6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၉၊ ၂၀၁၉
M-Media

-အာဖရိကတိုက်ရဲ့ ပထမဆုံး နည်းပညာမြင့် စမတ်ဖုန်းစက်ရုံကို ရ၀မ်ဒါနိုင်ငံ မြို့တော် ကီဂါလီမှာ တနင်္လာနေ့က ဖွင့်လှစ်လိုက်ပါတယ်။

ရ၀မ်ဒါနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း စီးပွားရေး သိသိသာသာ တိုးတက်လာခဲ့ပြီး၊ တီထွင်ဖန်တီးမှုဆိုင်ရာ အချက်အခြာနေရာတစ်ခုအဖြစ် သတ်မှတ်ခံလာရပါတယ်။

စက်ရုံဖွင့်ပွဲအခမ်းအနားကို တက်ရောက်လာတဲ့ သမ္မတ ပေါလ်ကာဂါမီက နည်းပညာမြင့် စမတ်ဖုန်းစက်ရုံ ဖွင့်လှစ်နိုင်မှုဟာ ရ၀မ်ဒါဖွံ့ဖြိုးတိုးတက်မှုရဲ့ နောက်ထပ် မှတ်တိုင်တစ်ခု ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“Mara Phone စက်ရုံဟာ ကျွန်တော်တို့နိုင်ငံအတွင်းမှာ ထုတ်လုပ်တဲ့ အဆင့်မြင့်ပစ္စည်းစာရင်းကို ပိုမိုများပြားလာပါလိမ့်မယ်”

ဖုန်းစက်ရုံကို ပိုင်ဆိုင်တဲ့ ဒူဘိုင်းအခြေစိုက် အာဖရိက စီးပွားရေးလုပ်ငန်းစု Mara Group က သူတို့စက်ရုံဟာ နည်းပညာမြင့် စမတ်ဖုန်းတွေကို ဈေးသက်သက်သာသာနဲ့ ထုတ်လုပ်နိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

Mara စက်ရုံဟာ ရ၀မ်ဒါမှာ ဖုန်းအမျိုးအစား ၂ မျိုးကို ထုတ်လုပ်မှာဖြစ်ပါတယ်။ 16 GB Storage ရှိမယ့် Mara X ဖုန်းဟာ ဖရန့်စ် ၁၂၀၂၅၀ (ဒေါ်လာ ၁၃၀) ကျသင့်မှာဖြစ်သလို၊ 32 GB Storage ရှိမယ့် Mara Z ကတော့ ဖရန့်စ် ၁၇၅၇၅၀ (ဒေါ်လာ ၁၉၀) ကျသင့်မှာ ဖြစ်ပါတယ်။

ဖုန်းတွေမှာ အဆင့်မြင့် ကင်မရာ၊ အသံနဲ့ခိုင်းစေတဲ့စနစ်တွေလို လုပ်ဆောင်ချက်တွေ ပါဝင်မှာဖြစ်ပြီး ကုမ္ပဏီဝဘ်ဆိုက်ကနေ တိုက်ရိုက် ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Mara ဟာ အာဖရိကတိုက်ရဲ့ ပထမဆုံး ဖုန်းထုတ်လုပ်တဲ့စက်ရုံ မဟုတ်ပါဘူး။ ၂၀၁၇ ခုနှစ်က တောင်အာဖရိကမှာ Onyx Connect ကုမ္ပဏီက တန်ဖိုးနည်းဖုန်းစက်ရုံတစ်ခု တည်ထောင်ခဲ့ပါတယ်။ ဒါပေမယ့် Onyx Connect ဟာ ဖုန်းအစိတ်အပိုင်းတစ်ချို့ကို နိုင်ငံခြားက တင်သွင်းရတာဖြစ်ပြီး Mara ကတော့ အစိတ်အပိုင်းအားလုံးကို ပြည်တွင်းမှာသာ ထုတ်လုပ်တာ ဖြစ်ပါတယ်။

Ref: CNN

Tags:

Comments are closed.