5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)


ဇန်နဝါရီ ၁၃၊ ၂၀၂၀
M-Media

စပိန်စူပါဖလားကို ရီးယဲလ်မက်ဒရစ်ဆွတ်ခူး
==============
မနေ့က ဆော်ဒီအာရေဗျနိုင်ငံမှာ ကစားခဲ့တဲ့ စပိန်စူပါဖလား နောက်ဆုံးဗိုလ်လုပွဲမှာ ရီးယဲလ်မက်ဒရစ်က အက်သလက်တီကိုမက်ဒရစ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရဗိုလ်စွဲသွားပါတယ်။ စူပါဖလားကို အခုနှစ်မှာ ပုံစံသစ်နဲ့ ကျင်းပတာဖြစ်ပြီး လာလီဂါက ဆင့် ၁နဲ့ ၂၊ စပိန်ဘုရင့်ဖလားက ပထမနဲ့ ဒုတိယရတဲ့အသင်း စုစုပေါင်း ၄ သင်း ယှဉ်ပြိုင်ကစားရတာ ဖြစ်ပါတယ်။

တိုက်စစ်မှူးအဂူရိုကို ပက်ပ်ဂွါဒီယိုလာ ချီးကျူး
================
တိုက်စစ်မှူး ဆာဂျီယိုအဂူရိုဟာ ဂိုးသွင်းရင်း သေဆုံးမယ့် ကစားသမားလို့ မန်စီးနည်းပြ ပက်ပ် ဂွါဒီယိုလာက ချီးကျူးလိုက်ပါတယ်။ မနေ့က အက်စတွန်ဗီလာအသင်းကို ၆ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အသက် ၃၁ နှစ်အရွယ် အဂူရိုဟာ ဟက်ထရစ် သွင်းယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် သွင်းဂိုး စုစုပေါင်း ၁၇၇ ဂိုးရှိလာပါတယ်။ ဒါ့ကြောင့် ပရီးမီယားလိဂ်မှာ ဂိုးအများဆုံးသွင်းနိုင်တဲ့ နိုင်ငံခြားကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဂွါဒီယိုလာက အဂူရိုဟာ ဂန္တဝင်ကစားသမားတစ်ဦး ဖြစ်ပြီး စံချိန်သစ်တစ်ခုရရှိချိန် မန်စီးတီးမှာ ရှိနေတာဟာ ဂုဏ်ယူဖွယ်ရာတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

ဘာစီလိုနာတိုက်စစ်မှူးဆွာရက်ဇ် ဒူးဒဏ်ရာကြောင့် ၄ လတာ အနားယူရမည်
=================
ဘာစီလိုနာတိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်ဟာ တနင်္ဂနွေနေ့က ဒူးခေါင်း ခွဲစိတ်မှု ပြုလုပ်ခဲ့ပြီးတဲ့နောက် ၄ လ‌ကြာ အနားယူရမှာဖြစ်ပြီး အခုနှစ်ဘောလုံးရာသီ လက်ကျန်ပွဲစဉ်တွေအားလုံးကို လွဲချော်မှာ ဖြစ်ပါတယ်။ သောကြာနေ့က ကစားခဲ့တဲ့ စူပါဖလား ဆီမီးဖိုင်နယ် အက်သလက်တီကိုကို ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ရခဲ့တဲ့ ဒီဒဏ်ရာဟာ လာလီဂါကို ဦးဆောင်နေတဲ့ ဘာစီလိုနာအသင်းအတွက် ထိုးနှက်ချက်တစ်ခုလည်း ဖြစ်ပါတယ်။ အသက် ၃၂ နှစ်အရွယ် ဆွာရစ်ဇ်ဟာ အခုရာသီမှာ ဘာစီလိုနာအသင်းအတွက် ၂၃ ပွဲကစား ၁၄ ဂိုး သွင်းယူပေးထားပါတယ်။

Ref : BBC, Goal

Comments are closed.