5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၂၊ ၂၀၁၉
M-Media

ဒါတွတ် တန်ကူ မိုင်မွန် တူအန် မတ်

– ပြည်ထောင်စု တရားသူကြီး ဒါတွတ် တန်ကူ မိုင်မွန် တူအန် မတ်ကို တရားသူကြီးချုပ်အဖြစ် မလေးရှားက ဒီကနေ့မှာ ခန့်အပ်လိုက်ပြီး မိုင်မွန်ဟာ မလေးရှားရဲ့ ပထမဆုံး အမျိုးသမီးတရားသူကြီးချုပ်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

ဝန်ကြီးချုပ်၊ စော်ဘွားများအဖွဲ့တို့ရဲ့ အကြံပြုချက်နဲ့ ဘုရင်မင်းမြတ်က မိုင်မွန်ကို ဒီရာထူး ပေးအပ်လိုက်တာဖြစ်တယ်လို့ ၀န်ကြီးချုပ်ရုံးကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပြီး မေလ ၂ ရက် (ယနေ့) ကနေစတင် တာဝန်ထမ်းဆောင်ရမယ်လို့ ဆိုပါတယ်။

တရားသူကြီးချုပ်ဟောင်းဖြစ်တဲ့ တန်ဆရီ ရစ်ချက် မာလန်ဂျွန်ရဲ့ စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်မှုအတွက် ကျေးဇူးအထူးတင်ရှိတယ်လို့လည်း ၀န်ကြီးချုပ်ရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ မာလန်ဂျွန်ဟာ တရားရေးနယ်ပယ်မှာ ၂၇ နှစ်တာ ကျင်လည်ခဲ့ပြီးနောက် အငြိမ်းစားယူသွားပြီ ဖြစပါတယ်။

မာလန်ဂျွန်ဟာ နိုင်ငံရဲ့ တရားသူကြီးချုပ်ရာထူးကို ရရှိခဲ့တဲ့ ပထမဆုံး ဆာဘားတိုင်းရင်းသား ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အသက် ၆၆ နှစ်ပြည့်တဲ့အချိန် သက်ပြည့်ပင်စင်ယူဖို့ စီစဉ်ခဲ့ပေမယ့် အခုနှစ် မေလအထိ နောက်ထပ် ၆ လ တာဝန်ပေးအပ်ခြင်း ခံခဲ့ရပါတယ်။

အသက် ၆၀ ရှိပြီဖြစ်တဲ့ မိုင်မွန်ဟာ ၂၀၀၆ ခုနှစ်က ကွာလာလမ်ပူ အထက်တရားရုံးမှာ ကော်မရှင်နာအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှာ အထက်တရားရုံး တရားသူကြီး၊ ၂၀၁၃ ခုနှစ်မှာ အယူခံတရားရုံး တရားသူကြီး၊ ၂၀၁၈ ခုနှစ်မှာ တရားရုံးချုပ် တရားသူကြီးအဖြစ် အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

Ref: The Star

Tags:

Comments are closed.