1 year ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
1 year ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
1 year ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
2 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
2 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
2 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
2 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
2 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
2 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
2 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၂၅၊ ၂၀၁၉
M-Media

အီသီယိုးပီးယား စစ်သားများ

-မအောင်မြင်တဲ့ အာဏာသိမ်းမှုအတွင်း သတ်ဖြတ်ခံလိုက်ရသူတွေအတွက် အောက်မေ့ဖွယ်အခမ်းအနားကို အီသီယိုးပီးယားနိုင်ငံက မနေ့မှာ ကျင်းပပြုလုပ်ခဲ့ပြီး အာဏာသိမ်းမှုကို ခေါင်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကိုလည်း ပစ်ခတ်သုတ်သင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံမြောက်ပိုင်း အမ်ဟာရာပြည်နယ်မှာ စနေနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းမှုအတွင်း ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ရှေ့နေချုပ်နဲ့၊ ၀န်ကြီးချုပ်အကြံပေးတို့ သေဆုံးခဲ့ပါတယ်။ နာရီပိုင်းအကြာမှာ မြို့တော် အက်ဒစ် အာဘာဘာက စစ်တပ်အကြီးအကဲအိမ်မှာလည်း သက်တော်စောင့်က သေနတ်နဲ့ပစ်ခတ်လို့ စစ်တပ်အကြီးအကဲနဲ့ အငြိမ်းစားဗိုလ်ချုပ်တစ်ဦး သေဆုံးခဲ့ပါတယ်။

အီသီယိုးပီးယားအစိုးရက တနင်္လာနေ့ကို နိုင်ငံတော် ၀မ်းနည်းဖွယ်နေ့အဖြစ် သတ်မှတ်ခဲ့ပြီး နိုင်ငံအလံကို တစ်ဝက်ချလွှင့်ထူကာ သေဆုံးသူတွေကို ဂုဏ်ပြုခဲ့ပါတယ်။ သေဆုံးသွားသူတွေကို ဗုဒ္ဓဟူးနေ့မှာ နိုင်ငံတော်အခမ်းအနားနဲ့ သင်္ဂြီုဟ်မယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းမှုကို ခေါင်းဆောင်သူဟာ အမ်ဟာရာပြည်နယ်က စစ်တပ်အကြီးအကဲ ဗိုလ်ချုပ် Asamnew Tsige ဖြစ်ပြီး တနင်္လာနေ့က စစ်ဆင်ရေးအတွင်း အသေပစ်ခတ် ဖမ်းဆီးနိုင်ခဲ့တယ်လို့ အီသီယိုးပီးယား အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ Asamnew Tsige ဟာ အရင်ကလည်း အာဏာသိမ်းဖို့ ကြိုးစားမှုအတွက် ထောင်ဒဏ်ကျခံခဲ့ရပြီး သိပ်မကြာခင်ကမှ သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတာပါ။

အာဏာသိမ်းဖို့ ကြိုးစားမှုမှာ ပါဝင်သူ တော်တော်များများကိုလည်း အီသီယိုးပီးယားအစိုးရက ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဖြစ်ပွားခဲ့တဲ့ စနေနေ့ကစလို့ အီသီယိုးပီးယားနိုင်ငံတစ်ဝှမ်းမှာ အင်တာနက်ကို ဖြတ်တောက်ထားပါတယ်။

နိုင်ငံအတွင်း လူများစုဖြစ်တဲ့ တိုင်းရင်းသား လူမျိုးစု ၂ ခု ပူးပေါင်းပြီး အစိုးရကို ဆန့်ကျင်ဆန္ဒပြမှုတွေဟာ အီသီယိုးပီးယားမှာ ပြီးခဲ့တဲ့ ၂ နှစ်အရင်ကတည်းက စတင်ခဲ့ပြီး ၀န်ကြီးချုပ်ဟောင်း Hailemariam Desalegn ရာထူးကနေ နှုတ်ထွက်တဲ့အထိ ဖြစ်ခဲ့ပါတယ်။

လက်ရှိ ၀န်ကြီးချုပ် Abiy Ahmed လည်း ဆန့်ကျင်မှုတစ်ချို့နဲ့ ရင်ဆိုင်နေရပြီး ပြီးခဲ့တဲ့နှစ် ဇွန်လမှာ လက်ပစ်ဗုံးနဲ့ လုပ်ကြံခံရပေမယ့် အသက်ဘေးကနေလွတ်မြောက်ခဲ့ပါတယ်။ အောက်တိုဘာလအတွင်းက စစ်သားတစ်ချို့ဟာ လစာကိစ္စ မကျေနပ်တဲ့အတွက် Abiy Ahmed ရဲ့ ရုံးခန်းကို အတင်းဝင်ရောက်လာမှုတွေ ရှိခဲ့ပေမယ့် အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

Abiy Ahmed ဟာ ၂၀၁၈ ခုနှစ် အာဏာရပြီးနောက်ပိုင်း ဖမ်းဆီးခံထားရတဲ့ အတိုက်အခံတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတာလို နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု တော်တော်များများ လုပ်ဆောင်ခဲ့ပါတယ်။

Ref: Aljazeera

Tags:

Comments are closed.