6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၂၈၊ ၂၀၁၉
M-Media

မလေးရှား သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ၀န်ကြီး ယိုဘီယင် (ယာ)

-အခြားနိုင်ငံတွေက လိမ်လည်ပို့ဆောင်ထားတဲ့ စွန့်ပစ် ပလက်စတစ်အမှိုက် တန်ပေါင်း ၃၀၀၀ လောက်ကို မူရင်းနိုင်ငံတွေဆီ ပြန်ပို့သွားမယ်လို့ မလေးရှား သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ၀န်ကြီးက ပြောကြားလိုက်ပြီး ဒီအမှိုက်တွေကို တင်သွင်းသူတွေဟာ တိုင်းပြည်သစ္စာဖောက်တွေ
ဖြစ်တယ်လို့လည်း သမုတ်ခဲ့ပါတယ်။

ကမ္ဘာတစ်ဝှမ်းက စွန့်ပစ် ပလက်စတစ်တွေ တင်သွင်းမှုကို ပြီးခဲ့တဲ့နှစ်မှာ တရုတ်က ပိတ်ပင်ခဲ့ပြီးတဲ့နောက်ပိုင်း မလေးရှားဟာ စွန့်ပစ်ပလက်စတစ် ပို့ဆောင်ရာ အဓိကနေရာတစ်ခု ဖြစ်လာခဲ့ပြီး တစ်နှစ်ကို အမှိုက် တန်ပေါင်း ၇ သန်းလောက် ရောက်ရှိနေပါတယ်။ အဲဒီ စွန့်ပစ်ပလက်စတစ် အများစုဟာ လိုင်စင်မလိုဘဲ တင်သွင်းလို့ရတဲ့ စွန့်ပစ်ပစ္စည်းပုံစံနဲ့ ၀င်ရောက်လာတာ ဖြစ်ပါတယ်။

စွမ်းအင်၊ သိပ္ပံ၊ နည်းပညာ၊ သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ၀န်ကြီး ယိုဘီယင်က အဲဒီလို တရားမ၀င် လိမ်လည် တင်သွင်းထားတဲ့ ပလက်စတစ်ကွန်တိန်နာ အလုံး ၆၀ ကို မူရင်းနိုင်ငံတွေဆီ ပြန်ပို့သွားမှာဖြစ်တယ်လို့ ဒီကနေ့မှာ ပြောကြားခဲ့ပါတယ်။

“အဲဒီကွန်တိန်နာတွေဟာ ကျွန်မတို့တိုင်းပြည်ထဲကို လိမ်လည်တင်သွင်းလာတာဖြစ်ပြီး၊ တိုင်းပြည်ရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာလည်း ဖြစ်ပါတယ်”

အဲဒီလို လိမ်လည်တင်သွင်းမှုမှာ ပြည်တွင်းက ကုမ္ပဏီတွေ ပါဝင်ပြီး လက်ရှိမှာ စုံစမ်းစစ်ဆေးနေတဲ့အတွက် အသေးစိတ်ကို ထုတ်ဖော်ပြောကြားဖို့ မရှိသေးကြောင်း၊ ကျူါ်လွန်သူတွေအားလုံးကို တရားဥပဒေအတိုင်း အရေးယူသွားမှာဖြစ်ကြောင်း ၀န်ကြီးက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

မလေးရှားမှာ စွန့်ပစ်ပစ္စည်း ပြန်လည်သန့်စင်တဲ့စက်ရုံတွေ ရှိနေပေမယ့် တော်တော်များများဟာ လိုင်စင်မရှိဘဲ လုပ်ဆောင်နေကြတာဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်တယ်ဆိုတဲ့ တိုင်ကြားမှုတွေလည်း ရှိနေပါတယ်။

မလေးရှားကို စွန့်ပစ် ပလက်စတစ်ပစ္စည်းတွေ တင်ပို့တဲ့ နိုင်ငံတွေဟာ ဘင်္ဂလားဒေ့ရှ်၊ အမေရိကန်၊ ဂျပန်၊ ပြင်သစ်၊ ကနေဒါ၊ သြစတေးလျနဲ့ ဗြိတိန်တို့အပါအ၀င် ၁၄ နိုင်ငံ ရှိတယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

နိုင်ငံရပ်ခြားက စွန့်ပစ် ပလက်စတစ်ပစ္စည်း ပြဿနာကို အရှေ့တောင်အာရှ နိုင်ငံတစ်ခုဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံလည်း ခံစားနေရပါတယ်။ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ကနေဒါနိုင်ငံထံ စွန့်ပစ် ပလက်စတစ် ကွန်တိန်နာ ၆၉ လုံး ပြန်လည်ပို့ဆောင်သွားဖို့အတွက် သူတို့အစိုးရဟာ ပုဂ္ဂလိက သင်္ဘောလိုင်းတစ်ခုကို တာဝန်ပေးထားကြောင်း၊ ကနေဒါက တရားဝင် လက်မခံဘူးဆိုရင် ရေပိုင်နက်ထဲမှာ ကွန်တိန်နာတွေကို ပစ်ချခဲ့ဖို့ အမိန့်ပေးထားကြောင်း ပြီးခဲ့တဲ့တစ်ပတ်မှာ ပြောကြားခဲ့ပါတယ်။

အဲဒီ စွန့်ပစ်ပလက်စတစ်တွေဟာ ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်ကြားမှာ ဖိလစ်ပိုင်နိုင်ငံကို ရောက်ရှိလာတာဖြစ်ပြီး ကနေဒါအစိုးရက ဒီကိစ္စမှာ သူတို့ရဲ့ သဘောတူညီချက်မပါဘဲ ပုဂ္ဂလိကကုမ္ပဏီတွေအချင်းချင်း ဆောင်ရွက်တာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

Ref: CNA

Tags:

Comments are closed.