5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၂၇၊ ၂၀၁၉
M-Media

ဇွန်လအတွင်းက ကန်ဒီမြို့တွင် ပြုလုပ်ခဲ့သည့် အစွန်းရောက်အဖွဲ့ BBS ၏ ချီတက်ဆန္ဒပြမှု

-အီစတာနေ့ အသေခံဗုံးခွဲတိုက်ခိုက်မှုနောက်ပိုင်း နိုင်ငံတစ်ဝှမ်း မွတ်စလင်ဆန့်ကျင်ရေး အရှိန်မြင့်လာမှုအပေါ် ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ဖို့ ကုလရဲ့ ဘာသာရေးဆိုင်ရာ အထူးကိုယ်စားလှယ် အဟ်မဒ် ရှာဟစ်က သီရိလင်္ကာ အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ဧပြီလအတွင်းက ခရစ်ယာန်ဘုရားကျောင်း ၃ ခုနဲ့ ဟိုတယ် ၃ ခုအပါအ၀င် နေရာ ၈ မှာ ဖြစ်ပွားခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူ ၂၅၀ သေဆုံးခဲ့ပြီး ၅၀၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။

တိုက်ခိုက်မှုတွေကို ပြည်တွင်းအခြေစိုက် မွတ်စလင်အစွန်းရောက်အဖွဲ့ငယ်တစ်ခုက လုပ်ဆောင်တာလို့ သီရိလင်္ကာအစိုးရက သတင်းထုတ်ပြန်ခဲ့ပြီး IS အကြမ်းဖက်အဖွဲ့ကလည်း ဆီးရီးယားမှာ နယ်မြေဆုံးရှုံးတဲ့အတွက် လက်တုန့်ပြန် တိုက်ခိုက်တာလို့ ပြောကြားခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုနောက်ပိုင်း သီရိလင်္ကာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တွေအပေါ် မုန်းတီးရေးလှုပ်ရှားမှုဟာ အရင်ကထက် ပိုမိုအားကောင်းလာခဲ့ပြီး အစ္စလာမ်ဘာသာဝင်တွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေလည်း မေလက ဒေသအချို့မှာ ဖြစ်ပွားခဲ့ပါတယ်။

သီရိလင်္ကာကို ၁၂ ရက်ကြာ သွားရောက်လေ့လာခဲ့ပြီးတဲ့နောက် ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ကုလ အထူးကိုယ်စားလှယ်က နိုင်ငံအတွင်း ဘာသာရေးလူ့အဖွဲ့အစည်းတွေ ကြားထဲမှာ ယုံကြည်မှု ပျောက်ဆုံးတာတွေ ဆိုးဆိုးဝါးဝါး ဖြစ်လာတယ်လို့ ဖော်ပြထားပါတယ်။

“ဗုံးခွဲမှုတွေပြီးတဲ့နောက် အစိုးရက အခြေအနေကို အလျင်အမြန် ထိန်းချုပ်နိုင်အောင် ဆောင်ရွက်ခဲ့ပေမယ့် ဘာသာရေးအစွန်းရောက်တစ်ချို့က မုန်းတီးရေး၊ အကြမ်းဖက်ရေး လှုံ့ဆော်နေတာကြောင့် ဘာသာရေးလူနည်းစုတော်တော်များများ သူတို့ရဲ့ လုံခြုံရေးအတွက် အလွန်အမင်း စိုးရိမ်နေဆဲပါ”

သီရလင်္ကာနိုင်ငံက ထိပ်တန်းဘုန်းကြီးတစ်ပါးဖြစ်တဲ့ Warakagoda Sri Gnanarathana ဟာ ဇွန်လက တရားပွဲတစ်ခုမှာ အစ္စလာမ်ဘာသာဝင်တွေကို ကျောက်ခဲနဲ့ ထုသတ်ရမယ်လို့ ဟောခဲ့ပါတယ်။ မွတ်စလင်ဒေါက်တာတွေဟာ ဗုဒ္ဓ ဘာသာအမျိုးသမီးတွေကို ကလေးမရအောင် လုပ်နေတယ်ဆိုတဲ့ ဝါဒဖြန့်မှုကို ထပ်ဆင့်ဝါဒဖြန့်ပြီး အကြမ်းဖက်သတ်ဖြတ်ဖို့ တိုက်တွန်းခဲ့တာပါ။

ကုလအထူးကိုယ်စားလှယ် ရှာဟစ်ကတော့ ထိန်းချုပ်နိုင်ခြင်းမရှိတဲ့ ဆိုရှယ်မီဒီယာတွေကနေတစ်ဆင့် မွတ်စလင်ဆန့်ကျင်ရေး ဝါဒဖြန့်မှုတွေ၊ နိုင်ငံရေး အသာရဖို့ ဘာသာရေးမှိုင်းတိုက်မှုတွေကို အစိုးရက ထိထိရောက်ရောက် အရေးယူဖို့လိုကြောင်း၊ ဒီလို မလုပ်ဘူးဆိုရင် အစွန်းရောက်ဝါဒကြောင့် နိုင်ငံအတွင်း ငြိမ်းချမ်းရေးတည်ဆောက်မှုကို ထိခိုက်နိုင်ကြောင်း ထည့်သွင်း သတိပေးခဲ့ပါတယ်။

