12 months ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
1 year ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
1 year ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
2 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
2 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
2 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
2 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
2 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
2 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
2 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၂၃၊ ၂၀၁၉
M-Media

မွတ်စလင်များအပေါ် အကြမ်းဖက်တိုက်ခိုက်ရန် တိုက်တွန်းခဲ့သည့် ဘုန်းတော်ကြီး
Warakagoda Sri Gnanarathana Thero

-နိုင်ငံအတွင်းက အစ္စလာမ်ဘာသာဝင် ဆရာဝန်တွေဟာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေ မြုံအောင် လုပ်ဆောင်နေတယ်လို့ စွပ်စွဲကာ သီရိလင်္ကာနိုင်ငံရဲ့ ထိပ်တန်းဘုန်းကြီးတစ်ပါးက အစ္စလာမ်ဘာသာဝင်တွေအပေါ် အကြမ်းဖက်တိုက်ခိုက်ဖို့ တိုက်တွန်း ဆော်သြလိုက်ပါတယ်။

ဧပြီလအတွင်းက ခရစ်ယာန်ဘုရားကျောင်း ၃ ခုနဲ့ ဟိုတယ် ၃ ခုတို့ကို IS အဖွဲ့က အသေခံဗုံးခွဲတိုက်ခိုက်မှုနောက်ပိုင်း သီရိလင်္ကာနိုင်ငံအတွင်း မွတ်စလင်တွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေ မြင့်တက်လာတဲ့အချိန် ထိပ်တန်းဘုန်းကြီးတစ်ပါးရဲ့ ဒီအမုန်းစကား ပေါ်ထွက်လာ ဖြစ်ပါတယ်။

သီရိလင်္ကာရဲ့ သက်တမ်းအရင့်ဆုံးနဲ့ အကြီးဆုံး ဗုဒ္ဓဘာသာဂိုဏ်းတစ်ခုဖြစ်တဲ့ Asgiriya ကို ဦးဆောင်နေသူ ဘုန်းတော်ကြီး Warakagoda Sri Gnanarathana Thero က ပြီးခဲ့တဲ့တစ်ပတ် နိုင်ငံအလယ်ပိုင်း ကန်ဒီမြို့ တရားပွဲမှာ မွတ်စလင်မုန်းတီးရေးစကားတွေကို ပြောကြားခဲ့ပါတယ်။ အလယ်ပိုင်း ကူရူနီဂါလာခရိုင်မှာ မွတ်စလင်ဆရာဝန်တွေက ဗုဒ္ဓဘာသာဝင်အမျိုးသမီး ၄၀၀၀ လောက်ကို မြုံအောင် လုပ်ခဲ့တယ်လို့ သူက စွပ်စွဲခဲ့ပါတယ်။

“ဒကာမတစ်ချို့က (ဆရာဝန်တွေလိုလူတွေကို) ခဲနဲ့ပေါက်သတ်ရမယ်လို့ ပြောကြတယ်။ ကျုပ်ကတော့ ဒီလိုမပြောပါဘူး။ ဒါပေမယ့် ဒါမျိုးကတော့ လုပ်ရမယ်”

အစ္စလာမ်ဘာသာဝင်တွေ ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်တွေဟာ ဗုဒ္ဓဘာသာဝင် စားသုံးသူတွေလာစာရင်း မြုံဆေးတွေ ထည့်ပြီးကျွေးတယ်ဆိုတဲ့ ကောလဟာလတွေဟာ သီရိလင်္ကာနိုင်ငံတစ်ဝှမ်း အချိန်အတော်ကြာကတည်းက ပြန့်နှံနေပြီး ဒါတွေကို ယုံကြည်နေသူလည်း ရှိနေပါတယ်။ ဘုန်းတော်ကြီး Gnanarathana က ပြီးခဲ့တဲ့တစ်ပတ် တရားမှာ မွတ်စလင်စားသောက်ဆိုင်တွေကို သပိတ်မှောက်ဖို့ ထပ်မံ တိုက်တွန်းခဲ့ပါတယ်။

“မွတ်စလင်ဆိုင်တွေမှာ မစားကြနဲ့။ အဲဒီဆိုင်တွေမှာစားတဲ့သူတွေဟာ နောက်ပိုင်းမှာ ကလေးရမှာ မဟုတ်တော့ဘူး”

