5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၆၊ ၂၀၁၉
M-Media

စင်ကာပူသမ္မတ ဟာလီမာ ယာကွဘ်

-ဂျော်ဒန်နိုင်ငံက တတ်သိပညာရှင်များအဖွဲ့ Royal Islamic Strategic Studies Centre ကနေ လေ့လာဆန်းစစ်ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့သြဇာလွှမ်းမိုးမှုအရှိဆုံး မွတ်စလင် ၅၀၀ စာရင်းမှာ
စင်ကာပူသမ္မတ ဟာလီမာယာကွဘ်က ထိပ်ပိုင်း ၅၀ စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။

The Muslim 500 လို့အမည်ပေးထားတဲ့ အဲဒီစာရင်းကို နှစ်စဉ် ထုတ်ပြန်တာဖြစ်ပြီး ၂၀၂၀ ခုနှစ်အတွက် အခုထုတ်ပြန်မှုဟာ ၁၁ ကြိမ်မြောက် ဖြစ်ပါတယ်။ ကမ္ဘ္ဘာတစ်ဝှမ်းက မွတ်စလင်ခေါင်းဆောင်တွေ၊ ထင်ရှားကျော်ကြားတဲ့ မွတ်စလင်တွေဟာ လူ့အဖွဲ့အစည်းမှာ ဘယ်လောက်အထိ လွှမ်းမိုးမှုရှိလဲဆိုတာ လေ့လာဆန်းစစ်ပြီး အဆင့်သတ်မှတ်တာ ဖြစ်ပါတယ်။

အခုနှစ် The Muslim 500 စာရင်း ထိပ်ဆုံး ၅၀ မှာ အရှေ့တောင်အာရှက ၅ ဦး ပါဝင်ပါတယ်။ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက အဆင့် ၁၃၊ အင်ဒိုနီးရှားက အကြီးဆုံး အစ္စလာမ်ဘာသာရေးအဖွဲ့ Nahdlatul Ulama ရဲ့ ဥက္ကဌ ပရော်ဖက်ဆာ အေအိခ်ျ စအစ် အကီလ် ဆီရာ့ဂ်ျက အဆင့် ၁၉၊ အင်ဒိုနီးရှားက မွတ်စလင်တရားဟောဆရာ ဟာဘစ် လုဖ်သီ ယဟ်ယာက အဆင့် ၃၃၊ စင်ကာပူသမ္မတ ဟာလီမာ ယာကွဘ်က အဆင့် ၃၈နဲ့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က အဆင့် ၄၂ တို့ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်မှာ သမ္မတအဖြစ် တင်မြှောက်ခံရတဲ့ ဟာလီမာ ယာကွဘ်ဟာ စင်ကာပူရဲ့ ပထမဆုံး အမျိုးသမီးသမ္မတအဖြစ်လည်း မှတ်တမ်းဝင်ပါတယ်။ လူမှုသဟဇာတဖြစ်မှု၊ အလုပ်သမားအရေး ကိစ္စတွေမှာ စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်မှုကြောင့် ကမ္ဘ္ဘ္ဘာ့ သြဇာလွှမ်းမိုးမှု အရှိဆုံး မွတ်စလင်များစာရင်းမှာ ထည့်သွင်းရတာလို့ Royal Islamic Strategic Studies Centre ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“သမ္မတစ်ယောက်ဖြစ်တဲ့ သူမဟာ လူ့အဖွဲ့အစည်း အစေးကပ်ရေး၊ ဘာသာပေါင်းစုံ ချစ်ကျည်ရေး၊ စင်ကာပူရဲ့ တိုးတက်ဖွံ့ဖြိုးမှုကို ကူညီပေးနေကြတဲ့ အလုပ်သမားတွေကို အသိအမှတ်ပြု ဂရုစိုက်ရေး ပိုမိုကောင်းစေမယ့် အစီအစဉ်တွေကို ချမှတ်ပေးခဲ့ပါတယ်။ ကမ္ဘ္ဘ္ဘာ့ခေါင်းဆောင်တွေနဲ့ ပုံမှန်လိုလို တွေ့ဆုံပြီး နိုင်ငံတကာမှာ ပုံရိပ်ကောင်းတဲ့ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်”

စင်ကာပူသမ္မတရဲ့ ထင်ရှားတဲ့ ကြိုးပမ်းမှုတွေထဲက တစ်ခုကတော့ လူ့အဖွဲ့အစည်းတွေအကြား နားလည်မှု မြှင့်တင်ရေးအတွက် ကမ္ဘ္ဘာတစ်ဝှမ်းက ဘာသာရေးခေါင်းဆောင်တွေကို ဖိတ်ခေါ်ကာ ဖိုရမ်တစ်ခု စီစဉ်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီဖိုရမ့်ကနေတစ်ဆင့် ‘လူ့အဖွဲ့အစည်းများ သဟဇာတဖြစ်ရေး နိုင်ငံတကာ ညီလာခံ’ ကို အခုနှစ်မှာ ပထမဆုံး စတင် ကျင်းပနိုင်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ်စာရင်းမှာ ဟာလီမာ ယာကွဘ်ဟာ အဆင့် ၄၅ နေရာ ရခဲ့ပြီး ၂၀၁၉ ခုနှစ် စာရင်းမှာတော့ ၄၁ နေရာ ရခဲ့ပါတယ်။

သြဇာလွှမ်းမိုးမှုအရှိဆုံး မွတ်စလင်အမျိုးသားအဖြစ် ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက သတ်မှတ်ခံရပြီး၊ အမေရိကန်လွှတ်တော်အမတ် ရရှိဒါ တာလစ်ဘ်က သြဇာလွှမ်းမိုးမှုအရှိဆုံး မွတ်စလင်အမျိုးသမီးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

Ref: Straits Times

Tags:

Comments are closed.