1 year ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
1 year ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
1 year ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
2 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
2 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
2 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
2 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
2 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
2 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
2 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၅၊ ၂၀၁၉
M-Media

-အရင်က အစ္စလာမ်ဘာသာအပေါ်မှာ အထင်မှား အမြင်မှားတွေ ရှိခဲ့ပေမယ့် လီဗာပူးလ် တိုက်စစ်မှူး မိုဟာမက် ဆာလာရဲ့ ကိုယ်ရည်ကိုယ်သွေးကို အားကျကာ အစ္စလာမ်သာသနာကို လေ့လာမိခဲ့ပြီး နောက်ပိုင်းမှာ ပြောင်းလဲသက်ဝင်ခဲ့တယ်လို့ အင်္ဂလိပ် ဘောလုံးပရိတ်သတ်တစ်ဦးကဖွင့်ဟလိုက်ပါတယ်။

အင်္ဂလိပ် ပထမတန်းကလပ် နော်တင်ဟမ် ဖောရက်စ်အသင်းရဲ့ အမာခံပရိတ်သတ် ဘန်ဘာ့ဒ်က The Gurdian သတင်းစာကို ပြောကြားလိုက်တာပါ။ ယူကေက အခြားလူငယ်တွေလိုပဲ
အစ္စလာမ်သာသနာအပေါ်မှာ မကောင်းမြင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဒီအမြင်တွေ ပြောင်းကာ လေ့လာဖြစ်ခဲ့တယ်လို့ ဘန်က ဆိုပါတယ်။ အဲဒီလို လေ့လာရာမှာ လီဗာပူးလ်တိုက်စစ်မှူး ဆာလာဟ်က သူ့အတွက် တွန်းအားတစ်ခု ဖြစ်စေခဲ့ပါတယ်။

“ကျွန်တော်ဟာ နော်တင်ဟမ် ဖောရက်စ်ရဲ့ တစ်ရာသီစာလက်မှတ်ကို ကိုင်ဆောင်ထားသူပါ။
အခုတော့ အစ္စလာမ်ကို သက်ဝင်ခဲ့ပြီး မွတ်စလင်တစ်ယောက် ဖြစ်လာပါပြီ။ အရင်က ကျွန်တော်ပါပဲ။ မိုဟာမက် ဆာလာဟ်ထံကနေ သင်ယူသင့်တာတွေ သင်ယူခဲ့တယ်။ တစ်နေ့မှာ သူနဲ့တွေ့ပြီး လက်ဆွဲနှုတ်ဆက်ကာ တွေ့ရတာ ၀မ်းသာပါတယ်လို့ ပြောချင်ပါတယ်”

အစ္စလာမ်သာသနာကို သက်ဝင်မှုကြောင့် ရုပ်ပိုင်းဆိုင်ရာမှာ သိသိသာသာ ပြောင်းလဲသွားတာမျိုး မရှိပေမယ့် သူ့ရဲ့ ဘောလုံးပရိတ်သတ်ဘ၀တစ်လျှောက် စွဲစွဲမြဲမြဲ လုပ်ဆောင်လာတဲ့ လောင်းကစားနဲ့ အရက်သေစာသောက်စားမှုကို စွန့်လွှတ်ခဲ့တဲ့အတွက် ‘နာမ်ပိုင်းဆိုင်ရာ ပိုမို ကောင်းမွန်လာတယ်’ လို့လည်း ဘန်က ဖွင့်ဟခဲ့ပါတယ်။

“အစ္စလာမ်နဲ့ပတ်သက်တဲ့ အရင်ကအမြင်တွေကို ပြောရမှာ ကျွန်တော် နည်းနည်းတော့ရှက်တယ်။ အစ္စလာမ်နဲ့ သူ့ရဲ့ယဉ်ကျေးမှု၊ အစ္စလာမ်ကို ကိုးကွယ်သူတွေဟာ နောက်ပြန်ဆွဲတွေလို့ ကျွန်တော် ထင်ခဲ့တယ်။ သူတို့တွေဟာ တစ်သားတည်းမဖြစ်နိုင်ဘူး။ လွှမ်းမိုးသွားတော့မယ်၊ တစ်သီးတစ်ခြားစီဖြစ်နေတယ် – ဒါမျိုးထင်ခဲ့တာပါ။ မွတ်စလင်တွေအပေါ် ကျွန်တော် မုန်းတီးခဲ့ပါတယ်”

ဒီအမြင်တွေဟာ တက္ကသိုလ်တက်ပြီး အာရပ်နိုင်ငံက သူငယ်ချင်းတွေနဲ့ တွေ့ဆုံတဲ့အခါမှာ ပျောက်ကွယ်သွားခဲ့ကြောင်း၊ တက္ကသိုလ်မှာလည်း အရှေ့အလယ်ပိုင်းဒေသ လေ့လာမှုဆိုင်ရာ ဘာသာရပ်ကို ယူခဲ့ကြောင်း ဘန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

အစ္စလာမ်သာသနာအပေါ် အနောက်တိုင်းရဲ့ ရှုမြင်မှုအပေါ် အီဂျစ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်က ဘယ်လောက်အထိ လွှမ်းမိုးမှုရှိလဲဆိုတာကို ဘန်က လက်ရှိမှာ စာတမ်းပြုစုနေပါတယ်။

Ref: RT

Comments are closed.