12 months ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
1 year ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
1 year ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
2 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
2 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
2 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
2 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
2 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
2 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
2 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၃၁၊ ၂၀၁၉
M-Media

-ပြီးခဲ့တဲ့ ၃ နှစ်အတွင်း လူကုန်ကူးခံရသူ ၉၀၀ လောက်ကို ကယ်တင်နိုင်ခဲ့ပြီး ၃၀၀၀ ကျော်ကို လူကုန်ကူးမှုနဲ့ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးက ပြောကြားလိုက်ပါတယ်။

“၈၈၉ ဦးကို ကျွန်တော်တို့ ကယ်တင်နိုင်ခဲ့ပြီး။ ကျူးလွန်သူ ၁၄၅၈ ဦးကို လူကုန်ကူးမှုတိုက်ဖျက်ရေး ဥပေဒနဲ့တရားစွဲဆိုမှုပေါင်း ၅၁၀ ရှိပါတယ်။ ကျွန်တော်တို့ အကောင်အထည်ဖော်နေတဲ့ လုပ်ငန်းစီမံချက် ၁၁ ခု အတွင်း နောက်ထပ် ၂၃၈၃ မှုကို စုံစမ်းစစ်ဆေးနေပြီး ၃၃၃၉ ဦးကို ဖမ်းဆီးထားပါတယ်”

ပြည်ထဲရေးဝန်ကြီးဌာနဟာ မူးယစ်တိုက်ဖျက်ရေး စီမံကိန်းတွေ၊ ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးမှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နေပြီး ပြီးခဲ့တဲ့နှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ၉.၁ ရာခိုင်နှုန်း ကျဆင်းအောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့လည်း အတွင်းဝန်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်အတွင်း စီးပွားရေးဆိုင်ရာ အမှုအခင်း ၁၃၆ ခုနဲ့ မသမာမှု ၁၅၉ ခုတို့ကို စုံစမ်းစစ်ဆေးခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

အကျဉ်းသားတွေ အဆင်ပြေပြေ နေထိုင်နိုင်ဖို့အတွက် အကျဉ်းဦးစီးဌာနက အချုပ်ခန်း ၂ ခုနဲ့ အကျဉ်းထောင် ၂ ခုကို ဆောက်လုပ်နေပြီး၊ အချုပ်ခန်း ၃ ခုနဲ့ အကျဉ်းထောင်တစ်ခုကို တိုးချဲ့နေသလို အကျဉ်းသားတွေရဲ့ ပညာရေးအတွက်လည်း ကူညီပံ့ပိုးပေးနေပါတယ်။

အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးက အခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ အကျဉ်းသား ၁၇၁ ဦး ၀င်ရောက်ဖြေဆိုခဲ့ပြီး အရင်နှစ်တွေထက် ပိုများလာတယ်လို့ ပြောကြားခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ အကျဉ်းသား ၁၉ ဦး ၀င်ရောက်ဖြေဆိုခဲ့ပြီး ၁၁ ဦး အောင်မြင်ခဲ့ကာ ၂ ဦးက ဂုဏ်ထူး ထွက်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ အကျဉ်းသား ၄၁ ဦး ဖြေဆိုကာ၊ ၁၆ ဦး အောင်မြင်ခဲ့ကာ ဂုဏ်ထူး ၃ ဘာသာတစ်ဦး၊ ၁ ဘာသာ ၅ ဦး ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ၁၀၄ ဦး ၀င်ရောက်ဖြေဆိုခဲ့ပြီး ၄၇ ဦး အောင်မြင်ခဲ့ပါတယ်။

အကျဉ်းထောင်တွင်းကနေ အဝေးသင်တက္ကသိုလ် တက်ရောက်နေတဲ့ အကျဉ်းသားအချို့ ရှိနေပြီး အရေအတွက်က ဆက်လက် မြင့်တက်နေတယ်လို့လည်း အတွင်းဝန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

Ref: mmtimes

(Myanmar Times အင်္ဂလိပ်ပိုင်းမှသတင်းကို ကောက်နှုတ် ဘာသာပြန်ဆိုပါသည်)

Comments are closed.