1 year ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
1 year ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
1 year ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
2 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
2 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
2 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
2 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
2 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
2 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
2 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၁၆၊ ၂၀၁၉
M-Media

ပူထရာဂျာယာမြင်ကွင်း

-အုပ်ချုပ်ရေးမြို့တော် ပူထရာဂျာယာအပါအ၀င် နိုင်ငံအတွင်း နေရာ ၅ နေရာက လေထု အရည်အသွေးဟာ ကျန်းမာရေး အလွန်ထိခိုက်စေတဲ့အနေအထားအထိ ရောက်ရှိနေတယ်လို့ မလေးရှားက ဒီကနေ့မနက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ပူထရာဂျာယာမှာ မနက် ၇ နာရီ တိုင်းထွာချက်အရ လေထုညစ်ညမ်းမှု အညွှန်းကိန်း (API) ဟာ ၁၉၉ ရှိရာကနေ ၉ နာရီမှာတော့ ၂၀၃ အထိ မြင့်တက်လာပါတယ်။ ဆီလန်ဂေါပြည်နယ် ကလန်းမြို့က ဂျိုဟန် စတီယာမြို့မှာ ၂၀၈ API၊ ဆာရာဝပ်ပြည်နယ်က ဆရီအေမန်မြို့မှာ ၂၁၇ API၊ ဆာမာရာဟန်မြို့မှာ ၂၂၃ API နဲ့ ကူချင်းမြို့မှာ ၂၄၈ API အသီးသီးရှိနေပါတယ်။

API သုညကနေ ၅၀ အထိကို လေထုအရည်အသွေး ကောင်းမွန်တယ်လို့ သတ်မှတ်ပြီး၊ ၅၁ ကနေ ၁၀၀ ကို အလယ်အလတ်လို့ သတ်မှတ်ထားပါတယ်။ ၁၀၁ ကနေ ၂၀၀ အတွင်း ရောက်လာရင် ကျန်းမာရေးထိထိခိုက်စေတဲ့အဆင့် ဖြစ်ပြီး ၂၀၁ ကနေ ၃၀၀ ကတော့ အလွန်ဆိုးရွားတဲ့အဆင့် ဖြစ်ပါတယ်။ ၃၀၀ ကနေ အထက်က အန္တရာယ်ရှိတဲ့အဆင့်ပါ။

မလေးရှားနိုင်ငံမှာ API ၁၀၁ ကနေ အထက် ရှိနေတဲ့ နေရာ ၂၉ နေရာရှိနေပြီး အဲဒီထဲမှာ မြို့တော် ကွာလာလမ်ပူတစ်ဝိုက်က မြို့တွေဖြစ်တဲ့ ဘာတူမူဒါ၊ ချရက်စ်၊ ပက်တလင်းဂျာယာ၊ ရှားအလမ်၊ ကလန်းနဲ့ ဘန်တင်းတို့လည်း ပါဝင်ပါတယ်။

နိုင်ငံအတွင်း ၂၄ နေရာမှာတော့ လေထုအရည်အသွေးဟာ အလယ်အလတ်အဆင့်ရှိတယ်လို့ မလေးရှားအစိုးရက ထုတ်ပြန်ထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းနဲ့ ကာလီမန်တန်ပြည်နယ်တွေမှာ တောင်ယာစိုက်ပျိုးဖို့အတွက် တောမီးရှို့မှုကြောင့် မလေးရှားနဲ့ စင်ကာပူနိုင်ငံတို့မှာ မီးခိုးငွေ့ ဖုံးလွှမ်းမှုဒဏ်ကို အကြီးအကျယ် ခံစားနေရပါတယ်။

မလေးရှားက စာသင်ကျောင်းပေါင်း ၃၀၀ ကျော်လောက် ပိတ်ထားရသလို၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုတွေလည်း ပြည်သူလူထုကြားမှာ မြင့်တက်လာတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

Ref: CNA

Tags:

Comments are closed.