5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၉၊ ၂၀၁၉
M-Media

တရုတ်အစိုးရ၏ ညှင်းပမ်းမှုကို ခံခဲ့ရသည့် မိသားစုတစ်ခု

-တရုတ်အာဏာပိုင်တွေရဲ့ လက်ကနေ လွတ်မြောက်လာခဲ့တဲ့ အမျိုးသမီးတွေဟာ သူတို့ရဲ့ ဘိုးဘွားဘီဘင်မြေဖြစ်တဲ့ ကာဇက်စတန်နိုင်ငံမှာ ခိုလှုံခွင့်ရခဲ့ကြပေမယ့်၊ သူတို့ခံစားခဲ့ရတဲ့ ညှင်းပမ်းမှုတွေက သူတို့ကို ခြောက်လှန့်နေဆဲပါ။

တရုတ်နိုင်ငံက ဝီဂါမွတ်စလင်များစုရှိရာ ရှင်ကျန်းပြည်နယ်မှာ အဲဒီအမျိုးသမီးတွေဟာ အဓမ္မ ကလေးဖျက်ချခံရတာ၊ ထိန်းသိမ်းခံရစဉ်အတွင်း သူတို့ဆန္ဒမပါဘဲ သန္ဓေတား‌ပစ္စည်း ထည့်ခံရတာတွေ ရှိခဲ့တယ်လို့လည်း တစ်ချို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

သတင်းတစ်ခုမှာတော့ အမျိုးသမီးတွေဟာ အဓမ္မပြုကျင့်မှုတောင် ခံခဲ့ရတယ်လို့ဖော်ပြပါတယ်။ ရေးချိုးခန်းမှာ စောင့်ကြည့်ကင်မရာထားတာကနေ မိန်းမကိုယ်ကို ငရုပ်သီးအနှစ်နဲ့ ပွတ်တာအထိ လိင်ပိုင်းဆိုင်ရာ ညှင်းပမ်းမှုကို ခံခဲ့ရတယ်လို့လည်း အမျိုးသမီးတော်တော်များများက ပြောကြားခဲ့ပါတယ်။

နိုင်ငံအတွင်းက လူနည်းစု အစ္စလာမ်ဘာသာဝင်တွေအပေါ် တရုတ်က ဖိနှိပ်ချုပ်ချယ်မှုတွေ ပိုမိုလုပ်ဆောင်နေတဲ့အချိန်မှာ အခုလို သတင်းတွေ ထပ်မံထွက်ပေါ်လာခဲ့တာပါ။ တရုတ်နိုင်ငံမှာ ဝီဂါတွေတင်မကဘဲ အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ ကာဇက်နဲ့ အခြား လူနည်းစုလူမျိုးတွေလည်း ဒီလိုညှင်းပမ်းမှုတွေကို ခံနေရပါတယ်။

ညှင်းပမ်းခံရမှုတွေကို သီးခြားအတည်ပြုနိုင်ခြင်း မရှိပေမယ့် ဒေသတွင်း လူ့အခွင့်အရေးအဖွဲ့တွေ၊ ရှေ့နေတွေကတော့ ညှင်းပမ်းမှုတွေ ပုံမှန်ရှိနေတယ်လို့ဆိုပြီး ကလေးမွေးဖွားနိုင်မှုကို ကန့်သတ်ဖို့ရည်ရွယ်ကာ အမျိုးသမီးတွေကို အထူးပစ်မှတ်ထားတဲ့ ညှင်းပမ်းမှုပုံစံမျိုးတွေပါ ရှိနေတယ်လို့ ဖွင့်ဟ ခဲ့ကြပါတယ်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလက အသက် ၃၈ နှစ်အရွယ် ကာဇက်အမျိုးသမီး Gulzira Mogdyn ဟာ ကာဇက်စတန်ကို သွားရောက်လည်ပတ်ပြီးတဲ့နောက် ရှင်ကျန်းမှာ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပါတယ်။ ဖုန်းထဲမှာ WhatsApp အက်ပလီကေးရှင်း ရှိတယ်ဆိုတဲ့စွဲချက်နဲ့ တရုတ်အာဏာပိုင်တွေက ဖမ်းဆီးလိုက်တာပါ။

