5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၂၂၊ ၂၀၂၀
M-Media

-ဝမ်းမ၀၊ ခါးမလှတဲ့အခြေအနေအမျိုးကနေ ရုန်းထွက်နိုင်မယ့် ကောက်ရိုးတစ်မျှင်ကို တွေ့တဲ့အခါမှာ မြန်မာနိုင်ငံက နွမ်းပါးတဲ့အမျိုးသမီးတွေဟာ ဒီကောက်ရိုးမျှင်ကိုဆွဲကိုင်လိုက်ရပ​ြီး လိင်အလုပ်သမတွေ ဖြစ်လာပါတော့ပါတယ်။

မြန်မာနိုင်ငံဟာ ဆင်းရဲမွဲတွေမှုဒဏ်ကို ကြာရှည်စွာ ခံလာရတဲ့ တိုင်းပြည်တစ်ခုဖြစ်တဲ့အတွက် ပြည်သူတော်တော်များများဟာ ဘ၀ရှင်သန်ရပ်တည်ဖို့ အခြေခံလိုအပ်ချက်တွေကို မရရှိဘဲ ချို့တဲ့စွာ နေထိုင်ကြရပါတယ်။ အာရှဖွံဖြိုးရေးဘဏ်ရဲ့ ၂၀၁၇ ခုနှစ်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံလူဦးရေရဲ့ ၂၄.၈ ရာခိုင်နှုန်းဟာ ​တိုင်းပြည်ရဲ့ ဆင်းရဲမွဲတေမှုသတ်မှတ်ချက်အောက်မှာ နေထိုင်နေရတယ်လို့ ဖော်ပြထားပါတယ်။ လူဦးရေ ၁၃ သန်းလောက်ဟာ တစ်နေ့ဝင်ငွေ ၁၅၉၀ ကျပ်အောက်သာ ရရှိတယ်လို့ ဆိုလိုတာပါ။

လူ့အဖွဲ့အစည်းအပြင်က ဘ၀များ

ဒီလိုအခြေအနေဆိုးကြောင့် မြန်မာအမျိုးသမီးတွေဟာ တရားမဝင်၊ အာမခံချက်မရှိတဲ့ လိင်လုပ်ငန်းထဲကို ဝင်ရောက်လုပ်ကိုင်လာကြရပါတယ်။

“များသောအားဖြင့် အသက် ၃၀ ကျော်အရွယ် လူသစ်စုဆောင်းသူတွေက ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေရှိရာ ကျေးလက်တောရွာတွေကို သွားရောက်ပြီး လူသစ်စုတယ်။ သင့်တော်တဲ့ငွေပေးပြီး သူတို့ဆီမှာ နှစ်လလောက် အလုပ်လုပ်ရမယ်ဆိုတဲ့ စာချုပ်မျိုးကို လက်မှတ်ထိုးခိုင်းပါတယ်” လို့ ရန်ကုန်က တရုတ်လုပ်ငန်းရှင် Zhou က ပြောပါတယ်။

နွမ်းပါးတဲ့အခြေအနေမှာ နေထိုင်ရတာ​ကြောင့် မိသားစုကလည်း သူတို့သမီးတွေကို လိုလိုချင်ချင် ထည့်ပေးကြပါတယ်။

“​အဲဒီအထဲက တစ်ချို့မိသားစုတွေဆိုရင် ဓနိမိုးတဲတွေ၊ သစ်သားအိမ်ငယ်လေးတွေမှာ လူ ၁၀ ယောက်ကျော်လောက် ပြွတ်သိပ်နေထိုင်ကြရတာပါ”

သမီးတွေကို ဒီလိုထည့်လိုက်ဖို့ အကြောင်းအရင်းတွေထဲကတစ်ခုက သားသမီးတွေ အများကြီးရှိနေတာပါ။ ဗုဒ္ဓဘာသာဝင်အများစုရှိတ့ဲ မြန်မာနိုင်ငံမှာ ကိုယ်ဝန်ဖျက်ချမှုဟာ တရားမဝင်ကိစ္စတစ်ခုဖြစ်ပြီး ကိုယ်ဝန်တားဆေးတွေ ဝယ်ဖို့ကိုလည်း တော်တော်များများက ရှက်ရွံ့ကြပါတယ်။ ဒါ့ကြောင့် အမျိုးသမီးတွေဟာ ကလေးမွေးဖို့ကလွဲရင် အခြားရွေးစရာမရှိဘဲ ဒီလိုနည်းနဲ့ မိသားစုဝင်တွေ များပြားလာပါတယ်။

