5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၁၃၊ ၂၀၁၉
M-Media

-မတူညီတဲ့ သွေးအမျိုးအစားတွေကို လူအားလုံးနဲ့ ကိုက်ညီတဲ့ သွေးအဖြစ် ပြောင်းလဲပေးနိုင်မယ့် နည်းလမ်းတစ်ခုကို ကနေဒါ သိပ္ပံပညာရှင်တွေက ရှာဖွေ ဖော်ထုတ်နိုင်ခဲ့ပြီး ဒါဟာ ကမ္ဘ္ဘာပေါ်က လူပေါင်းများစွာရဲ့အသက် ကယ်တင်နိုင်မယ့် နည်းသစ်တစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။

British Columbia တက္ကသိုလ်က သိပ္ပံပညာရှင်တွေဟာ လူ့အူထဲမှာ ပေါက်ဖွားတဲ့ မိုက်ခရုဘ်ပိုးမွှားတစ်ခုကို အသုံးပြုကာ A သွေး၊ B သွေးနဲ့ AB သွေးတွေကို လူအားလုံးနဲ့ အဆင်ပြေစေမယ့် O သွေးအဖြစ် ပြောင်းနိုင်မယ့် နည်းလမ်းကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

သွေးနီဥတွေမှာ ပါဝင်တဲ့ သကြားဓာတ် ပမာဏနဲ့ သွေးအမျိုးအစားကို ခွဲထုတ်တာဖြစ်ပြီး O သွေးမှာတော့ သကြားဓာတ် လုံးဝ မပါဝင်ပါဘူး။ သကြားဓာတ်ပါဝင်တဲ့ သွေးအမျိုးအစားတွေကို အင်ဇိုင်းတစ်မျိုး အသုံးပြုကာ သကြားဓာတ် ဖယ်ရှားနိုင်ပါတယ်။ အဲဒီနည်းလမ်းအတွက်
အန္တရာယ်ကင်းကင်းနဲ့ အမြောက်အများ ထုတ်ယူသုံးစွဲနိုင်မယ့် အင်ဇိုင်းကို သိပ္ပံပညာရှင်တွေက လူ့သားအူထဲမှာ တွေ့ခဲ့ရပါတယ်။

ဒီနည်းလမ်းကို ကနေဒါ သိပ္ပံပညာရှင်တွေက ပြီးခဲ့တဲ့နှစ် သြဂုတ်လကတည်းက ရှာဖွေဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပေမယ့် ရလဒ်ကိုတော့ ဇွန်လ ၁၀ ရက်နေ့ကမှ Nature Microbiology ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

သွေးထဲက သကြားဓာတ်ကို ထုတ်ပေးနိုင်မယ့် အင်ဇိုင်းကို ဓာတ်ခွဲခန်းထဲမှာ ဘေးထွက်ဆိုးကျိုးမရှိဘဲ ထုတ်လုပ်နိုင်မယ့် နည်းလမ်းကို လက်ရှိမှာ သိပ္ပံပညာရှင်တွေက ဆက်လက်စမ်းသပ်နေပြီး အောင်မြင်မယ်ဆိုရင် သွေးလှူဒါန်းမှုနဲ့ သွေးသွင်းမှု နည်းလမ်းတွေကို တစ်ဆစ်ချိုး ပြောင်းလဲလာနိုင်မှာ ဖြစ်ပါတယ်။

Ref: RT

Tags:

Comments are closed.