ပေါ့ပေါ့တန်တန် သဘောထား

သီရိလင်္ကာနိုင်ငံရဲ့ လူဦးရေ ၂၂ သန်းမှာ ၇၀ ရာခိုင်နှုန်းကျော်က ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပြီး အစ္စလာမ်ဘာသာဝင်တွေက ၁၀ ရာခိုင်နှုန်းသာ ရှိပါတယ်။

ခွဲထွက်ရေးလိုလားတဲ့ တမီလ်ကျားသူပုန်တွေနဲ့ ပြည်တွင်းစစ် အဆုံးသတ်ပြီးနောက်ပိုင်း နိုင်ငံအတွင်းက ဘာသာရေးလူနည်းစုတွေအပေါ် ဗုဒ္ဓဘာသာအစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုတွေဟာ ပိုမို မြင့်တက်လာခဲ့ပါတယ်။

အထူးသဖြင့် မွတ်စလင်တွေနဲ့ ခရစ်ယာန်တွေဟာ ဒီတိုက်ခိုက်မှုတွေကို အဓိက ခံစားခဲ့ရပြီး ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်တွေမှာ မွတ်စလင်တွေအပေါ် အကြမ်းဖက် တိုက်ခိုက်မှုတွေ အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်။

တိုက်ခိုက်မှုတွေကို ဘုန်းကြီးတွေ ဦးဆောင်တဲ့ ဗုဒ္ဓဘာသာ အစွန်းရောက်အဖွဲ့တွေက လုပ်ဆောင်တယ်ဆိုတဲ့ စွပ်စွဲမှုတွေလည်း ကျယ်ကျယ်ပြန့်ပြန် ထွက်ပေါ်ခဲ့ပါတယ်။

ရှာဟစ်က သီရိလင်္ကာအစိုးရဟာ ဒီလို အကြမ်းဖက်တိုက်ခိုက်မှုတွေကို ပေါ့ပေါ့တန်တန်ပဲ သဘောထားနေပြီး ဒါမျိုးမလုပ်ဖို့ သတိပေးခဲ့ပါတယ်။

“ရန်လို မစ္ဆရိယအမူအကျင့်တွေဟာ အီစတာတိုက်ခိုက်မှုနဲ့ နောက်ဆက်တွဲ အကြမ်းဖက်မှုတွေ ဖြစ်မလာခင် အချိန်အတော်ကြာကတည်းက တိုင်းပြည်မှာ ရှိနေတာ ဖြစ်ပါတယ်”

နိုင်ငံရေးအတွက် ဘာသာရေးမှိုင်းတိုက်တာ၊ ဘာသာလူမျိုး အမှတ်သညာကို ခွဲခြားထားတဲ့ ပညာရေးစနစ်မျိုး ရှိနေတာ၊ အရင်က ဘာသာရေးအကြမ်းဖက်မှု ကျူးလွန်သူတွေကို အရေးယူမှု မရှိတာတွေကိုလည်း ကုလ အထူးကိုယ်စားလှယ်က ထောက်ပြခဲ့ပါတယ်။

ဒီလို အရေးမယူတာတွေကြောင့် မွတ်စလင်ဆန့်ကျင်ရေး အုပ်စုတွေဟာ အတင့်ရဲလာတယ်လို့လည်း သူက ဆိုပါတယ်။

“ပြည်သူအားလုံးရဲ့ အခွင့်အရေးကို ကာကွယ်ပေးနိုင်မယ့်၊ ဘာသာလူမျိုးမကြည့်ဘဲ ကျူးလွန်သူတွေကို အရေးယူနိုင်မယ့် ဆောင်ရွက်မှုမျိုးတွေကို ထိထိရောက်ရောက် ဖော်ဆောင်ရမယ့်အချိန် တန်နေပါပြီ”

အမုန်းဆောင်အဖွဲ့တွေကို ဖြိုခွင်းဖို့၊ အမုန်းဝါဒဖြန့်မှုတွေကို ရှုတ်ချဖို့၊ လူမျိုးရေးခွဲခြားတဲ့ သင်ကြားမှုတွေကို ရပ်ဆိုင်းဖို့လည်း ရှာဟစ်ရဲ့ အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။ ရှာဟစ်ဟာ သီရိလင်္ကာက သူ့ရဲ့ တွေ့ရှိချက်တွေကို ၂၀၂၀ ခုနှစ် မတ်လမှာ ပြုလုပ်မယ့် ကုလ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ တင်သွင်းမှာ ဖြစ်ပါတယ်။

သီရိလင်္ကာအစိုးရကတော့ ရှာဟစ်ရဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

Ref: Aljazeera

Comments are closed.