5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၁၄၊ ၂၀၁၉
M-Media

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု

-အစ္စရေးဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အိမ်ဖြူတော်က တာဝန်ရှိသူတွေရဲ့ ဖုန်းတွေကို ခြေရာခံကာ လျှို့ဝှက်ထောက်လှမ်းနေတယ်လို့ အမေရိကန် နိုင်ငံရေးဂျာနယ်တစ်ခုဖြစ်တဲ့ Politico က စက်တင်ဘာ ၁၂ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။

အိမ်ဖြူတော်အတွင်းနဲ့ အနီးအနားတစ်ဝိုက်က နေရာတွေမှာ ဖုန်းကြားဖြတ်နားထောင်တဲ့ ကိရိယာတွေထားပြီး ထောက်လှမ်းနေတာလို့ဆိုပါတယ်။ အစ္စရေးဟာ အရင်ကလည်း သူလျှိုတွေလွှတ်ကာ အမေရိကန်အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို လျှို့ဝှက်ထောက်လှမ်းတဲ့သမိုင်း ရှိခဲ့ဖူးပါတယ်။

အခုသတင်းကိုတော့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ ၂ ဦးစလုံးက ငြင်းဆိုခဲ့ပါတယ်။

အာဏာပိုင်တွေ အတည်ပြု

အစ္စရေးက သမ္မတထရမ့်အပါအ၀င် အိမ်ဖြူတော် တာဝန်ရှိသူတွေရဲ့ ဖုန်းတွေကို ကြားဖြတ်နားထောင်တယ် ဆိုတဲ့သတင်းကို အွန်လိုင်းသတင်းဌာန အမေရိကန် ထောက်လှမ်းရေးဌာန FBI နဲ့ အခြား အမေရိကန်အစိုးရ အေဂျင်စီက တာဝန်ရှိသူတွေရဲ့ ပြောကြားမှုကို ကိုးကားပြီး အခုတစ်ပတ်မှာ Politico ဂျာနယ်က ဖော်ပြခဲ့ပါတယ်။

နိုင်ငံရပ်ခြားက သူလျှိုလုပ်ငန်း လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းတွေကို အမေရိကန်အာဏာပိုင်တွေက စုံစမ်းဖော်ထုတ်ရာမှာ ဖုန်းခေါ်ဆိုမှု ကြားဖြတ်နားထောင်တဲ့စက် StingRay တွေကို ဝါရှင်တန်မြို့ မြို့လယ်ကောင်မှာ ၂၀၁၇ ခုနှစ်က တွေ့ရှိခဲ့ပါတယ်။

FBI နဲ့ အမေရိကန်အစိုးရ အေဂျင်စီက မှုခင်းဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ဒါဟာ အစ္စရေးထောက်လှမ်းရေးအေးဂျင့်တွေရဲ့ လက်ချက်ဆိုတာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။

“ဒါတွေဟာ အစ္စရေးရဲ့လက်ချက်ဆိုတာ သိပ်ကို ထင်ရှားပါတယ်” လို့ အမည်မဖော်လိုသူ အမေရိကန်တာဝန်ရှိသူတစ်ဦးက Politico ကို ပြောကြားခဲ့ပါတယ်။

နောက်ထပ် တာဝန်ရှိသူတစ်ဦးကလည်း ဒီကိရိယာတွေဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊သူ့ရဲ့အကြံပေးတွေ၊ နီးစပ်သူတွေကို ပစ်မှတ်ထားတာဖြစ်ပြီး အောင်မြင်လားဆိုတာ မသေချာဘူးလို့ ဆိုပါတယ်။

စုံစမ်းမှုရလဒ် ပေါ်ထွက်လာပြီးတဲ့နောက် ထရမ့်ဟာ ဒီကိစ္စအတွက် ဘယ်လိုအရေးယူမှုမှ မလုပ်ခဲ့သလို၊ အစ္စရေးခေါင်းဆောင်တွေကို သတိပေးတာမျိုးတောင်မရှိဘူးလို့လည်း အမေရိကန်ထောက်လှမ်းရေး တာဝန်ရှိသူဟောင်းတစ်ဦးက ပြောပါတယ်။