“ကလေးတွေကို ကျွေးမွေးစောင့်ရှောက်ဖို့ မစွမ်းနိုင်ကြတဲ့အတွက် မိဘတွေက သူတို့သမီးငယ်တွေ ဘာအလုပ်မျိုး လုပ်ရမယ် ဆိုတဲ့ပေါ်မှာလည်း သိပ်ပြီး ဂရုမထားနိုင်တော့ပါဘူး။ ဒါပေမယ့် မိန်းကလေးငယ်တွေကို ဝယ်လိုက်တာမျိုးမဟုတ်ဘဲ အခြားနေရာတစ်ခုမှာ အလုပ်လုပ်ဖို့ စာချုပ်နဲ့ ခေါ်လိုက်တာမျိုးသာ ဖြစ်ပါတယ်” လို့ Zhou က ဆိုပါတယ်။

တစ်ချို့အမျိုးသမီးတွေကြ​တော့ လိင်ဖျော်ဖြေရေးလုပ်ငန်းမှာ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေ ရှိတဲ့အတွက် ဒီလုပ်ငန်းတွေထဲကို ရောက်လာပြီး ပုံမှန်အခြေအနေမှာ မရတဲ့ ငွေကြေးရှာဖွေရေး နည်းလမ်းတွေကို သင်ယူတတ်မြောက်လာခဲ့ကြပါတယ်။

“အလုပ်အကိုင်အခွင့်အလမ်းက သိပ်မရှားပေမယ့် အလုပ်တော်တော်များများက လခအလွန်နည်းပါတယ်။ တစ်ချို့ လိင်အလုပ်သမတွေဆိုရင် ငွေ ၈ သောင်းလောက်ကို တစ်ညလောက်တည်းနဲ့ ရှာနိုင်ပါတယ်။ ဒီပမာဏဟာ အခြားအလုပ်လုပ်ရင် ရတဲ့လခထက်တောင် ပိုများနေပါသေးတယ်”

မြန်မာနိုင်ငံမှာ လိင်အလုပ်သမဖြစ်သွားသူ တော်တော်များများဟာ ငွေ​ရေးကြေးရေးအခက်အခဲကြောင့် ဒီဘ၀ကို ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ CARE International ရဲ့ ၂၀၁၅ ခုနှစ် အစီရင်ခံစာမှာ အလုပ်အကိုင်ခက်ခဲတာ၊ မီခိုတဲ့မိသားစုဝင်တွေများပြီး သူတို့တွေကို ထောက်ပံ့ရတာတွေက အမျိုးသမီး ဒီလိုအလုပ်မျိုးထဲရောက်လာဖို့ အဓိကအကြောင်းအရင်းတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

တစ်ချို့အမျိုးသမီးတွေဟာ လိင်ဖျော်ဖြေရေးအလုပ်ထဲမရောင်ခင် အခြားအလုပ်တွေလုပ်ဖို့ စဉ်းစားခဲ့ကြပေမယ့် လခ ၂၅၀၀၀ လောက်သာရတဲ့ ရှော့ပင်းမောလ်အရောင်းစာရေး၊ လခ ၃၅၀၀၀ လောက်သာရတဲ့ စာပွဲထိုးအလုပ်လို အလုပ်မျိုးတွေက ဝင်ငွေဟာ သူတို့မိသားစုတွေကို မထောက်ပံ့နိုင်ပါဘူး။

အဲဒီအမျိုးသမီးတွေ လိင်ဖျော်ဖြေရေးလုပ်ငန်းထဲကို ဝင်ရောက်လာတဲ့အခါမှာလည်း​ ကွန်ဒုံးအသုံးပြုမှု မတွင်ကျယ်တာကြောင့် HIV/AIDS နဲ့ အခြား လိင်ပိုင်းဆိုင်ရာ ကူးစက်ရောဂါတွေ ဖြစ်ပွားဖို့ အလွန်လွယ်ကူပါတယ်။

