5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၁၃၊ ၂၀၁၉
M-Media

နယူးဇီလန်ဝန်ကြီးချုပ်ကို လွှတ်တော်၌ တွေ့ရစဉ်

-ဥပဒေ အားနည်းချက်ကြောင့် လူဖြူအမျိုးသားရေးအစွန်းရောက်တွေ ဆီမီးအော်တို သေနတ် ပိုင်ဆိုင်နိုင်တာကို တွေ့ရှိခဲ့ပြီးတဲ့နောက် နယူးဇီလန်က လက်နက်ကိုင်ဆောင်မှု ဥပဒေကို ထပ်မံ တင်းကြပ်ဖို့ စီစဉ်နေပါတယ်။

သေနတ်ကိုင်ဆောင်ခွင့် ထပ်မံတင်းကြပ်မယ့် ဥပဒေတစ်ခုကို ၀န်ကြီးချုပ် ဂျာဆင်ဒါ အာရ်ဒန်က ဒီကနေ့ လွှတ်တော်မှာ ကြေငြာလိုက်တာပါ။

မတ်လ ၁၅ ရက်နေ့က ခရိုက်ချက်မြို့မှာရှိတဲ့ ဗလီနှစ်လုံးကို လူဖြူအစွန်းရောက်တစ်ဦးက ၀င်ရောက်အကြမ်းဖက်မှုကြောင့် လူ ၅၁ ဦးသေဆုံးတဲ့ ဖြစ်ရပ်အပြီး ၆ လအကြာမှာ နယူးဇီလန်က သေနတ်ကိုင်ဆောင်ခွင့် ဥပဒေကို ဒုတိယမြောက် တင်းကြပ်တာလည်း ဖြစ်ပါတယ်။

” သေနတ်ကိုင်တယ်ဆိုတာ အခွင့်အရေး မဟုတ်ပါဘူး။ အခွင့်ထူးပါ။ တိုက်ခိုက်မှုကြောင့် ဥပဒေအားနည်းချက်တွေကို သိလာရပြီး ပြင်ဆင်ဖို့လည်း ကျွန်မတို့မှာ စွမ်းအား ရှိနေပါတယ်။ ဒါကို မဖြေရှင်းဘူးဆိုရင် ကျွန်မတို့ဟာ တာဝန်ခံမှုရှိတဲ့အစိုးရ ဖြစ်လာမှာ မဟုတ်ပါဘူး” လို့ ဒီကနေ့ ဥပေဒမူကြမ်း တင်သွင်းမှုမှာ အာရ်ဒန်က ပြောကြားခဲ့ပါတယ်။

မူကြမ်းမှာ ‘တရားဝင် လက်နက်ကိုင်ဆောင်သူတိုင်းကို စာရင်းပြုစုထားပြီး စောင့်ကြည့်ရမယ်’ ဆိုတဲ့အချက်၊ သေနတ်ကိုင်ဆောင်ခွင့်လိုင်စင်ကို အရင်က ၁၀ နှစ်တစ်ကြိမ် သက်တမ်းတိုးရာကနေ ၅ နှစ်တစ်ကြိမ် သက်တမ်းတိုးရမယ်ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။

အချက်အလက် အသေးစိတ်ကို အများပြည်သူ သိရှိအောင် နယူးဇီလန်အစိုးရကထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ မူကြမ်းဆွေးနွေးမှုကို နယူးဇီလန်လွှတ်တော်က စက်တင်ဘာ ၂၄ ရက်နေ့မှာ စတင်လုပ်ဆောင်မှာပါ။

ခရိုက်ချက်မြို့ကဗလီတွေ တိုက်ခိုက်ခံရမှုနောက်ပိုင်း သီတင်းပတ်အနည်းငယ် အကြာမှာပဲ နယူးဇီလန်လွှတ်တော်ဟာ စစ်တပ်သုံး ဆီးမီးအော်တိုသေနတ်တွေ ကိုင်ဆောင်ခွင့် ပိတ်ပင်တဲ့ ဥပဒေတစ်ခုကို ပြဌာန်းခဲ့ပါတယ်။

လူဦးရေ ၅ သန်းအောက်သာရှိတဲ့ နယူးဇီလန်နိုင်ငံမှာ လက်နက်ပေါင်း ၁.၅ သန်းလောက် ပြန့်နှံ့နေပြီး အရပ်သားတွေ သေနတ်ကိုင်ဆောင်မှုအများဆုံးနိုင်ငံတွေစာရင်းမှာ အဆင့် ၁၇ နေရာ ရှိနေပါတယ်။

အကြမ်းဖက်မှု ၆ လပြည့်အဖြစ် ခရိုက်ချက်မြို့ကိုရောက်နေတဲ့ အာရ်ဒန်က တိုက်ခိုက်မှုကြောင့် ထိခိုက်ခံစားရသူတွေရဲ့ စိတ်ဒဏ်ရာကို ကုသနိုင်ရေး ငွေကြေး ပိုမိုသုံးစွဲသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

Ref: Aljazeera

Comments are closed.