5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၁၆၊ ၂၀၂၀
M-Media

အဖမ်းခံခဲ့ရသည့် ဟူတူစီးပွားရေးသမား ဖီလီစီယန် ကာဘူဂါ

-တွတ်ဆီလူမျိုးတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ ရဝမ်ဒါ လူမျိုးတုန်းသတ်ဖြတ်မှုမှာ ပါဝင်ခဲ့သူ တစ်ဦးကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ဒီကနေ့ ဖမ်းဆီးရမိခဲ့ပါတယ်။

အသက် ၈၄ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဟူတူစီးပွားရေးသမား ဖီလီစီယန် ကာဘူဂါဟာ ၁၉၉၄ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုမှာ ဟူတူ ပြည်သူ့စစ်တွေကို ငွေကြေးထောက်ပံ့ခဲ့သူ ဖြစ်ပါတယ်။ ကာဘူဂါဟာ လူမျိုးတုန်းသတ်ဖြတ်မှု၊ ပူးပေါင်းကြံစည်မှု စတဲ့ စွဲချက် ၇ ချက်နဲ့ ၁၉၉၇ ခုနှစ်မှာ ကုလရာဇဝတ်ခုံရုံး IRMCT ရဲ့ တရားစွဲဆိုမှုကို ခံခဲ့ရပါတယ်။

ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ ကွန်ဂို၊ ကင်ညာ၊ ဆွစ်ဇာလန်နဲ့ ပြင်သစ်နိုင်ငံတွေမှာ ၂၆ နှစ်ကြာ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီးတဲ့နောက် အခုလို ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ပြင်သစ် တရားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ကာဘူဂါဟာ မှတ်ပုံတင်အတုနဲ့ နေထိုင်ခဲ့တာဖြစ်ပြီး မေလ ၁၆ ရက်နေ့ မနက်အစောပိုင်းက ပဲရစ်မြို့အနီးမှာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ကာဘူဂါဟာ ရဝမ်ဒါမှာ လူမျိုးတုန်းသတ်ဖြတ်မှုအတွက် အလိုအရှိဆုံးသူဖြစ်ပြီး အမေရိကန်ကလည်း သူ့ရဲ့ ဦးခေါင်းအတွက် ကန်ဒေါ်လာ ၅ သန်း ဆုကြေးငွေ ထုတ်ထားပါတယ်။

၁၉၉၀ ပြည့်နှစ်ကစလို့ ရဝမ်ဒါမှာ ဟူတူနဲ့ တွတ်ဆီလူမျိုးတွေအကြား ပြည်တွင်းစစ် ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းမှာ လူများစုဖြစ်တဲ့ ဟူတူလူမျိုးတွေက တွတ်ဆီတွေအပေါ် အမုန်းဝါဒဖြန့်ပြီး စီမံကိန်းချ သတ်ဖြတ်ခဲ့ကြပါတယ်။

၁၉၉၄ ခုနှစ်က ရက်ပေါင်း ၁၀၀ ကာလအတွင်း သက်ကြီးရွယ်အို၊ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် တွတ်ဆီလူမျိုး ၈ သိန်းလောက် အသတ်ခံခဲ့ရပါတယ်။

ကာဘူဂါကို ပဲရစ်ခုံရုံးမှာ တရားစွဲဆိုမှာဖြစ်ပြီး နောက်ပိုင်းမှာ သည်ဟေ့ဂ်က နိုင်ငံတကာရာဇဝတ်ခုံရုံး တင်သွားမယ်လို့ ပြင်သစ်တရားရေးဌာနရဲ့ ကြေငြာချက်က ဆိုပါတယ်။

“လူမျိုးတုန်းသတ်ဖြတ်မှုအတွက် တာဝန်ရှိသူဟာ ၂၆ နှစ် ကြာသွားပေမယ့်လည်း သူ့လုပ်ရပ်အတွက် တာဝန်ယူရမယ်ဆိုတာ ဖီလီစီယန် ကာဘူဂါကို ဖမ်းဆီးမှုက မီးမောင်းထိုးပြနေပါတယ်”

ရဝမ်ဒါက လူမျိုးတုန်းသတ်ဖြတ်မှုအတွက် အခြားတာဝန်ရှိသူ ၂ ဦးဖြစ်တဲ့ အော်ဂတ်စတင် ဘီဇီမာနာနဲ့ ပရိုတာအစ် အမ်ပီရန်ယာတို့ဟာ လက်ရှိအချိန်အထိ ထွက်ပြေးတိမ်းရှောင်နေပါတယ်။

Ref: Reuters

Tags:

Comments are closed.