8 months ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
12 months ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
12 months ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
1 year ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
1 year ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
2 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
2 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
2 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
2 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
2 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၁၁၊ ၂၀၁၉
M-Media

Yangon American International School ၏ ၀ဘ်စာမျက်နှာ

-ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန် နိုင်ငံတကာကျောင်း Yangon American International School ဟာ မူလတန်းနဲ့ မူလတန်းလွတ် အတန်းတွေကို လာမယ့် သြဂုတ်လမှာ စတင်ဖွင့်လှစ်ဖို့ ရှိတယ်လို့ ကျောင်းအုပ်ကြီး မစ္စတာ ရောဘတ် ခရက်ခ်ျဖီးလ်က ကြာသာပတေးနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

အသက် ၂ နှစ်အရွယ်ကနေ စတင်ကာ လက်ခံမှာဖြစ်ပြီး တစ်နှစ်ကို တစ်တန်းတိုးပြီး ဖွင့်လှစ်ဖို့ ရှိနေပါတယ်။ ကျောင်းအပ်ဖို့ စုံစမ်းမှုဟာ တစ်နေ့ကို ၁၀၀ လောက်ရှိတယ်လို့လည်း ခရက်ခ်ျဖီးလ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

ကျောင်းစားရိတ်ကတော့ အသက် ၂ နှစ်ကနေ ၃ နှစ်အထိ ကလေးငယ်တွေအတွက် တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၇၅၀၀ ကျသင့်မှာဖြစ်ပြီး၊ အခြားအတန်းတွေက ဒေါ်လာ တစ်သောင်းခွဲ ကျသင့်မှာ ဖြစ်ပါတယ်။ “ကျောင်းအတွက် အရေးကြီးတာက ဆရာတွေပါ။ နိုင်ငံတကာ စံချိန်စံညွှန်းညီတဲ့ သင်ရိုးညွှန်းတမ်းနဲ့ ကျွန်တော်တို့ သင်ပေးသွားမှာပါ” လို့ ကျောင်းအုပ်ကြီးက ပြောကြားခဲ့ပါတယ်။

လှိုင်မြို့နယ်၊ ရန်ကုန်-အင်းစိန်လမ်းမပေါ်မှာရှိတဲ့ Yangon American International School ကျောင်းဟာ ဧရိယာ ၂၃၂၂ စကွဲယားမီတာမှာ တည်ဆောက်ထားပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံကနေ ခွင့်ပြုချက် ရထားပါတယ်။

ကလေးငယ်တွေရဲ့ စိတ်ကူးစိတ်သန်းတွေ၊ တီထွင်ဖန်တီးနိုင်မှု စွမ်းရည်တွေ တိုးတက်စေဖို့အတွက် နိုင်ငံတကာ သင်ကြားရေး နည်းလမ်းတွေနဲ့ သင်ကြားပေးသွားမယ်လို့လည်း ခရက်ခ်ျဖီးလ်က ပြောကြားခဲ့ပါတယ်။

စမတ်ဘုတ်တွေ၊ တက်ဘလက်တွေ အသုံးပြု သင်ကြားတာလည်း ပါဝင်မှာဖြစ်ပြီး ကာယလေ့ကျင့်ခန်းလုပ်ဖို့ ခန်းမ၊ ဘက်စုံအားကစားကွင်း၊ စာကြည့်တိုက်နဲ့ သင်ထောက်ကူခန်းမတို့လည်း ပါဝင်မယ်လို့ ကျောင်းတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

ကျောင်းကို Myanmar Strategic Holdings(MSH) ကုမ္ပဏီက စီမံခန့်ခွဲပြီး အမေရိကန် တက္ကသိုလ်တွေက မဟာဘွဲ့ရထားကာ သင်ကြားရေး အရည်အချင်းပြည့်မီတဲ့ ဆရာတွေ သင်ကြားမှာ ဖြစ်ပါတယ်။

“အနာဂတ်မှာ အမေရိကန်သင်ရိုး ၁၂ တန်းအထိ တိုးချဲ့ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်” လို့ MSH က အကြီးတန်းအကြံပေး ဒါရီယက်စ်ရှေးက ပြောကြားခဲ့ပါတယ်။

Ref: mmtimes

(Myanmar Times အင်္ဂလိပ်ပိုင်းမှ သတင်းကို ကောက်နှုတ်ဘာသာပြန်ဆိုပါသည်)

Comments are closed.