သူမဟာ နေအိမ်အကျယ်ချုပ် ချထားခံခဲ့ရပြီး အိမ်နားဆေးခန်းက ဆရာဝန်နဲ့ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ ကိုယ်ဝန် ၁၀ ပတ် ရှိနေတာကို တွေ့ခဲ့ရပါတယ်။

တရုတ်အာဏာပိုင်တွေက သူမရဲ့ ၄ ယောက်မြောက်ရင်သွေးကို ရယူဖို့ ခွင်မပြုဘူးလို့ ပြောခဲ့ပါတယ်။ နောက်တစ်လမှာတော့ ဆဆရာဝန်ဟာ ဗိုက်ထဲကသန္ဓေသားကို မေ့ဆေးမပေးဘဲ ‘ခြစ်ထုတ်ခဲ့တယ်’ လို့ Mogdyn က ပြောကြားခဲ့ပါတယ်။ အဲဒီဒဏ်ကို သူမဟာ အခုအချိန်အထိ ခံစားနေရဆဲပါ။

“ဒီအဖြစ်ဆိုးမှာ လူသားနှစ်ဦး ထိခိုက်ခံစားခဲ့ရတယ်။ ကျွန်မကလေးနဲ့ ကျွန်မတို့ ဖြစ်ပါတယ်” လို့ Mogdyn က ကာဇက်စတန်ရဲ့မြို့တော် အလ်မာတီ ဆင်ခြေဖုံးမှာ ပြုလုပ်တဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

သူမဟာ ဇူလိုင်လမှာ ကာဇက်စတန်နိုင်ငံသားကို ရရှိခဲ့ပြီး ဒါက သူမရဲ့အဖြစ်အပျက်ကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုဖို့ တွန်းအားပေးလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ လျော်ကြေးငွေ၊ ဒါမှမဟုတ် အနည်းဆုံး တောင်းပန်တာမျိုးဖြစ်ဖြစ် တရုတ်အစိုးရဖက်က တုန့်ပြန်မှုတစ်ခုရရှိအောင် သူမက ဆက်လက်ဖိအားပေးနေပါတယ်။

အခြားအမျိုးသမီးတွေလည်း နိုင်လိုမင်းထက် ပြုမူခံနေရဆဲပါ။ တရုတ်နိုင်ငံမှာ ဆွေးမျိုးအရင်းအခြာတွေ ကျန်ရစ်ခဲ့တဲ့ ကာဇက်အမျိုးသမီးတစ်ဦးဆိုရင် ရှင်ကျန်းမှာနေထိုင်စဉ် ၂၀၁၆၊ ၂၀၁၇ ခုနှစ်တွေက ၂ ကြိမ်တိုင်တိုင် အဓမ္မ ကလေးဖျက်ချခံခဲ့ရတယ်လို့ သူမရဲ့ ရှေ့နေက ပြောပါတယ်။

ကာဇက်လူ့အခွင့်အရေးလှုပ်ရှားသူဖြစ်ပြီး အမေရိကန်အစိုးရရဲ့ ဂုဏ်ပြုမှုကိုလည်း ခံထားရတဲ့ ရှေ့နေ Aiman Umarova က သူမရဲ့အမှုသည်ဟာ လက်ရှိ ကာဇက်စတန်မြို့တစ်မြို့မှာ ခိုလှုံခွင့်ရဖို့ ကြိုးစားနေပြီး လက်စားချေခံရမှာကို ကြောက်ရွံ့တဲ့အတွက် အမည်မဖော်လိုဘူးလို့ ပြောကြားခဲ့ပါတယ်။

ဒီအမျိုးသမီးတွေ ကြုံတွေ့ခဲ့ရတဲ့ အနေအထားတွေဟာ အခြေအနေတစ်ခုကို ညွှန်းဆိုနေတယ်လို့ Umarova က ရှုမြင်နေပါတယ်။