အရွယ်ရောက်ပြီးလူတွေမှာ HIV ကူးစက်မှုနှုန်း မြင့်မားတဲ့ အာရှနိုင်ငံတွေစာရင်းထဲမြန်မာနိုင်ငံလည်းပါဝင်ပါတယ်။ HIV/AIDS ကူးစက်ခံရသူအရေအတွက်ဟာ မြန်မာနိုင်ငံမှာ ၂၄၀၀၀၀ ဝန်းကျင်ရှိပြီး၊ လိင်အလုပ်သမတွေက ကူးစက်ခံရဖို့ အလွန်လွယ်ကူတဲ့ အဓိကအုပ်စုတွေထဲမှာ ပါဝင်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း ​HIV ကူးစက်မှုနှုန်းဟာ သိသိသာသာ ကျဆင်းခဲ့ပေမယ့် ကူးစက်နှုန်းကတော့ မြင့်တက်နေတုန်းပါ။ ပြီးခဲ့တဲ့နှစ်အတွင်းမှာပဲ ထပ်မံကူးစက်သူအရေအတွက်ဟာ တစ်သောင်းဝန်းကျင်ရှိတယ်လို့ UNAIDS အဖွဲ့က ပြောပါတယ်။

HIV နဲ့ပတ်သက်ပြီး သိရှိမှုအားနည်းတာအပြင် အကာကွယ်မဲ့ လိင်ဆက်ဆံမှုအတွက် ငွေကြေးပိုရတာ၊ မန်နေဂျာတွေက သွားလာမှု ချုပ်ချယ်မှုကန့်သတ်တာ၊ လိင်ဆက်ဆံဖော်တွေက သဘာ၀အတိုင်းသာ ဆက်ဆံလိုတာ စတာတွေက လိင်အလုပ်သမတွေမှာ ကွန်ဒုံးအသုံးပြုမှု မရှိခြင်းရဲ့ အကြောင်းအရင်းတွေဖြစ်တယ်လို့ CARE ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

“သူတို့ကို ကိုင်တွယ်စေခိုင်းနေတဲ့ အဖွဲ့အစည်းအများစုက ကွန်ဒုံးတွေ မထောက်ပံ့ပေးပါဘူး။ လိင်အလုပ်သမ တော်တော်များများအတွက် ကွန်ဒုံးဝယ်ဖို့ အဆင်မပြေတဲ့အတွက် ဆက်ဆံဖော်တွေက ယူလာတဲ့အခါမျိုးမှသာ အသုံးပြုခွင့် ရကြပါတယ်” လို့ Zhou က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြည့်တန်ဆာလုပ်ငန်းဟာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေပြီး ပျမ်းမျှအားဖြင့် လိင်အလုပ်သမ ၆၆၀၀၀ လောက် ရှိနေပါတယ်။

ဒါပေမယ့် ဒီလုပ်ငန်းကို ရဲတပ်ဖွဲ့က လုံး၀နီးနီး လစ်လျူရှုထားတယ်လို့ Zhou က ဆိုပါတယ်။

“ရဲတပ်ဖွဲ့ဟာ မူးယစ်ဆေးနဲ့ လောင်းကစားလုပ်ငန်းတွေကို နှိမ်နှင်းတဲ့နေရာမှာပဲ သူတို့ရဲ့အင်အားတွေကို အဓိကထား အသုံးပြုပါတယ်။ အခြားရွေးစရာလမ်းမရှိတဲ့အတွက် လိင်အလုပ်သမ၀ဘကို ရောက်ကြရတဲ့ အမျိုးသမီးတွေကိုတော့ တစ်ချို့ ရဲတပ်ဖွဲ့ဝင်တွေက စာနာကြပါတယ်”

