5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၁၂၊ ၂၀၁၉
M-Media


Al-Noor ဗလီဝတ်ကျောင်းတော်

-နော်ဝေနိုင်ငံ မြို့တော် အော်စလို ဆင်ခြေဖုံးက ဗလီဝတ်ကျောင်းတော်တစ်လုံးမှာ စနေနေ့ကသေနတ်သမားတစ်ဦး ၀င်ရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ဒီကိစ္စကို အကြမ်းဖက်ဝါဒအဖြစ် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေတယ်လို့ နော်ဝေ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Al-Noor ဗလီမှာဖြစ်ပြီး အခင်းဖြစ်ပွားချိန်မှာ ဗလီဝတ်ကျောင်းတော်ထဲ လူ ၃ ဦးသာ ရှိပါတယ်။ ဆိုင်ကယ်ဦးထုပ်၊ ကျည်ကာအင်္ကျီတွေ ၀တ်ထားပြီး တစ်လုံးထိုးသေနတ် ၂ လက်၊ ပစ္စတိုတစ်လက် ကိုင်ဆောင်ထားတဲ့ သေနတ်သမားဟာ ဗလီဝတ်ကျောင်းထဲကို ၀င်ရောက်ပစ်ခတ်ခဲ့တာပါ။

အသက် ၆၅ နှစ်အရွယ် မိုဟာမက် ရဖစ်က သေနတ်သမားကို လုံးထွေးသတ်ပုတ်ကာ ဖမ်းဆီးနိုင်ခဲ့တာကြောင့် ပစ်ခတ်မှုအတွင်း ရဖစ်နဲ့ အခြားတစ်ဦးသာ ဒဏ်ရာအနည်းငယ် ရခဲ့ပါတယ်။

သေနတ်သမားက ဘယ်သူလဲ

ရဲတပ်ဖွဲ့က သေနတ်သမားဟာ အသက် ၂၀ အရွယ် နော်ဝေနိုင်ငံသား လူဖြူတစ်ဦးဖြစ်တယ်လို့ ပြောကြားခဲ့ပြီး အမည်ကိုတော့ ထုတ်ပြန်ခြင်းမရှိပါဘူး။ သေနတ်သမားဟာ ဗလီရှိတဲ့ မြို့နယ်မှာပဲ နေထိုင်တာဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ အကြီးအကဲ Rune Skjold သေနတ်သမားကို အရင်က သိရှိထားပေမယ့် ရာဇ၀တ်မှု ကျူးလွန်ဖူးခြင်းမရှိကြောင်း၊ အစွန်းရောက်အမျိုးသားရေးအမြင်တွေ၊ ပြောင်းရွှေ့အခြေချမှု ဆန့်ကျင်ရေးအမြင်တွေ ရှိနေပြီး ဒုတိယကမ္ဘ္ဘာစစ်က နာဇီတို့ နော်ဝေကို သိမ်းပိုက်စဉ် အုပ်ချုပ်ရတဲ့ အစိုးရအဖွဲ့ခေါင်းဆောင် Vidkun Quisling ကို ထောက်ခံသူဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ပစ်ခတ်မှုမလုပ်ခင် အွန်လိုင်းဖိုရမ်တစ်ခုမှာ ရေးသားခဲ့တဲ့ သေနတ်သမားရဲ့စာမှာ မတ်လအတွင်း နယူးဇီလန်နိုင်ငံ ခရိုက်ချက်မြို့က ဗလီနှစ်လုံးကို ၀င်ပစ်တဲ့ သေနတ်သမားကို ချီးကျူးခဲ့တယ်လို့ နော်ဝေမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

လူမျိုးရေးစစ်ပွဲ ဆင်နွှဲရမယ်လို့လည်း သူက ထည့်သွင်းရေးသားခဲ့ပါတယ်။ နော်ဝေအာဏာပိုင်တွေက ပစ်ခတ်မှုကို သူတစ်ယောက်တည်း ကျူးလွန်ပုံရတယ်လို့ ထုတ်ပြန်ထားပါတယ်။

သေနတ်သမားနေတဲ့အိမ်မှာ အသက် ၁၇ နှစ်အရွယ် ဖအေတူမအေကွဲညီမ အသတ်ခံထားရတာကိုလည်း ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပါတယ်။ လက်ရှိမှာ သေနတ်သမားကို လူသတ်မှု၊ လူသတ်ရန် ကြိုးပမ်းမှုတွေနဲ့ စွဲချက်တင်ထားပါတယ်။