“မျိုးပွားမှုကို ဟန့်တားတာအပါအဝင် အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ညှင်းပမ်းနှိပ်စက်တာဟာ မွတ်စလင်လူ့အဖွဲ့အစည်းအပေါ် ကျင့်သုံးတဲ့ တရုတ်ရဲ့ လက်နက်တစ်ခု ဖြစ်လာပါတယ်”

၂၀၁၇ ခုနှစ်ကတည်းကစလို့ ‘လေ့ကျင့်ရေးစခန်း’ လို့ခေါ်တဲ့နေရာတွေမှာ တရုတ်အစိုးရက ထိန်းသိမ်းထားတဲ့ အစ္စလာမ်ဘာသာဝင်အရေအတွက်ဟာ ၁ သန်းကနေ ၃ သန်းလောက်ရှိပြီး အများစုက ဝီဂါလူမျိုးတွေဖြစ်တယ်လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အမေရိကန်အစိုးရတို့က ထုတ်ပြန်ထားပါတယ်။

ဩစတေးလျနိုင်ငံသားAlmas Nizamidin အပါအဝင် အမျိုးသားနှစ်ဦးနဲ့ ဝါရှင်တန်ပို့စ်သတင်းဌာနက တွေ့ဆုံခဲ့ပြီး အဲဒီအမျိုးသားတွေက သူတို့ ဇနီးတွေဟာ ၂၀၁၇ ခုနှစ် အကျဉ်းစခန်းမှာ ထိန်းသိမ်းခံရစဉ် ကိုယ်၀န် အဓမ္မဖျက်ချခံလိုက်ရပြီး အခုအချိန်အထိလည်း ရှင်ကျန်းကစခန်းမှာ ရှိနေတုန်းပဲလို့ ပြောကြားခဲ့ပါတယ်။

တရုတ်အစိုးရရဲ့ လူဦးရေလျှော့ချလိုတဲ့ ကလေးတစ်ယောက် ပေါ်လစီအရ ကလေးဖျက်ချတာ၊ ကိုယ်ဝန်တားတာတွေကို အားပေးပြီး တစ်ခါတစ်ရံမှာ အာဏာပိုင်တွေက အဓမ္မလုပ်ဆောင်တာတွေအထိ ရှိပါတယ်။ တိုင်းရင်းသာလူနည်းစုတွေမှာတော့ ဟန်တရုတ်တွေထက်စာရင် ကလေး ၂ ယောက်ယူဖို့ ခွင့်ပြုထားပါတယ်။

ဒီပေါ်လစီကို လွန်ခဲ့တဲ့ ၃ နှစ်က ပယ်ဖျက်ခဲ့ပေမယ့် တိုင်းရင်းသားလူနည်းစုတွေရဲ့ လူဦးရေလျော့ချရေး ဆောင်ရွက်မှုတွေကတော့ ရပ်တန့်မသွားဘူးလို့ တရုတ်နိုင်ငံက ကျား၊ မ တန်းတူညီမျှရေးဆိုင်ရာ ကျွမ်းကျင်သူ Leta Hong Fincher က ပြောပါတယ်။

“တိုင်းရင်းသားလူနည်းစုရဲ့ ကလေးမွေးဖွားမှု အခွင့်အရေးကို ပြင်းပြင်းထန်ထန် ထိန်းချုပ်ထားတယ်ဆိုတာ ပေါ်လွင်နေပါတယ်”

ထိန်းသိန်းထားတဲ့ အမျိုးသမီးတွေအပေါ် စော်ကားမှုတွေ လုပ်ရုံသာမက ရှင်ကျန်းပြည်နယ်မှာ အစ္စလာမ်ဘာသာ အငွေ့အသတ်တွေ ပျက်သုဉ်းသွားအောင် တရုတ်အစိုးရက လုပ်ဆောင်နေတယ်လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ဘာသာ၊ လူမျိုး မတူသူတွေကို အဓမ္မ လက်ထပ်စေတာ၊ မွတ်စလင်မိသားစုတွေရဲ့အိမ်မှာ အာဏာပိုင်တွေကို စေလွှတ်ပြီး အိပ်ခိုင်းတာ စတဲ့ လုပ်ဆောင်မှုတွေဖြစ်ပြီး သမ္မတရှီကျင့်ဖျင်အစိုးရက တိုင်းရင်းသားလူနည်းစုတွေကို ဟန်တရုတ်ဇာတ်သွင်းရေး ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

