5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၁၉၊ ၂၀၁၉
M-Media

တရုတ် အာကာသလွှတ်တင်မှုတစ်ခု

– ကမ္ဘာဂြိုဟ်ရှိရာ နေအဖွဲ့အစည်းအတွင်းမှာရှိတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေကို စူးစမ်းလေ့လာမယ့် ရည်မှန်းချက်ကြီးမားတဲ့ အာကာသစီမံကိန်းတစ်ခုကို တရုတ်က ထုတ်ပြန်ကြေငြာလိုက်ပြီး စီမံကိန်းမှာ ပူးပေါင်းပါဝင်ဖို့ တရုတ်အာကာသအေဂျင်စီက မနေ့မှာ ကမ္ဘာ့နိုင်ငံတွေကို ဖိတ်ခေါ်လိုက်ပါတယ်။

စီမံကိန်းရဲ့ အချိန်သတ်မှတ်ချက်ဟာ ၁၀ နှစ်ဖြစ်ပြီး ကမ္ဘာနဲ့နီးတဲ့ ဂြိုဟ်သိမ် 2016 HO3 ကို သွားရောက်စူးစမ်းမယ့် ခရီးစဉ် ဖြစ်တယ်လို့ တရုတ်အာကာသအေဂျင်စီ Exploration and Space Engineering Centre ရဲ့ အကြီးအကဲ လျူဇီကျုံးက ပြောပါတယ်။ စူးစမ်းလေ့လာမှု ပြုလုပ်ပြီးတဲ့နောက် အာကာသယာဉ်ရဲ့တစ်ပိုင်းဟာ ကမ္ဘာမြေကို နမူနာတွေနဲ့အတူ ပြန်လာမှာဖြစ်ပြီး နောက်တစ်ပိုင်းကတော့ ကြယ်တံခွန် 133P ကို သွားရောက် စူစမ်းမှာ ဖြစ်ပါတယ်။ ကြယ်တံခွန်လေ့လာရေးအတွက် အချိန်သတ်မှတ်ထားခြင်း မရှိပါဘူး။

တရုတ်ဟာ Chang’e-6 အာကာသယာဉ်နဲ့ လကို စူးစမ်းလေ့လာမယ့် စီမံကိန်းကိုလည်း ထုတ်ပြန်ကြေငြာခဲ့ပြီး အခုနှစ် နှောင်းပိုင်းမှာ လွှတင်မယ့် Chang’e-5 ဂြိုဟ်တုရဲ့ အောင်မြင်မှုကို အခြေခံကာ Chang’e-6 အာကာယာဉ် လွှတ်တင်မယ့် ရက်အတိအကျကို ကြေငြာမှာ ဖြစ်ပါတယ်။ ပြင်သစ် အာကာသအေဂျင်စီဖြစ်တဲ့ National Centre for Space Studies က Chang’e-6 အာကာသယာဉ်မှာ ပြင်သစ် အာကာသယာဉ်မှူးတွေ လိုက်ပါမယ်လို့ ပြီးခဲ့တဲ့လမှာ ပြောကြားခဲ့ပါတယ်။ Chang’e-5 အာကာသယာဉ်ကို ၂၀၁၇ ခုနှစ်ကတည်းက လွှတ်တင်ဖို့ စီစဉ်ထားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

တရုတ်ဟာ လပေါ်မှာ စူးစမ်းလေ့လာမယ့် အခြားစီမံကိန်းနှစ်ခုလည်း ရှိနေပြီး ရည်ရွယ်ချက်က လမှာ စူးစမ်းလေ့လာရေးစင်တာတစ်ခု တည်ဆောက်ဖို့ ဖြစ်ပါတယ်။ စစ်ဖက်၊ အရပ်ဖက် အာကာသစီမံကိန်းတွေမှာ တရုတ်ဟာ ရုရှားနဲ့ ဂျပန်တို့ထက် ငွေကြေးပိုမိုသုံးစွဲနေပြီး အမေရိကန်ပြီးတဲ့နောက် အာကာသစီမံကိန်းမှာ ရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံ ဖြစ်လာပါတယ်။

အခုနှစ် ဇန်န၀ါရီ ၄ ရက်နေ့မှာ တရုတ်ဟာ အာကာသသမိုင်းမှာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပြီး လရဲ့အမှောက်ဖက်ခြမ်းကို စူးစမ်းလေ့လာရေးယာဉ် ပထမဆုံး ပို့ဆောင်နိုင်တဲ့နိုင်ငံ ဖြစ်လာပါတယ်။

Ref: CNA

Tags:

Comments are closed.