Gnanarathana ရဲ့ ဒီတရားပွဲကို နိုင်ငံပိုင် ရုပ်သံကနေ ထုတ်လွှင့်ပြသခဲ့ပါတယ်။ သူတရားဟောခဲ့တဲ့ ကန်ဒီမြို့မှာ ပြီးခဲ့တဲ့နှစ်က ဒီကောလဟာလကြောင့် အစ္စလာမ်ဘာသာဝင်တွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေ ရက်ဆက် ဖြစ်ပွားခဲ့ပါတယ်။

ဘုန်းတော်ကြီး Gnanarathana က လူထုထင်မြင်ယူဆနေတဲ့ သဘောထားနဲ့အညီ ဒီလို ပြောတာဖြစ်တယ်လို့ စနေနေ့မှာ ကာကွယ်ပြောကြားခဲ့ပါတယ်။

သီရိလင်္ကာနိုင်ငံရဲ့ လူဦးရေ ၂၁ သန်းမှာ ဗုဒ္ဓဘာသာဝင်ဦးရေက ၇၀ ရာခိုင်နှုန်းကျော်ရှိပြီး အစ္စလာမ်ဘာသာဝင်အရေအတွက်က ၁၀ ရာခိုင်နှုန်းသာ ရှိပါတယ်။

စိုးရိမ်မှု မြင့်တက်

တက်ကြွလှုပ်ရှားသူတွေက ဘုန်းကြီး Gnanarathana ရဲ့ ဒီစကားဟာ အမုန်းစကားဖြစ်ပြီး၊ အရေးယူဆောင်ရွက်ဖို့ သမ္မတ မိုင်သရီပါလာ ဆရီစီနာကို တိုက်တွန်းခဲ့ပါတယ်။ သီရိလင်္ကာက အစ္စလာမ်ဘာသာဝင်အသိုင်းအဝိုင်းကတော့ သူ့အပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေ မြင့်တက်လာမလားဆိုပြီး စိုးရိမ်နေကြပါတယ်။

ဧပြီလ ၂၁ ရက်နေ့က နေရာ ၈ ခုမှာ ဗုံးခွဲမှုအတွင်း လူ ၂၅၀ သေဆုံးခဲ့ပြီး ၅၀၀ လောက် ဒဏ်ရာရခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာ နိုင်ငံအတွင်း လူသိနည်းတဲ့ မွတ်စလင်အဖွဲ့နှစ်ခု ပူးပေါင်းလုပ်ဆောင်တာဖြစ်တယ်လို့ သီရိလင်္ကာအစိုးရက ထုတ်ပြန်ခဲ့ပြီး၊ IS ကတော့ ဆီးရီးယားမှာ နယ်မြေဆုံးရှုံးမှုကို လက်တုန့်ပြန်တဲ့အနေနဲ့ တိုက်ခိုက်မှုကို သူတို့ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့
ပြောကြားခဲ့ပါတယ်။

တိုက်ခိုက်မှုအသေးစိတ်ကို အိန္ဒိယထောက်လှမ်းရေးက သီရိလင်္ကာ အာဏာပိုင်တွေထံ ကြိုတင်သတင်းပေးပို့ခဲ့ပေမယ့် တားဆီးကာကွယ်မှုတွေ မလုပ်ခဲ့ပါဘူး။ သမ္မတ ဆရီဆီနာက ဒီကိစ္စအတွက် ရဲတပ်ဖွဲ့ကို အပြစ်တင်ခဲ့ပေမယ့် သီရိလင်္ကာ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက သူတို့ အချိန်မီ သတင်းပေးပို့ခဲ့ပေမယ့် သမ္မတက လစ်လျူရှုခဲ့တာဖြစ်တယ်လို့ တရားရုံးချုပ်ရဲ့ စုံစမ်းစစ်ဆေးမှုမှာ ထွက်ဆိုထားပါတယ်။

ဒီကိစ္စရဲ့ နောက်ဆက်တွဲအဖြစ် သီရိလင်္ကာနိုင်ငံ မြောက်ပိုင်းမှာ မေလအတွင်းက မွတ်စလင်တွေအပေါ် ပစ်မှတ်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး လူတစ်ချို့သေဆုံးကာ မွတ်စလင်ပိုင် အိမ်တွေ၊ ဆိုင်တွေ၊ ဗလီဝတ်တွေနဲ့ အစီးအနင်းတွေ ဖျက်ဆီးခံခဲ့ရပါတယ်။

Ref: Aljazeera

Comments are closed.