“အကြမ်းဖက်ဖို့ ကြိုးစားမှုအဖြစ် သတ်မှတ်ပြီး ဒီကိစ္စကို ကျွန်တော်တို့ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပါတယ်” လို့ ရဲအရာရှိ Rune Skjold က ပြောကြားခဲ့ပါတယ်။

သူရဲကောင်း အဖိုးအို


မိုဟာမက် ရဖစ်

သေနတ်သမားဟာ ဗလီထဲကို ၀င်ရောက်ပစ်ခတ်တဲ့အချိန် အသက် ၆၅ နှစ်အရွယ် မိုဟာမက် ရဖစ်က ၀င်ရောက်လုံးထွေးကာ ဖမ်းဆီးနိုင်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရမှု မများခဲ့တာ ဖြစ်ပါတယ်။

ရဖစ်ဟာ ပါကစ္စတန်လေတပ်က အငြိမ်းစားအရာရှိတစ်ဦးလည်းဖြစ်ပါတယ်။

“ရုတ်တရက် အပြင်ကနေ သေနတ်သံကြားလိုက်တယ်။ ဗလီထဲက အခြားအမျိုးသားနှစ်ဦးကို
သူ စပစ်တာပါ” လို့ ရဖစ်က ပြောကြားခဲ့ပါတယ်။

အဲဒီနောက် ရဖစ်က သေနတ်သမားကို ဖမ်းချုပ်ကာ မြေပြင်ပေါ်လှဲချပြီး လက်နက်တွေကို သေနတ်သမားထံကနေ ဖယ်ရှားနိုင်ခဲ့ပါတယ်။

ဝေဖန်မှုရှိ

အခင်းဖြစ်ပွားရာ Al-Noor ဗလီဝတ်ကျောင်းတော်ရဲ့ ဒါရိုက်တာဖြစ်သူ မွတ်ရှ်တက်က အစိုးရအနေနဲ့ အရေးယူဆောင်ရွက်မှုတွေ ပိုမိုလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“မွတ်စလင်တွေဟာ တိုင်းပြည်အတွက် အကြီးမားဆုံး အန္တရာယ်လို့ ရဲတပ်ဖွဲ့က နှစ်တော်တော်ကြာ ပြောကြားခဲ့တာပါ။ ဒါပေမယ့် တိုင်းပြည်က ကြီးကြီးမားမား အကြမ်းဖက်တိုက်ခိုက်မှု ၂ ခုကို ကြည့်ရင် မွတ်စလင်တွေလုပ်တာ မဟုတ်ဘူးဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်”

နော်ဝေနိုင်ငံ ယူတိုယာကျွန်းမှာ ၂၀၁၁ ခုနှစ် ဇူလိုင်လက အကြမ်းဖက် တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူ ၇၇ ဦး သေဆုံးခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကို ကျူးလွန်သူဟာ အစွန်းရောက် အမျိုးသားရေးဝါဒီ လူဖြူအမျိုးသား Anders Behring Breivik ဖြစ်ပါတယ်။ သူဟာ လေဘာပါတီရဲ့ လူငယ်အဖွဲ့တွေ့ဆုံပွဲမှာ သေနတ်နဲ့ ၀င်ရောက်ပစ်ခတ်ပြီး၊ နောက်ပိုင်းမှာ ဗုံးတစ်လုံးကိုပါ ဖောက်ခွဲခဲ့ပါတယ်။

နော်ဝေ အစ္စလာမ့်မစ်ကောင်စီက Al-Noor ဗလီမှာ အခုတိုက်ခိုက်မှုဟာ နိုင်ငံအတွင်း မွတ်စလင်မုန်းတီးရေး လှုံ့ဆော်မှုတွေကို ခွင့်ပြုခဲ့တဲ့ရလဒ် ဖြစ်ပြီး၊ အာဏာပိုင်တွေဟာ ဒီကိစ္စကို ထိထိရောက်ရောက် ဟန့်တားခဲ့ခြင်း မရှိဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

နော်ေ၀၀န်ကြီးချုပ် Erna Solberg က နိုင်ငံအတွင်းမှာ ရှိနေတဲ့ အမုန်းတရားတွေ၊ မွတ်စလင်ဆန့်ကျင်ရေး သဘောထားတွေကို တိုက်ဖျက်ပစ်ရမယ်လို့ ပြောကြားခဲ့ပါတယ်။

Ref: BBC, Aljazeera

Comments are closed.