ကုလရဲ့ ‘လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေးနှင့် အပြစ်ပေးရေး သဘောတူညီချက်’ (UN Convention on the Prevention and Punishment of the Crime of Genocide) အရ ဒီလုပ်ဆောင်မှုတွေဟာ လူမျိုးတုန်းသတ်ဖြတ်မှု မြောက်တယ်လို့ ဝါရှင်တန်အခြေစိုက် Campaign for Uyghurs ကို တည်ထောင်သူနဲ့ အမူဆောင်ဒါရိုက်တာဖြစ်သူ Rushan Abbas က ပြောပါတယ်။

“အမျိုးသမီးတွေဟာ တန်ဖိုးသိပ်မရှိဘူးဆိုတဲ့ ရှုမြင်မှုနဲ့အတူ တရုတ်ဇာတ်သွင်းတဲ့နေရာမှာ အမျိုးသမီးတွေက ပစ်မှတ်ထားခံနေရတာပါ” လို့ Abbas က ဆိုပါတယ်။ သူ့ရဲ့ ညီမဟာ ပြီးခဲ့တဲ့တစ်နှစ်က ရှင်ကျန်းမှာ ပြန်ပေးဆွဲခံခဲ့ရပြီး အဲဒီကတည်းက ဘာအသံမှ မကြားရတော့ပါဘူး။

ဒီလိုညှင်းပမ်းမှုတွေဟာ အရင်ကတည်းက ရှိခဲ့တယ်ဆိုတဲ့ ပြောကြားမှုတွေလည်း ပေါ်လာပါတယ်။ ၂၀၀၉ ခုနှစ်က ပြည်နယ်မြို့တော် အွမ်ရူကီမှာ အုံကြွမှု ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက်ပိုင်း ရှင်ကျန်းပြည်နယ် တစ်ဝှမ်းမှာ တရုတ်အာဏာပိုင်တွေက ပြင်းထန်တဲ့ လုံခြုံရေးဆိုင်ရာ စောင့်ကြည့်မှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ အစ္စလာမ့်ရေးရာ လေ့လာသူ Ruqiye Perhat က ပြောကြားခဲ့ပါတယ်။ Perhat ဟာ တရုတ်နိုင်ငံက ထောင်အမျိုးမျိုးမှာ ၄ နှစ်ကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

အဲဒီထောင်တွေမှာ ထိန်းသိမ်းခံထားရတဲ့ ဝီဂါမျိုးသမီးတွေက သူတို့တွေဟာ ဟန်တရုတ် အစောင့်တွေရဲ့ အကြိမ်ကြိမ် အဓမ္မကျင့်ခြင်းကို ခံခဲ့ရတယ်လို့ ပြောကြားခဲ့ကြပါတယ်။

“အသက် ၃၅ နှစ်အောက် အမျိုးသားတိုင်း၊ အမျိုးသမီးတိုင်းကို အဓမ္မကျင့်တာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားတာတွေ လုပ်ပါတယ်” လို့ လက်ရှိ တူရကီနိုင်ငံမှာ နေထိုင်နေတဲ့
Perhat က စကားပြန်ကနေတစ်ဆင့် ပြောကြားခဲ့ပါတယ်။ ထိန်းသိမ်းခံရစဉ်မှာ ရခဲ့တဲ့ ကိုယ်ဝန် ၂ ခုစလုံးကို အဓမ္မဖျက်ချခံခဲ့ရတယ်လို့လည်း အသက် ၃၀ အရွယ် ရှိပြီဖြစ်တဲ့ သူက ဆိုပါတယ်။

