10 months ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
1 year ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
1 year ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
2 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
2 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
2 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
2 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
2 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
2 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
2 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၃၀၊ ၂၀၁၉
M-Media

အုပ်မြစ်ချပွဲအခမ်းအနား (Photo Credit – mmtimes)

– ဂျပန်ရဲ့အကူအညီနဲ့ ဆောက်လုပ်ပြီး ခေတ်မီ ဆေးဘက်ဆိုင်ရာ စက်ကိရိယာတွေ ပါဝင်မယ့် ရန်ကုန် အထူးကုဆေးရုံသစ်ကို လာမယ့် ၂ နှစ်အတွင်း ပြီးစီးအောင် ဆောက်လုပ်သွားဖို့ စီစဉ်ထားပါတယ်။

ဆေးရုံသစ်အတွက် အုတ်မြစ်ချအခမ်းအနားကို တနင်္ဂနွေနေ့က ပြုလုပ်ခဲ့ပြီး ဂျပန်သံအမတ် အီချီရို မာရူယာမာက ၀န်ကြီးချုပ် ရှင်ဇိုအာဘေးဟာ စီမံကိန်းအတွက် မီးစိမ်းပြလိုက်တယ်လို့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

“မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ ပူေးပါင်းလုပ်ဆောင်မယ့် ဒီစီမံကိန်းကို ကျွန်တော်တို့ရဲ့ ၀န်ကြီးချုပ်က အတည်ပြုလိုက်ပါတယ်။  စီမံကိန်းစတင်မှုအတွက်လည်း ဂုဏ်ယူမိပါတယ်”

၃၁၆ ကုတင်ဆန့် အဲဒီဆေးရုံသစ် ဆောက်လုပ်ရေးလုပ်ငန်းကို ဗုဒ္ဓဟူးနေ့မှာ စတင်မှာဖြစ်ပြီး ၂၀၂၁ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ အပြီးသတ်နိုင်ဖို့ လျာထားထားပါတယ်။ နှလုံးသွေးကြောရာဂါ၊ ဦးနှောက်နဲ့ အာရုံကြော ရောဂါတွေကို အဓိကထားကုသပေးမယ့် ဒီဆေးရုံဟာ ဒီရောဂါတွေ ကုသရာမှာ လိုအပ်တဲ့ ခေတ်မီ စက်ကိရိယာ အစုံအလင် ပါဝင်မှာဖြစ်ပါတယ်။

လမ်းမတော်မြို့နယ်က ပြည်လမ်းနဲ့ မင်းရဲကျော်စွာလမ်းထောင့်မှာရှိမယ့် ဆေးရုံဟာ ၇ ထပ်ရှိမှာဖြစ်ပြီး လူနာ ၂၀ ဆန့် အထူးကြပ်မတ်ကုသဆောင် ပါဝင်မှာပါ။
ဆေးရုံးသစ်ဟာ မြန်မာနိုင်ငံမှာ နှလုံးသွေးကြောရောဂါ၊ ဦးနှောက်နဲ့ အာရုံကြောရောဂါတွေအကြောင်း သင်ကြားပေးတာ၊ သုတေသန လုပ်ငန်းလုပ်ဆောင်တာတွေကို ဆောင်ရွက်နိုင်မယ့် ပထမဆုံးဆေးရုံ ဖြစ်လာမှာ ဖြစ်ပါတယ်။

“ဒီဆေးရုံသစ်ဟာ သက်ကြီးရွယ်အိုတွေအတွက် အလွန်အထောက်အကူဖြစ်စေမှာပါ။ နှလုံးသွေးကြောရောဂါ၊ ဦးနှောက်နဲ့ အာရုံကြောရောဂါတွေကို ခံစားနေရတဲ့ သက်ကြီးရွယ်အိုတွေ သေဆုံးမှုအရေအတွက် ကျဆင်းသွားမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဦးမြင့်ထွေးက ပြောကြားခဲ့ပါတယ်။

ဆေးရုံသစ်ကို ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီနဲ့ မြန်မာအစိုးရတို့ ပူးပေါင်းဆောက်လုပ်မှာ ဖြစ်ပါတယ်။

Ref: mmtimes

(Myanmar Times အင်္ဂလိပ်ပိုင်းမှသတင်းကို ကောက်နှုတ် ဘာသာပြန်ဆိုပါသည်)

Comments are closed.