5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၁၄၊ ၂၀၁၉
M-Media

အမေရိကန်၏ ပက်ထရီယော့ဒုံးခွင်းစနစ်

-ရုရှားထံကနေ S-400 ဒုံးခွင်းစနစ် ၀ယ်ယူတဲ့ကိစ္စအတွက် နှစ်ဖက် တင်းမာမှုတွေ ရှိနေပေမယ့်အမေရိကန်လုပ် ဒုံးခွင်းစနစ် ၀ယ်ယူဖို့ အခုလအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဆွေးနွေးသွားမယ်လို့ တူရကီသမ္မတ အာဒိုဂန်က ပြောကြားလိုက်ပါတယ်။

မနေ့က ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ အာဒိုဂန်က မြေပြင်ကဝေဟင်ပစ် ပက်ထရီယော့ဒုံးခွင်းစနစ်တွေကို ၀ယ်ယူဖို့အတွက် လွန်ခဲ့တဲ့ ၂ ပတ်က ထရမ့်နဲ့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ လာမယ့်တစ်ပတ် နယူးယောက်မှာ ကုလ အထွေထွေညီလာခံ ကျင်းပဖို့ရှိနေပြီး အဲဒီမှာ အာဒိုဂန်နဲ့ ထရမ့်တို့ ထပ်တွေ့ဖို့ ရှိနေပါတယ်။

“S-400 စနစ်ရထားပေမယ့် ပက်ထရီယော့တစ်ချို့ကိုတော့ ၀ယ်အုံးမှာပါ။ ဒါပေမယ့် အနည်းဆုံး
S-400 နဲ့ အဆင်ပြေမယ့် အခြေအနေတွေကို ကြည့်ရအုံးမယ်လို့ ကျွန်တော် ပြောခဲ့ပါတယ်” လို့ အာဒိုဂန်က ပြောကြားခဲ့ပါတယ်။

ရုရှားထံကနေ S-400 ဒုံးခွင်းစနစ်ကို ၀ယ်ယူခဲ့တဲ့အတွက် တူရကီနဲ့ အမေရိကန်တို့အကြား တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။ အမေရိကန်က ဒီကိစ္စကို ရှုတ်ချခဲ့သလို F-35 တိုက်လေယာဉ်တူရကီနဲ့ ပူးပေါင်းထုတ်လုပ်မှု၊ တူရကီ လေယာဉ်မှူးတွေကို လေ့ကျင့်ပေးမှု အစီအစဉ်တွေကို အမေရိကန်က ရပ်ဆိုင်းခဲ့ပါတယ်။ ဒါ့အပြင် စီးပွားရေးပိတ်ဆို့မှုတွေ ပြုလုပ်မယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။

အာဒိုဂန်ကတော့ မိမိတို့အနေနဲ့ ရုရှားရဲ့ Su-35 နဲ့ Su-57 တိုက်လေယာဉ်တွေကိုပါ ၀ယ်ယူဖို့ ရှိနေတယ်လို့ ပြီးခဲ့တဲ့လနှောင်းပိုင်းက ပြောကြားခဲ့ပါတယ်။

Ref: Aljazeera

Tags:

Comments are closed.