ငယ်ရွယ်ပြီး လက်မထပ်ရသေးတဲ့ အမျိုးသမီးတွေကို ညဘက်မှာ အချုပ်ခန်းထဲက ခေါ်ထုတ်သွားပြီး မနက်ပိုင်းမှာ ပြန်လာပို့တယ်လို့ ထိန်းသိမ်းခံခဲ့ဖူးတဲ့ အမျိုးသမီး တော်တော်များများက ပြောပါတယ်။ အဲဒီအမျိုးသမီးတွေဟာ အစောင့်တွေရဲ့ အဓမ္မကျင့်မှုကို ခံခဲ့ရတာပါ။

“သူတို့ရောက်လာပြီး သူတို့ကြိုက်အမျိုးသမီးတွေကို ရွေးကာ ခေါ်ထုတ်သွားပါတယ်” လို့ ကာဇက်စတန်က အက္ကရှီ ရွာမှာနေထိုင်တဲ့ အသက် ၄၀ အရွယ်အမျိုးသမီး Gulzira Auelkhan က ပြောကြားခဲ့ပါတယ်။ သူမဟာ တရုတ်အာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုကို ၁၈ လ ခံခဲ့ရပါတယ်။

ရှင်ကျန်းပြည်နယ် အကျဉ်းစခန်းတစ်ခုက အစောင့်တစ်ယောက် မေလမှာ ထုတ်ပြန်ခဲ့တဲ့ အိတ်ဖွင့်ပေးစာပါ အချက်အလက်တွေကလည်း ဒီအမျိုးသမီးတွေရဲ့ ပြောကြားမှုကို ထောက်ခံနေပါတယ်။ တက်ကြွလှုပ်ရှားသူတွေက တစ်ဆင့် ဖြန့်ဝေခဲ့တဲ့ သူရဲ့ ပြောဆိုမှုတွေကို သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။

Berik လို့ခေါ်တဲ့ ကာဇက်အမျိုးသားတစ်ဦးက တရုတ်အာဏာပိုင်တွေဟာ အချုပ်ခန်းတွေထဲက အမျိုးသမီးတွေကို ကင်မရာကနေတစ်ဆင့် စောင့်ကြည့်နေပြီး စိတ်ကြိုက် ရွေးချယ်စော်ကားတယ်လို့ တွေ့ကြုံခဲ့ရမှုကို ပြန်ပြောင်းပြောပြခဲ့ပါတယ်။

“မီးဖိုဆောင်မှာ စားပွဲ ၂ လုံးရှိတယ်။ တစ်လုံးမှာ အရက်နဲ့အမြည်းထားပြီး နောက်တစ်လုံးကတော့ ‘လုန်းငန်း’ လုပ်ဖို့ပါ”

ဝါရှင်တန်ပို့စ်က ဆက်သွယ်မေးမြန်းခဲ့တဲ့ အခြားအမျိုးသမီးတွေကလည်း အကျဉ်းစခန်းတွေထဲမှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့လက ကာဇက်အမျိုးသမီး Sayragul Sauytbay လူထုကို ချပြခဲ့တဲ့ အကြောင်းအရာတွေနဲ့လည်း ကိုက်ညီနေပါတယ်။ တရုတ်အာဏာပိုင်တွေကတော့ အကျဉ်းစခန်းအကြောင်း သတင်းအချက်အလက်တွေ ချပြမှုအတွက် Sayragul Sauytbay ကို အလိုရှိနေပါတယ်။ သူမကို ဇွန်လက ဆွီဒင်မှာ အခြေချဖို့အတွက် ကာဇက်စတန်က ခွင့်ပြုခဲ့ပါတယ်။

