5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၅၊ ၂၀၁၉
M-Media

၂၀၀၇ ခုနှစ်တွင် နိုင်ငံတကာ အာကာသစခန်းကို သွားရောက်ခဲ့သည့် မလေးရှား အာကာသယာဉ်မှူး မူဇာဖာရ် ရှူကူရ်

-အာကာသကဏ္ဍအပါအ၀င် ရုရှားထံကနေ နည်းပညာတွေ ရယူဖို့အတွက် မလေးရှားက စိတ်ဝင်စားနေတယ်လို့ ရုရှားမီဒီယာ Spuntik က ဖော်ပြခဲ့ပါတယ်။

ရုရှားနိုင်ငံကို ရောက်ရှိနေတဲ့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်ဟာ ဒီကနေ့ ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်နဲ့ တွေ့ဆုံစဉ်မှာ ဒီကိစ္စကို ဆွေးနွေးခဲ့ကြတာပါ။ မဟာသီက အရှေ့တောင်အာရှမှာ ရုရှားရဲ့ သြဇာကြီးမားရေး ကူညီပေးမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ရုရှားရဲ့ အာကာသနည်းပညာကို မလေးရှားက စိတ်ဝင်စားမှုဟာ အခုအကြိမ်က ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ အရင်ကလည်း Angkasawan အမည်နဲ့ အာကာသ စီမံကိန်းကို ရုရှားနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ဖူးပြီး မလေးရှားနိုင်ငံသား အာကာသယာဉ်မှူး တစ်ဦးကို Soyuz TNMA-11 အာကာသယာဉ်နဲ့ နိုင်ငံတကာအာကာသစခန်း (ISS) ကို စေလွှတ်ခဲ့ဖူးပါတယ်။

Angkasawan စီမံကိန်းကို မဟာသီ မလေးရှားဝန်ကြီးချုပ်အဖြစ် ပထမအကြိမ် တာဝန်ထမ်းဆောင်စဉ်မှာ ဆောင်ရွက်ခဲ့တာပါ။ မလေးရှားလေတပ်အတွက် ရုရှားထုတ် တိုက်လေယာဉ်တွေ ၀ယ်ယူမှု ပြီးတဲ့နောက် ပေါ်ပေါက်လာခဲ့တဲ့ အဲဒီအစီအစဉ်မှာ မလေးရှားနိုင်ငံသား ၂ ဦးကို အာကာသခရီးစဉ်အတွက် ရုရှားနိုင်ငံမှာ လေ့ကျင့်ပေးခဲ့ပြီး အဲဒီအထဲကတစ်ဦးဟာ ၂၀၀၇ ခုနှစ် အောက်တိုဘာလမှာ ISS ကို သွားရောက်ခဲ့ပါတယ်။

ဒီကနေ့တွေ့ဆုံစဉ် ရုရှားသမ္မတ ပူတင်က မလေးရှားဟာ အာရှမှာ မိမိတို့ရဲ့ ဦးစားပေး မိတ်ဖက်နိုင်ငံဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ရပ်ကို ထူထောင်ထားနိုင်တဲ့အတွက် ၀မ်းသာကြောင်း ပြောကြားခဲ့ပါတယ်။

Ref : Malay Mail

Tags:

Comments are closed.