ပြည့်တန်ဆာလုပ်ငန်းကို ထိန်းကျောင်းတဲ့ ရဲလုပ်ငန်းစဉ်မျိုး မရှိတာကြောင့် ဒီလုပ်ငန်းမှာ ခြစားမှု ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာတာ၊ အန္တရာယ်ကင်းကင်းနေနိုင်ရေးအတွက် လိင်အလုပ်သမတွေဟာ ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရတွေမျိုးတွေ ရှိလာပါတယ်။ အစိုးရကဦးဆောင်တဲ့ ဖမ်းဆီးမှုမျိုးတွေလုပ်မယ်ဆိုရင် ရဲတပ်ဖွဲ့ဝင်တွေက ဆောင်ကြာမြိုင်ပိုင်ရှင်တွေကို လာဘ်ငွေယူပြီး ​ကြိုတင်အကြောင်းကြားပေးတာ၊ လိင်အလုပ်သမတွေကလည်း ဖမ်းဆီးခံရမှာ စိုးရိမ်တဲ့အတွက် ရဲတွေကို ပျော်ပါးပေးရတာမျိုး ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်လေ့ရှိပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုတွေ အထူးသဖြင့် ရဲနဲ့ ကျန်းမာရေးစောင့်​ရှောက်တဲ့ အဖွဲ့အစည်းတွေက ချိုးဖောက်တာမျိုးကို တိုင်ကြားဖို့ လိင်အလုပ်သမတွေအတွက် မလွယ်ဘူးလို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ Asia Pacific Network of Sex Workers အဖွဲ့ရဲ့ ဒေသဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးမှူး ​မကေသီဝင်းက တစ်ချို့အခြေအနေမျိုးတွေမှာဆိုရင် ကွန်ဒုံးကို သက်သေခံအထောက်အထားလုပ်ကာ ဖမ်းဆီးတာမျိုးအထိ ရှိတယ်လို့ ဆိုပါတယ်။

မိအေးနှစ်ခါနာ

မြန်မာနိုင်ငံက အမျိုးသမီးတွေဟာ စစ်ပွဲရဲ့ဒဏ်ကိုလည်း ဆိုးဆိုးဝါးဝါး ခံစားကြရပတယ်။ နိုင်ငံမြောက်ပိုင်းက ပဋိပက္ခတွေဖြစ်နေတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာဆိုရင် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ​ အရေအတွက်ရဲ့ ၇၆ ကနေ ၇၈ ရာခိုင်နှုန်းက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေပါ။

လိင်ကွဲပြားမှု အဟန့်အတားကြောင့် အဲဒီက အမျိုးသမီးတွေဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ၊ လူမှုစီးပွား ဖွံဖြိုးတိုးတက်ရေး အစီအမံတွေက အကျိုးကျေးဇူးတွေကို အပြည့်အ၀ မခံစားရဘဲ၊ သူတို့အတွက် သီးသန့် အထူးလိုအပ်ချက်တွေလည်း လစ်လျူရှုခံထားရတယ်လို့ ရန်ကုန်မြို့က နိုင်ငံတကာ ရွေ့ပြောင်းအခြေချသူများဆိုင်ရာအဖွဲ့ IOM က .. စီမံကိန်းတာဝန်ရှိသူ ဟဲလီနာ ဆန်ဒက်စ်ဂျိုက ပြောပါတယ်။

အလုပ်အကိုင်အခွင့်အလမ်း နည်းပါးတာကြောင့် နယ်စပ်ကိုဖြတ်ပြီး တရုတ်နိုင်ငံမှာ ပိုမိုကောင်းမွန်တဲ့ အသက်မွေးနည်းလမ်းမျိုး ရှာဖွေတဲ့ မြန်မာအမျိုးသမီးတွေ၊ အသက်မပြည့်တဲ့ မိန်းက​လေးငယ်တွေဟာ လူကုန်ကူးခံရတာ၊ လိင်အမြတ်ထုတ်ခံရတာ၊ အဓမ္မလက်ထပ်ခံရတာ စတဲ့ အန္တရာယ်မျိုးတွေ ရှိနေပါတယ်။ မြန်မာအမျိုးသမီးတွေကို လူကုန်ကူးပြီး တရုတ်အမျိုးသားတွေနဲ့ အဓမ္မလက်ထပ်ခိုင်းမှုဟာ တရုတ်နိုင်ငံက တစ်ချို့ဒေသတွေမှာ ကျား၊ မ အချိုးအစား မညီတာကနေ ပေါ်ပေါက်လာတဲ့ ရာဇဝတ်မှုတစ်ခု ဖြစ်ပါတယ်။