အကျဉ်းစခန်းအာဏာပိုင်တွေဟာ ကင်မရာတပ်ထားတဲ့ ရေချိုးခန်းတွေ၊ အိမ်သာတွေကို အုပ်စုလိုက် အသုံးပြုခိုင်းတာတွေ ရှိတယ်လို့ လွတ်မြောက်လာသူ တော်တော်များများက ပြောကြားခဲ့ပါတယ်။ Auelkhan က အမျိုးသမီး အစောင့်တွေဟာ ဝါးပြီးသား ပီကယ်တွေနဲ့ ကပ်ကာမိန်းမကိုယ်က အမွှေးအမှင်တွေကို စွဲဆောင့်တာတွေ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ခင်ပွန်းနဲ့ တွေ့ဆုံပြီးတဲ့ အမျိုးသမီးတွေကိုလည်း အကျဉ်းစခန်း တာဝန်ရှိသူတွေက
အမည်မသိတဲ့ ဆေးတွေ သောက်သုံးခိုင်းပါတယ်။

ငရုပ်ကောင်းမှုန့်နဲ့ ရေရောထားတဲ့ ရေခရားငယ်လေးတွေကို ရေမချိုးခင် အမျိုးသမီးတွေထံပေးပြီး၊ အဝတ်အစားတွေ အကုန်ချွတ်ပြီးတဲ့အချိန်မှာ မိန်းမကိုယ်ကို သုတ်လိမ်းဖို့ အမျိုးသမီးအစောင့်တွေက စေခိုင်းမှုတွေလည်း ရှိနေပါတယ်။

“မီးလောင်သလိုပါပဲ” လို့ အမျိုးသမီးတစ်ဦးက ပြန်ပြောင်း ပြောကြားခဲ့ပါတယ်။

ဒီစွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ဝါရှင်တန်ပို့စ်သတင်းဌာနက တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကို မေးမြန်းရာမှာ ပြီးခဲ့တဲ့လက ထုတ်ပြန်ခဲ့တဲ့ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး၊ ပညာရေးနဲ့ လေ့ကျင့်သင်ကြားပေးရေးဆိုင်ရာ စက္ကူဖြူစာတမ်းကို ပြန်ဖတ်ဖို့ ညွှန်းခဲ့ပါတယ်။ အဲဒီ စာတမ်းမှာ ‘သင်တန်းသူ၊ သင်တန်းသားများ၏ အခြေခံအခွင့်အရေးကို ကာကွယ်ပေးရေး’ အခန်းကဏ္ဍတစ်ခုလည်း ပါဝင်ပါတယ်။

“ဒီစက္ကူဖြူစာတမ်းကိုသာ သေချာဖတ်မယ်ဆိုရင် ဒီလိုမေးခွန်းတွေ ဖြစ်လာမှာ မဟုတ်ဘူး” လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖက်စ်နဲ့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

တရုတ်နဲ့ ကုန်သွယ်ရေးစစ်ပွဲ အထွပ်အထိပ်ရောက်ခဲ့တဲ့ ဇူလိုင်လမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုက ဝီဂါတွေအပေါ် တရုတ်ရဲ့ ညှင်းပမ်းမှုဟာ ရာစုနှစ်ရဲ့ အစွန်းအထင်းလို့ သမုတ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီတုန့်ပြန်မှုဟာ အရာမထင်ဘဲ မွတ်စလင်အများစုရှိရာ နိုင်ငံတွေကိုယ်တိုင်က တရုတ်ဖက်ကနေ ရပ်တည်ခဲ့ကြပါတယ်။

အရှေ့ဖက်က အင်အားအလွန်ကြီးတဲ့ အိမ်နီးချင်းနိုင်ငံရဲ့ ကျူးလွန်မှုတွေကို ရှုတ်ချက်ဖို့အတွက် ကာဇက်စတန် အစိုးရကောင် နောက်တွန့်နေပါတယ်။

သမ္မတရှီကျင့်ဖျင်ရဲ့ ကြီးကျယ်တဲ့ Belt and Road အခြေခံအဆောက်အဦး စီမံကိန်းဟာ ကာဇက်စတန်ရဲ့ တည်ငြိမ်ရေးနဲ့ သဘာ၀ရင်းမြစ်တွေအတွက် အားထားစရာ ဖြစ်နေတာပါ။  တရုတ်ရဲ့ လွှမ်းမိုးမှုတွေကို ကာဇက်စတန်က မြို့တော်တော်များများမှာ အထင်အရှား တွေ့မြင်နေရပါပြီ။