StingRay ဆိုတာဘာလဲ


StingRay ကိရိယာ၏ လုပ်ဆေင်မှု

ဖုန်းလိုင်းမိနေတယ်လို့ အသုံးပြုသူတွေ ထင်ယောင်ထင်မှားဖြစ်အောင်လုပ်ကာ ဆက်သွယ်မှုတွေ အချက်အလက်တွေကို စောင့်ကြည့်ရာယူတဲ့စက်ဖြစ်ပြီး IMSI ကိရိယာလို့ လူသိများပါတယ်။

ဒီစက်ကို များသောအားဖြင့် ရဲတပ်ဖွဲ့မှာ အသုံးပြုကြတာပါ။ ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို လုပ်တဲ့အခါ သံသယရှိသူတွေရဲ့ ဖုန်းတွေကို ဒီစက်နဲ့ ကြားဖြတ်နားထောင်တာ၊ မက်ဆေ့ခ်ျ၊ Contacts နဲ့ တည်နေရာအချက်အလက်တွေ ရယူတာမျိုး လုပ်ကြပြီး ၀ရမ်းမပါဘဲနဲ့ ဒီစက်ကိုအသုံးပြုတဲ့အတွက် ဝေဖန်သူမှုလည်း ရှိနေပါတယ်။

စက်ရဲ့ခြိမ်းခြောက်နိုင်စွမ်းကို စစ်ဆေးဖော်ထုတ်တဲ့ စီမံကိန်းတစ်ခုကို အမေရိကန် ပြည်တွင်းလုံခြုံရေးဌာနက လွန်ခဲ့တဲ့ ၂ နှစ်အရင်က လုပ်ဆောင်ခဲ့ရာမှာ ဝါရှင်တန်မြို့အတွင်း IMSI စက် အများအပြားကို သိမ်းဆည်းရမိခဲ့ပါတယ်။

အိမ်ဖြူတော်လုံ လုံခြုံရေးအရ အထိအခိုက်မခံတဲ့ အဆောက်အဦးတွေမှာပါ ဒီစက်တွေကို တွေ့ခဲ့တယ်လို့ ၂၀၁၈ ခုနှစ် မေလအတွင်း လွှတ်တော်အမတ် ရွန်ဝေဒန်ကို ပေးပို့တဲ့စာမှာ ပြည်တွင်းလုံခြုံရေဌာနက ဖော်ပြထားပါတယ်။

အစ္စရေးကငြင်း၊ ထရမ့်ကလည်း လက်မခံ

သမ္မတ ဒေါ်နယ်ထရမ့်က ဒီသတင်းတွေကို ပယ်ချခဲ့ပြီး အစ္စရေးဟာ အမေရိကန်ကို လျှို့ဝှက်ထောက်လှမ်းနေတယ်လို့မထင်ကြောင်း၊ အစ္စရေးနဲ့ မိမိရဲ့ဆက်ဆံရေးဟာ ကောင်းမွန်နေကြောင်း ကြာသာပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

ရုရှားကိုရောက်နေတဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကလည်း Politico ရဲ့ ဖော်ပြမှုကို ငြင်းဆိုခဲ့ပါတယ်။

အမေရိကန်အပေါ် လျှို့ဝှက်ထောက်လှမ်းမှုလုပ်တာကို မိမိက ပိတ်ပင်ထားတဲ့အတွက် ဒီလိုအဖြစ်အပျက်မျိုး မရှိဘူးလို့ သူက ပြောပါတယ်။

“အမေရိကန်မှာ ထောက်လှမ်းရေးအဆက်အသွယ်မထားရ၊ သူလျှိုလုပ်ငန်း မလုပ်ရလို့ ကျွန်တော် ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။ ဘယ်လိုခြွင်းချက်မျိုးမှမထားဘဲ ညွှန်ကြားချက်ကို လိုက်နာခိုင်းထားပါတယ်။ သတင်းတွေဟာ လုံးဝ လုပ်ကြံဖော်ပြမှုပါ”

အစ္စရေးဝန်ကြီးချုပ်ရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်မှာလည်း ဒီသတင်းတွေဟာ လုံးဝ လိမ်လည်မှု ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Ref: South China Morning Post

Tags: ,

Comments are closed.