5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၁၉၊ ၂၀၁၉
M-Media

အီရန်၏ ပြည်တွင်းဖြစ် တိုက်ချင်းပစ်ဒုံးကျည်

-တိုက်ချင်းပစ် ဒုံးကျည်နည်းပညာကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ကာ ဒေသတွင်း ပါဝါအားပြိုင်မှုကို မျှတအောင် အီရန်က ဆောင်ရွက်နိုင်ခဲ့တယ်လို့ တော်လှန်ရေးအစောင့်တပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ် ဟိုစိန် ဆာလာမီက ပြောကြားလိုက်ပါတယ်။

မနေ့က Amirkabir တက္ကသိုလ်မှာ ပြောကြားတဲ့ မိန့်ခွန်းမှာ ဆာလာမီက ဒေသတွင်းမှာရှိနေတဲ့ အမေရိကန်ရဲ့ လေယာဉ်တင်သင်္ဘောတွေရန် ကာကွယ်နိုင်စွမ်းကို လွန်ခဲ့တဲ့ ၁၂ နှစ်အရင်ကတည်းက ရရှိခဲ့တယ်လို့ ဆိုပါတယ်။

“အမြန်နှုန်း နည်းတာ၊ မြေပြင်ကနေ ကပ်ပြီး သွားတာတွေကြောင့် ခရုဇ်ဒုံးကျည်တွေဟာ ဒီနေရာမှာ အသုံးမ၀င်ဘဲ တိုက်ချင်းပစ်ဒုံးကျည်တွေနဲ့သာ ကာကွယ်နိုင်ပါတယ်။ တိုက်ချင်းပစ်ဒုံးကျည်ကြတော့ အသံထက်မြန်တဲ့နှုန်းနဲ့ သွားနိုင်တယ်။ ဒုံးခွင်းစနစ်တွေကလည်း ပစ်ချဖို့ မလွယ်ပါဘူး”

အမေရိကန်နဲ့ အီရန်တို့အကြား တင်းမာမှုတွေဟာ ပြီးခဲ့တဲ့မေလကစလို့ ပိုမိုမြင့်တက်လာခဲ့ပြီး ပင်လယ်ကွေ့ဒေသမှာ အမေရိကန်က လေယာဉ်တင်သင်္ဘော၊ ဒုံးခွင်းစနစ်တွေနဲ့ တပ်ဖွဲ့ဝင်တွေ ထပ်တိုးချထားခဲ့ပါတယ်။ ဒီလိုချထားမှုဟာ မိမိတို့အကျိုးစီးပွားအပေါ် အီရန်နဲ့ အီရန်ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့တွေက တိုက်ခိုက်လာနိုင်မှုကို ကာကွယ်ဖို့ဖြစ်တယ်လို့ အမေရိကန်က ပြောကြားထားပါတယ်။ အမေရိကန်ဟာ အရှေ့အလယ်ပိုင်းမှာ နောက်ထပ် တပ်ဖွဲ့ဝင် ၁၀၀၀ လောက် ချထားဖို့လည်း စီစဉ်နေပါတယ်။

အီရန်တာဝန်ရှိသူတွေကတော့ ဒီလုပ်ရပ်ဟာ စိတ်ဓာတ်စစ်ဆင်ရေးဖြစ်ပြီး မိမိတို့မှာလည်း တုန့်ပြန်ဖို့နည်းလမ်းတွေရှိနေတယ်လို့ ပြောကြားခဲ့ထားပါတယ်။

အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ် ဟိုစိန် ဆာလာမီက အမေရိကန်ရဲ့ခေတ်ဟာ ကုန်ဆုံးနေပြီလို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ကာကွယ်ရေးကဏ္ဍမှာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ဖို့ ကြိုးစားနေတဲ့ အီရန်နိုင်ငံဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဒုံးကျည်တွေ၊ ဒုံးခွင်းစနစ်တွေကို ကိုယ်ပိုင် ထုတ်လုပ်လာနိုင်ခဲ့ပါတယ်။ ပစ်မှတ် ၆ ခုကို တစ်ပြိုင်တည်း ပစ်ချနိုင်တဲ့ ပြည်တွင်းဖြစ် ဒုံးခွင်းစနစ်တစ်ခုကို အီရန်က အခုလအစောပိုင်းမှာ ထပ်မံ မိတ်ဆက်ခဲ့ပါတယ်။

Ref: Press TV

Tags:

Comments are closed.