5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၂၅၊ ၂၀၁၉
M-Media

-ဧပြီလက အီစတာနေ့မှာ နိုင်ငံတစ်ဝှမ်း ဖြစ်ပွားခဲ့တဲ့ အသေခံဗုံးခွဲမှုတွေဟာ IS အကြမ်းဖက်အဖွဲ့နဲ့ ပတ်သက်မှု မရှိဘူးလို့ သီရိလင်္ကာ CID အကြီးအကဲက မနေ့မှာ ပြောကြားလိုက်ပါတယ်။

ခရစ်ယာန်ဘုရားကျောင်း ၃ ခုနဲ့ ဟိုတယ် ၃ ခုအပါအ၀င် နေရာ ၈ နရာမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲမှုတွေကြောင့် လူ ၂၅၀ ကျော် သေဆုံးခဲ့ပြီး ၅၀၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။

သီရိလင်္ကာ ရဲတပ်ဖွဲ့ ရာဇ၀တ်မှု စုံစမ်းစစ်ဆေးရေးဌာန CID အကြီးအကဲ ရာဗီ ဆီနီဗီရတ္တနီဟာ မနေ့က လွှတ်တော်ကော်မတီကို စုံစမ်းစစ်ဆေးမှု ရလဒ် တင်ပြခဲ့ပါတယ်။

ရာဗီက တိုက်ခိုက်မှုတွေလုပ်ခဲ့တဲ့ပြည်တွင်း မွတ်စလင်အစွန်းရောက်အဖွဲ့ NTJ မှာ IS ရဲ့ အတွေးအခေါ်တွေ လွှမ်းမိုးနေပေမယ့် IS က တိုက်ရိုက် ပတ်သက်တာမျိုး မရှိဘူးလို့ ဆိုပါတယ်။

“လုပ်တဲ့သူတွေဟာ IS ရဲ့ အယူအဆကို လက်ခံခဲ့ပေမယ့် သူတို့အချင်းချင်းမှာ အဆက်အသွယ် ရှိတယ်ဆိုတာကို မတွေ့ရပါဘူး”

တိုက်ခိုက်မှုကို သူတို့လုပ်တယ်ဆိုတာမျိုးဖြစ်အောင် NTJ အဖွဲ့ဝင်တွေကို IS က သိမ်းသွင်း
ပြောဆိုခိုင်းခဲ့တယ်လို့လည်း ရာဗီက ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဧပြီ ၂၁ ရက်နေ့တိုက်ခိုက်မှု ဖြစ်ပွားပြီး ၂ ရက် အကြာမှာပဲ NTJ အဖွဲ့ခေါင်းဆောင် ဇဟ်ရန် ဟာရှင်နဲ့ လူအချို့ IS ကို သစ္စာခံတဲ့ ဗီဒီယိုတစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။

CID က ဖွဲ့ပေးထားတဲ့ စုံစမ်းစစ်ဆေးမှုအဖွဲ့မှာ ပါဝင်သူ ရှာနီ အဘီယီဆီကာရာ NTJ ပုန်းခိုရာ နေရာတစ်ခုမှာ ဖောက်ခွဲရေးပစ္စည်း ၁၀၅ ကီလိုဂရမ်ကို အခုနှစ် အစောပိုင်းမှာ ဖမ်းဆီးရမိခဲ့ကြောင်း၊ ဒါတွေသာ မမိဘူးဆိုရင် ပျက်စီးဆုံးရှုံးမှု ပိုမို များပြားနိုင်ကြောင်း ကော်မတီမှာ ပြောကြားခဲ့ပါတယ်။

ရှေ့နောက်မညီ

တိုက်ခိုက်မှုကို ပြည်တွင်း မွတ်စလင်အစွန်းရောက်အဖွဲ့ NTJ က လုပ်ဆောင်တာလို့ အခင်းဖြစ်ပွားပြီး နောက်တစ်ရက်မှာပဲ သီရိလင်္ကာ အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

IS ကလည်း တိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်ပြီး ဆီးရီးယားမှာ နယ်မြေဆုံးရှုံးရမှုကို တုန့်ပြန်တာလို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့တစ်ပတ် သီရိလင်္ကာ သမ္မတရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ တိုက်ခိုက်မှုတွေကို နိုင်ငံတကာ မူးယစ်ခေါင်းဆောင်တွေက လုပ်ဆောင်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဝန်ကြီးချုပ် ရာနီးလ် ၀စ်ကရီဆင်ဟီက သမ္မတရဲ့ ဒီထုတ်ပြန်ချက်ကို ပယ်ချခဲ့ပါတယ်။

တိုက်ခိုက်မှုပြုလုပ်မယ့် အစီအစဉ်နဲ့ပတ်သက်ပြီး အိန္ဒိယထောက်လှမ်းရေးက ကြိုတင် သတိပေးမှုတွေ ရှိခဲ့ပေမယ့် သီရိလင်္ကာ အာဏာပိုင်တွေက ဟန့်တားမှုတွေ မလုပ်ခဲ့ပါဘူး။ တိုက်ခိုက်မှုမဖြစ်ခင် နာရီပိုင်းအလိုမှာလည်း အိန္ဒိယထောက်လှမ်းရေးက ထပ်မံ သတင်းပေးခဲ့ပါတယ်။

သီရိလင်္ကာ ရဲချုပ်ဟောင်း ပူဂျစ် ဂျာယာ ဆွန်ဒါရာနဲ့၊ ကာကွယ်ရေးဝန်ကြီးဟောင်း ဟီမာဆီရီ
ဖာနန်ဒိုတို့ကတော့ ဒီကိစ္စကို တားဆီးဖို့ ပျက်ကွက်မှုအတွက် တရားစွဲဆိုမှု ခံနေရပါတယ်။ သူတို့ နှစ်ဦးစလုံးက တိုက်ခိုက်မှုအတွက် တာဝန်ရှိသူဟာ သမ္မတ မိုင်သရီပါလာ ဆရီဆီနာဖြစ်တယ်လို့ ပြောကြားထားပါတယ်။

သီရိလင်္ကာရှေ့နေချုပ်က လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ထောက်လှမ်းရေးအဖွဲ့တွေရဲ့ လစ်ဟာမှုဟာ
လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု မြောက်တယ်လို့ ပြောကြားထားပါတယ်။

Ref: Aljazeera

Tags:

Comments are closed.