ဒါပေမယ့် ကာဇက်လူမျိုး ၁.၅ သန်းလောက်ရှိတဲ့ ရှင်ကျန်းပြည်နယ်ကနေ သတင်းအချက်အလက် ပေါက်ကြားမှုကြောင့် တရုတ်ငြိုငြင်မှာကြောက်ပြီး နှုတ်ဆိတ်နေတဲ့ ကာဇက်စတန်ရဲ့ အနေအထားဟာ ပြောင်းလဲလာနိုင်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံက အကျဉ်းစခန်းတွေမှာ ထိန်းသိမ်းခံခဲ့ရပြီး လက်ရှိ ချို့တဲ့တဲ့ ကာဇက်စတန်က ရွာတွေမှာ နေထိုင်‌နေကြသူတွေကတော့ တရုတ်နိုင်ငံမှာ ငဲ့ညှာစရာ အမျိုးတွေရှိ‌နေပေမယ့် သူတို့ ခံစားခဲ့ရတာတွေကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောလာကြပါတယ်။

“အရင် ကျွန်မ ဒါတွေကို ထုတ်မပြောဘဲ အချိန်အတော်ကြာ မြိုသိပ်ထားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မမပြောရင် ဘယ်သူကပြောမလဲ” လို့ သူငယ်ချင်းဖြစ်သူရဲ့အိမ်မှာ နေထိုင်နေတဲ့ အသက် ၃၂ နှစ်အရွယ် Rakhima Senbay က ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်အထိ တရုတ်နိုင်ငံသားဖြစ်နေပေမယ့် ပြီးခဲ့တဲ့နှစ် အကျဉ်းစခန်းက လွတ်မြောက်လာပြီးကတည်းက ကာဇက်စတန်ကို အမိမြေအဖြစ် သူမက သတ်မှတ်ထားခဲ့ပါတယ်။

ကလေး ၄ ဦးရှိတဲ့ Senbay ဟာ ၂၀၁၇ ခုနှစ်နှောင်းပိုင်းက ရှင်ကျန်းပြည်နယ်မှာ ထိန်းသိမ်းခံခဲ့ရပါတယ်။ ဖုန်းထဲမှာ WhatsApp အက်ပလီကေးရှင်း ရှိတယ်ဆိုတဲ့ ပြစ်ချက်နဲ့ပါ။ အဲဒီနောက်မှာတော့ ဆရာဝန်က သူမရဲ့ သားအိမ်ထဲကို သန္ဓေတားပစ္စည်း အဓမ္မ ထည့်သွင်းခဲ့ပါတယ်။

“မထည့်ချင်ဘူးလို့ ကျွန်မ သူ့ကိုပြောပါတယ်။ ဒါပေမယ့် သူက အကျဉ်းစခန်းကိုရောက်လာတဲ့ အမျိုးသမီးတိုင်းဟာ ဒါမျိုးထည့်ရမယ်လို့ ပြန်ပြောတယ်” လို့ Senbay က ပြောကြားခဲ့ပါတယ်။

ကာဇက်တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ Gulzhan ကတော့ အမျိုးသမီး ၇ ဦးလောက်က သူတို့ဟာ ဒီလိုအဖြစ်အပျက်မျိုး ကြုံခဲ့ရတယ်ဆိုတာ ဖွင့်ဟခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

“လွန်ခဲ့တဲ့ ၄ လ ကျွန်မစာရင်းစကောက်တုန်းက ကြားရတာတွေပါ။ နောက်ထပ် ဘယ်လောက်ရှိလဲဆိုတာ စဉ်းစားသာ ကြည့်ကြပါတော့”

Ref: Washington Post

(ဝါရှင်တန်ပို့စ်တွင် ဖော်ပြထားသည့် China accused of genocide over forced abortions of Uighur Muslim women as escapees reveal widespread sexual torture ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

Comments are closed.