်းမှုတွေ လုပ်ဆောင်နေပြီး စောစောပိုင်းက ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကိုလည်း ရုပ်သိမ်းလိုက်ပါတယ်။

စစ်ကောင်စီအကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး အဘ်ဒဲလ် ဖာတာဟ် အလ်-ဘူရ်ဟန်ဟာ မနေ့က ဆန္ဒပြအဖွဲ့ရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပြီး ၂ နှစ်တာ အသွင်ကူးပြောင်းရေး ကာလအတွင်း အရပ်သားအစိုးရထံ အာဏာလွှဲပြောင်းပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

ပြည်သူလူထုကိုယ်စားပြု ၁၀ ဦးကိုယ်စားလှယ်အဖွဲ့က အဖွဲ့ဝင် အိုမာရ် အလ်ဒီဂါက စစ်ကောင်စီကို တောင်းဆိုမှုအတွင်း အရပ်သားဦးဆောင်တဲ့ အသွင်ကူးပြောင်းရေးအစိုးရ ဖွဲ့စည်းပေးဖို့၊ ဖမ်းဆီးခံထားရတဲ့ ဆန္ဒပြသူတွေ လွှတ်ပေးဖို့ ပါဝင်တယ်လို့ ပြောကြားခဲ့ပါတယ်။ အသေးစိတ်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

ဆူဒန်စစ်တပ်ဟာ နှစ်ပေါင်း ၃၀ အာဏာချုပ်ကိုင်လာတဲ့ သမ္မတ ဘရှီးရ်ကို ကြာသာပတေးနေ့မှာ ဖြုတ်ချခဲ့ပြီး၊ ဗိုလ်ချုပ်အောင်ဝဒ် အစ်ဗနေ့ အောက်ဖ် ခေါင်းဆောင်တဲ့ စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။ ဒါပေမယ့် ပြည်သူက စစ်အုပ်ချုပ်ရေးကို ဆက်လက်ဆန္ဒပြမှုအတွက် ၂၄ နာရီအတွင်းမှာဘဲ အစ်ဗနေ့ အောက်ဖ်ဟာ စစ်ကောင်စီဥက္ကဌ ရာထူးကနေ ထပ်မံနှုတ်ထွက်ကာ ပြည်သူလူထုနဲ့ အဆင်ပြေတဲ့ ဒုတိယဗိုလ်ချုပ်ကြီး အလ်-ဘူရ်ဟန်ကို စစ်ကောင်စီအကြီးအကဲနေရာ ခန့်အပ်ခဲ့ပါတယ်။

အလ်-ဘူရ်ဟန်ရဲ့ ပထမဆုံး ရုပ်သံမိန့်ခွန်းမှာ သူက ဆွေးနွေးမှုအတွင်း ဆူဒန်ပြည်သူအားလုံးကို ကိုယ်စားပြုသူတွေ၊ နိုင်ငံရေးပါတီနဲ့ အရပ်ဖက်အဖွဲ့တွေက ကိုယ်စားလှယ်တွေ ပါဝင်အောင် ဆောက်ရွက်သွားမှာဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့အချိန်အထိ ၂ နှစ်တာ အသွင်ကူးပြောင်းရေးကာလမှာ စစ်ကောင်စီက တိုင်းပြည်ကို အုပ်ချုပ်မှာဖြစ်ကြောင်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ် အောက်ဖ်လက်ထက်က ထုတ်ပြန်ခဲ့တဲ့ ညမထွက်ရအမိန့်ကို သူက ရုပ်သိမ်းပေးခဲ့ပါတယ်။ ဆန္ဒပြသူတွေကို သတ်ဖြတ်မှုမှာ ပါဝင်သူတွေကို တရားဥပဒေအတိုင်း အရေးယူသွားမယ်လို့လည်း သူက ကတိပြုခဲ့ပါတယ်။

ဆူဒန်ပြည်သူတွေဟာ အာဏာရှင် ဘရှီးရ် ပြုတ်ကျရေးအတွက် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက စတင်ဆန္ဒပြခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်းမှာ ပိုမိုအရှိန်မြင့်လာကာ စစ်တပ်က ၀င်ရောက်ထိန်းသိမ်းရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

Ref: Aljazeera

 

Tags:

Comments are closed.