2 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
2 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
2 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
3 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
3 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
3 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
3 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
3 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
3 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
3 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၊၇ ၂၀၂၀
M-Media


-တရုတ်နိုင်အနောက်ပိုင်း ရှင်ကျန်းပြည်နယ်က ၀ီဂါနဲ့ အခြားလူနည်းစုတွေ ဖိနှိပ်ညှင်းပမ်းခံနေရတာကို လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုက ဖော်ထုတ်ပြီး တရုတ်အစိုးရကို အရေးယူနိုင်ဖို့ စီစဥ်နေပါတယ်။

အစ္စလာမ်ဘာသာ၀င်တွေဖြစ်ကြတဲ့ ၀ီဂါနဲ့ အခြားလူနည်းစုတွေကို တရုတ်အစိုးရက အကျဥ်းစခန်းတွေမှာ ပိတ်လှောင်ပြီး ညှင်းပမ်းတာ၊ အဓမ္မလုပ်အားခိုင်းစေတာ၊ အမျိုးသမီးတွေကို မြုံအောင်လုပ်တာ စတဲ့ ဖိနှိပ်မှုတွေ ရှိတယ်လို့ နိုင်ငံတကာ သတင်းဌာနတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေက ဖော်ထုတ်ခဲ့ကြပါတယ်။

ဒီအထောက်အထားတွေကို ဖော်ထုတ်ပြီး ဥပဒေကြောင်းအရ လုပ်ဆောင်ဖို့ ကမ္ဘာ့၀ီဂါကွန်ဂရက်က တိုက်တွန်းခဲ့ပြီးတဲ့နောက်ပိုင်း မိမိတို့အနေနဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ Uighur Tribunal ဖွဲ့စည်း ဆောင်ရွက်သွားမယ်လို့ ဗြိတိန်က နာမည်ကျော်ရှေ့နေ ဆာ ဂျီယိုဖရီ နိုက်စ် ကျူစီက စက်တင်ဘာ ၃ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

တရုတ်နိုင်ငံဟာ Rome Statue ကို လက်မှတ်မထိုးထားတဲ့အတွက် နိုင်ငံတကာ ခုံသမာဓိရုံးနဲ့ အခြားနိုင်ငံတကာ အဖွဲ့အစည်းတွေဟာ တရုတ်နိုင်ငံအပေါ် တရားစီရင်ပိုင်ခွင့် မရှိပါဘူး။

အခုဆောင်ရွက်မယ့် Uighur Tribunal ဟာလည်း တရုတ်အစိုးရရဲ့ ရာဇ၀တ်မှုတွေကို အပြည့်အ၀ စုံစမ်းစစ်ဆေးပြီး တာ၀န်ရှိသူတွေကို တရားစွဲဆိုနိုင်မှာ မဟုတ်ပေမယ့် ရက်စက်ကြမ်းကြုတ်မှုတွေကို နိုင်ငံတကာအသိုင်းအ၀ိုင်းက ပိုပြီး အလေးထားနိုင်စေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

Ref: Forbes

Comments are closed.