12 months ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
1 year ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
1 year ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
2 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
2 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
2 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
2 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
2 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
2 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
2 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၂၂၊ ၂၀၁၉
M-Media

ပေါ့ဘာ လူမျိုးရေးခွဲခြားခံရသည့်ကိစ္စ မန်ယူနှင့် Twitter တွေ့ဆုံမည်
=====================
မန်ချက်စတာယူနိုက်တက်အသင်း ကွင်းလယ်လူ ပေါ့ဘာ Twitter မှာလူမျိုးရေး ခွဲခြားစော်ကားခံရတာနဲ့ပတ်သက်ပြီး မန်ယူအသင်းတာဝန်ရှိသူတွေနဲ့တွေ့ဆုံဖြေရှင်းပေးမယ်လို့ Twitter က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်အတွင်း ဆိုရှယ်မီဒီယာမှာ လူမျိုးရေးခွဲခြားခံရတဲ့ ဘောလုံးကစားသမား ၃ ဦးအထိ ရှိခဲ့ပါတယ်။

ဆိုရှယ်မီဒီယာတွေဟာ လူမျိုးရေးခွဲခြားတဲ့ ရေးသားမှုတွေကို ထိထိရောက်ရောက် ဟန့်တားခြင်းမရှိဘူးဆိုတဲ့ ဝေဖန်သံတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ Twitter ကတော့ မိမိတို့အနေနဲ့ အဲဒီလိုခွဲခြားမှုတွေကို ရှုတ်ချပြီး၊ မိမိတို့ ပလက်ဖောင်းပေါ်မှာလည်း ဒီအရေးအသားတွေကို နေရာပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

အာရှအတွက် ပွဲများကို စောစောကစားရန် ဂျူဗင်တပ်စ်အသင်း Serie A ကို တောင်းဆို
===================
တရုတ်နိုင်ငံနဲ့ အရှေ့တောင်အာရှမှာ ထိုးဖောက်နိုင်ရေး ပွဲချိန်တွေကိုစောစောကစားဖို့အတွက် ဂျူဗင်တပ်စ်အသင်းက စီးရီးအေတာဝန်ရှိသူတွေကိုတောင်းဆိုလိုက်ပါတယ်။ ၂၀၁၉-၂၀၂၀ စီးရီးအေ ရာသီသစ်ကို စနေနေ့မှာစတင်မှာဖြစ်ပြီး ပထမ ၂ ပတ်အတွင်းကစားမယ့် ပွဲစဉ်တွေအားလုံးဟာ အာရှမှာသန်းခေါင်ယံနဲ့ မနက်အစောပိုင်းအချိန်တွေ ဖြစ်နေမှာပါ။ ဂျူဗင်တပ်စ်အသင်းရဲ့ တာဝန်ရှိသူ ဂရီဂေါ်ရီ ရီစီက ပရီးမီးယားလိဂ်နဲ့ စီးရီးအေတို့အကြား ကွာခြားမှုတွေမှာ ပွဲကစားတဲ့အချိန်လည်း ပါဝင်ကြောင်း၊ ပြည်တွင်း ပရိတ်သတ်နဲ့ ပြည်ပပရိတ်သတ်တွေအကြား ပွဲချိန်ကို ဟန်ချက်ညီအောင် ဆောင်ရွက်ရမယ်လို့ ပြောကြားခဲ့ပါတယ်။

ဘက်ခမ်းဘောလုံးကွင်းဆောက်မည့်နေရာတွင် အာဆင်းနစ်အဆိပ်သင့်နေ
==================
အမေရိကန်မေဂျာလိဂ်မှာ အင်္ဂလန်ကွင်းလယ်လူဟောင်း ဒေးဗစ်ဘက်ခမ်းပိုင်ဆိုင်တဲ့ Inter Miami အသင်းရဲ့ ကွင်းဆောက်မယ့်နေရာမှာ အားဆင်းနစ် အဆိပ်သင့်မှုဖြစ်နေတဲ့အတွက် အာဏာပိုင်တွေက ပိတ်ထားလိုက်ပါတယ်။ မိုင်ယာမီမြို့က Melreese ဂေါက်ကွင်းမှာ ဘောလုံးကွင်း၊ ရှော့ပင်းမောလ်၊ ဟိုတယ်နဲ့ ပန်းခြံ စသဖြင့် ကန်ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိတဲ့ စီမံကိန်း ဆောင်ရွက်ဖို့ လျားထားတာဖြစ်ပါတယ်။ မိုင်ယာမီ အာဏာပိုင်တွေက မြေကြီးမှာရှိတဲ့ အာဆင်းနစ်ဓာတ်ဟာ ၂ ဆကျော်နေတဲ့အတွက် ပြည်သူလူထုကို ထိခိုက်စေနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

Ref: BBC

Comments are closed.