လိင်ကုန်ကူးမှုကို နှိမ်နှင်းဖို့နဲ့ ကယ်ဆယ်ထားရသူတွေကို ပြန်ပိုဖို့အတွက် ​နှစ်နိုင်ငံစလုံးက အာဏာပိုင်တွေဟာ NGO အဖွဲ့အစည်းတွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေကြပါတယ်။ ဒါပေမယ့် တစ်ဖက်နိုင်ငံသွားပြီး အလုပ်လုပ်သူတွေ၊ လူကုန်ကူးခံရမှုကနေ လွတ်မြောက်လာသူတွေ အပါအဝင် နိုင်ငံခြားက ပြန်လာတဲ့ အမျိုးသမီးတွေကတော့ မြန်မာနိုင်ငံက ရှေးရိုးစွဲ အပြုအမူတွေကြောင့် မူလလူ့အဖွဲ့အစည်းအတွင်း ပြန်လည်ဝင်ဆံ့ရေးမှာ အခက်အခဲတွေကို ကြုံရလေ့ရှိပါတယ်။

ပတ်ဝန်းကျင်ရဲ့ ဖယ်ကျဉ်ခံရမှုကြောင့် ပြန်လည်ဝင်ဆံ့ရေး ရုန်းကန်ရင်း ဘေးထပ်ရောက်သွားပြီး၊ အမြတ်ထုတ်ခံရမှု၊ လူကုန်ကူးမှုသံသရာထဲ ထပ်ရောက်သွားနိုင်ချေရှိတယ်လို့လည်း IOM က ပြောကြားခဲ့ပါတယ်။

တစ်ဖက်နိုင်ငံမှာ အလုပ်သွားလုပ်ရမှု၊ လူမျိုးခြားနဲ့ လက်ထပ်ရမှုတွေဟာ စိတ်ထွက်ပေါက်တစ်ခုအတွက်အကြောင့်မဟုတ်ဘဲ ရွေးချယ်စရာ အခြားနည်းလမ်းတွေမရှိတဲ့အတွက် ဖြစ်တယ်လို့လည်း ဒီအဖွဲ့က ဆိုပါတယ်။

“အမျိုးသမီးတွေကို ထိခိုက်ခံစားရသူဆိုတာထက် အပြောင်းအလဲမောင်းနှင်အားလို့ ရှုမြင်ဖို့၊ ကိုယ်တိုင် ဆုံးဖြတ်နိုင်အောင် စွမ်းအားမြှင့်တင်ပေးဖို့ အရေးကြီးပါတယ်” လို့ ဆန်ဒက်စ်ဂျိုက ပြောပါတယ်။

အန္တာရယ်ကင်းတဲ့ နိုင်ငံခြားအလုပ်အကိုင်အကြောင်း သတင်းအချက်အလက်၊ လူသားချင်းစာနာ​ထောက်မှုဆိုင်ရာ အကူအညီတွေ၊ ဖွံဖြိုးတိုးတက်ရေးကိစ္စ ဆောင်ရွက်ရာမှာ ဝင်ငွေရရှိနိုင်မယ့် လုပ်ငန်းတွေ ရွေးချယ်နိုင်ခွင့် စတာတွေကို အမျိုးသမီးတွေထံ အသိပေးဖို့နဲ့ ခွဲခြားဆက်ဆံမှု လျော့ချရေး လုပ်ဆောင်ဖို့လိုအပ်တာကိုလည်း သူကမ ထောက်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေ ပုံမှန်သွားရောက် လုပ်ကိုင်နိုင်ရေး တရုတ်နဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို တိုးတက်အောင် ဆောင်ရွက်ခြင်းက အမျိုးသမီးတွေ လူကုန်ကူးခံရမှုနဲ့ အမြတ်ထုတ်ခံရမှုတွေ လျှော့ချရမှာ အကူအညီ ဖြစ်စေလိမ့်မယ်လို့လည်း ဆန်ဒက်စ်ဂျိုက ထည့်သွင်းပြောကြားခဲ့ပါတယ်။

(CGTN သင်းဌာနတွင် ဖော်ပြထားသည့် Poverty traps Myanmar women in a life of sexual exploitation ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

Comments are closed.