5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၂၁၊ ၂၀၁၉
M-Media

အိန္ဒိယ၀န်ကြီးချုပ် မိုဒီ

-လက်ရှိဖြစ်ပွားနေတဲ့ ကက်ရှ်မီးယားပြဿနာအတွက် အိန္ဒိယကို နိုင်ငံတကာ တရားရေးခုံရုံးအထိ ခေါ်ဆောင်သွားမယ်လို့ ပါကစ္စတန်က ပြောကြားလိုက်ပါတယ်။

အိန္ဒိယဟာ သူတို့ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အခုလအစောပိုင်းမှာ ရုပ်သိမ်းပြီး ဒေသနှစ်ခုခွဲကာ ဗဟိုအစိုးရလက်အောက်မှာထားဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒေသတွင်းမှာ ညမထွက်ရအမိန့်ထုတ်ပြန်တာ၊ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်တာ၊ လူတွေကို ဖမ်းဆီးထိန်းသိမ်းတာတွေလည်း အိန္ဒိယက လုပ်ဆောင်နေပါတယ်။

ပါကစ္စတန်က အိန္ဒိယရဲ့ ဒီလုပ်ရပ်ကို ရှုတ်ချကြောင်း ပြောဆိုထားပြီး ကုန်သွယ်ရေး၊ ပို့ဆောင်ရေးလမ်းကြောင်းတွေ ဖြတ်တောက်ကာ သံတမန်တွေလည်း နှင်ထုတ်ခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ရှားမိုဟာမက် ကိုရိုက်ရှီက လက်ရှိ ကက်ရှ်မီးယား ပြဿနာကို နိုင်ငံတကာတရားရေးရုံးကို တင်ပြသွားမယ်လို့ မနေ့က ARY News TV နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

“ကက်ရှ်မီးယားကိစ္စ နိုင်ငံတကာတရားရေးရုံးကိုတင်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ထားပါတယ်။ တရားရေးဆိုင်ရာ ရှုထောင့်ပေါင်းစုံက သုံးသပ်ပြီးတော့ ဒီလို ဆုံးဖြတ်ချက် ချမှတ်ရတာ ဖြစ်ပါတယ်”

အိန္ဒိယရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အဓိကထားပြီး တင်ပြသွားမယ်လို့လည်း ကိုရိုက်ရှီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

အိန္ဒိယနဲ့ ပါကစ္စတန်အကြား ကက်ရှ်မီးယားဒေသ ပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ နှစ်ပေါင်း ၆၀ အငြင်းပွားခဲ့ပြီး စစ်ပွဲလည်း ၂ ကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့ပါတယ်။ လက်ရှိမှာတော့ ကက်ရှ်မီးယားဒေသရဲ့ တစ်ဝက်စီကို ထိန်းချုပ်ထားကြပါတယ်။

ကက်ရှ်မီးယားမှာ အိန္ဒိယရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး ကမ္ဘ္ဘာ့အသိုင်းအဝိုင်းကလည်း စိုးရိမ်ကြောင်း ပြောကြားထားပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီကို ဖုန်းခေါ်ဆိုကာ အိန္ဒိယ-ပါကစ္စတန် နှစ်ဖက်ဖြေရှင်းရမယ့် ကိစ္စလို့ ပြောဆိုခဲ့သလို၊ ပြင်သစ်သမ္မတ အီမန်နျူယဲလ် မာခရွန်ကလည်း အခုတစ်ပတ် ပဲရစ်မှာ မိုဒီနဲ့တွေ့ဆုံစဉ် ဒီကိစ္စကို ဆွေးနွေးဖို့ ရှိနေပါတယ်။

Ref: BBC

Comments are closed.