5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၃၀၊ ၂၀၁၉
M-Media

-ဝါရှင်တန်ပို့စ်သတင်းထောက် ဂျမားလ်ကာရှိုဂျီကို မိမိက သတ်ခိုင်းတယ်ဆိုတဲ့ ပြောဆိုမှုတွေဟာ မမှန်ဘူးလို့ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ပြောကြားလိုက်ပြီး၊ တိုင်းပြည်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့အတွက် ဒီကိစ္စကို တာဝန်အပြည့်အ၀ယူတယ်လို့ ဆိုပါတယ်။

အမေရိကန်ရုပ်သံ CBS ရဲ့ “60 Minutes” အစီအစဉ်အတွင်း ကာရှိုဂျီကို သတ်ခိုင်းခဲ့လားဆိုတဲ့အမေးကို ဘင် ဆလ်မန်က အခုလို ဖြေကြားလိုက်တာပါ။ ဒီဖြစ်ရပ်ဟာ စက်ဆုပ်ရွံရှာဖွယ်ရာ ကောင်းတယ်လို့လည်း ဘင် ဆလ်မန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

“ဒါဟာ အမှားတစ်ခုပါ။ အနာဂတ်မှာ ဒီလိုအဖြစ်အပျက်မျိုး ထပ်မဖြစ်အောင် လုပ်သင့်အားလုံး ဆောင်ရွက်သွားမှာပါ”

ကာရှိုဂျီဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂ ရက်နေ့က အစ္စတန်ဘူလ်မြို့မှာရှိတဲ့ ဆော်ဒီကောင်စစ်ဝန်ရုံးမှာ သတ်ဖြတ်ခံလိုက်ရတာ ဖြစ်ပါတယ်။ ဆော်ဒီအစိုးရက ဒီသတင်းကို ပထမပိုင်းမှာ ငြင်းဆိုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ကောင်စစ်ဝန်ရုံးအတွင်း သတ်ဖြတ်မှုဖြစ်ခဲ့တာကို ၀န်ခံခဲ့ပါတယ်။

ကာရှိုဂျီရဲ့ ခန္ဓာကိုယ်ကို အပိုင်းပိုင်းတစ်ကာ ဖျောက်ဖျက်လိုက်တယ်လို့ တူရကီ ထောက်လှမ်းရေးရင်းမြစ်တွေကို ကိုးကားပြီး တူရကီမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ အမေရိကန် ထောက်လှမ်းရေးအဖွဲ့ CIA ကတော့ သတ်ဖြတ်မှုကို ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က တိုက်ရိုက်အမိန့်ပေးတာ ဖြစ်နိုင်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဆော်ဒီအစိုးရကတော့ ဒီထုတ်ပြန်မှုကို ငြင်းဆိုခဲ့ပါတယ်။

အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ဟာ အရင်က ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်မပေးခဲ့ပါဘူး။ အခုတစ်ပတ်မှာ ထုတ်လွှင့်မယ့် PBS သတင်းဌာနရဲ့ မှတ်တမ်းရုပ်ရှင်မှာတော့ မိမိရဲ့ ကြီးကြပ်မှုအောက်မှာ ဒီကိစ္စ ဖြစ်သွားတဲ့အတွက် အပြည့်အ၀တာဝန်ရှိပြီး၊ ဒီကိစ္စကို တာဝန်ခံသွားမယ်လို့ ပထမဆုံး ၀န်ခံခဲ့ပါတယ်။ မနေ့က CBS သတင်းဌာနနဲ့ အင်တာဗျူးကတော့ တာဝန်ရှိကြောင်း ဒုတိယအကြိမ် ၀န်ခံမှု ဖြစ်ပါတယ်။

ကာရှိုဂျီအသတ်ခံရမှုအတွက် ဆော်ဒီက လူ ၁၁ ဦးကို ဖမ်းဆီးစစ်ဆေးနေပါတယ်။ ဆော်ဒီ ရှေ့နေချုပ်က သတ်ဖြတ်မှုကို တော်ဝင်မိသားစုရဲ့ ထိပ်တန်းအကြံပေးဟောင်း ထောက်လှမ်းရေးဌာန ဒုတိယအကြီးအကဲ ဆာအွဒ် အလ်-ကာတာနီက အမိန့်ပေးစီစဉ်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

Ref: Aljazeera

Comments are closed.