5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၁၅၊ ၂၀၁၉
M-Media

-Touch-screen ခေါက်ဖုန်း Mate X စတင်ရောင်းချမယ့် ကာလကို ၃ လနောက်ဆုတ်လိုက်တယ်လို့ Huawei က မနေ့မှာ ကြေငြာခဲ့ပြီး ဒါဟာ အမေရိကန်ရဲ့ ပိတ်ပင်မှုကြောင့် မဟုတ်ဘူးလို့ ဆိုပါတယ်။

ဆမ်ဆောင်းရဲ့ touch-screen ခေါက်ဖုန်း Galaxy Fold ကို ယှဉ်ပြိုင်နိုင်ပြီး ဈေးကွက်က မျှော်လင့်ထားတဲ့ Mate X ကို အခုလအတွင်း ဈေးကွက်တင်ရောင်းချဖို့ Huawei စီစဉ်ထားတာပါ။ ကုမ္ပဏီရဲ့ တာဝန်ရှိသူ ဗင်းဆင့်ပန်က ဈးကွက်တင်မယ့်ရက်ကို စက်တင်ဘာလအထိ ရွှေ့ဆိုင်းလိုက်တယ်လို့ ဟောင်ကောင်မှာပြုလုပ်တဲ့ WSJ Tech D.Live အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

တရုတ်အစိုးရအတွက် သူလျှိုလုပ်ပေးတယ်လို့ဆိုကာ အမေရိကန်က Huawei ကို မေလမှာ အမည်ပျက်စာရင်းသွင်းခဲ့ပြီး အမေရိကန် ကုမ္ပဏီတွေအနေနဲ့ စီးပွားရေး ဆက်သွယ်ဆောင်ရွက်မှုတွေ မလုပ်ဖို့ တားမြစ်ခဲ့ပါတယ်။

ဗင်းဆင့်ပန်က Mate X ဈေးကွက်တင်မယ့် ရက်ကို နောက်ဆုတ်လိုက်တာဟာ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကြောင့် မဟုတ်ဘဲ ဖြန့်ချီမယ့်ကုမ္ပဏီတွေထံကနေ အသိအမှတ်ပြုလက်မှတ်ရရေး စမ်းသပ်သုံးစွဲမှုကို စောင့်ဆိုင်းနေတာကြောင့်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီစမ်းသပ်မှုဟာ သြဂုတ်လကုန်မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။

အစိုးရက အမည်ပျက်စာရင်း သွင်းခဲ့တာကြောင့် Google အပါအ၀င် အမေရိကန် နည်းပညာကုမ္ပဏီ တော်တော်များများဟာ Huawei နဲ့ ဆက်သွယ်ဆောင်ရွက်မှာ မဟုတ်တော့ဘူးလို့ ကြေငြာခဲ့ပါတယ်။ ဒ့ါကြောင့် ဖုန်းအသစ်တွေအတွက် Huawei ဟာ Andoriod စနစ်ကို အသုံးပြုလို့ရမှာ မဟုတ်သလို၊ ဖုန်းတွေအတွက် လိုအပ်တဲ့ ချစ်ပ်ပြားတွေကိုလည်း အမေရိကန်ကနေ တင်သွင်းခွင့် ရတော့မှာ မဟုတ်ပါဘူး။

Huawei ကတော့ လက်ရှိမှာ သူတို့ရဲ့ ကိုယ်ပိုင် ဖုန်း Operating System ဖြစ်တဲ့ Hongmeng ကို စမ်းသပ်နေပြီး ၉ လအတွင်းမှာ အသုံးပြုနိုင်မှာဖြစ်ကြောင်း၊ တစ်ခြားသောဖုန်းတွေမှာလည်း အသုံးပြုနိုင်မှာကြောင်း ထုန်ပြန်ခဲ့ပါတယ်။ လက်တော့ ကွန်ပျူတာအသစ် ဈေးကွက်တင်ရောင်းချမယ့် အစီအစဉ်ကို Huawei က ရွှေ့ဆိုင်းလိုက်တယ်ဆိုတဲ့ မီဒီယာတွေရဲ့
ဖော်ပြမှုကို ဗင်းဆင့်ပန်က ငြင်းဆိုခဲ့ပြီး မကြာခင်မှာ ထုတ်ပြန် ကြေငြာသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

Ref: Reuters

Tags:

Comments are closed.