6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၂၉၊ ၂၀၂၀
M-Media

လီဗာပူးလ်ကို ယှဉ်နိုင်သည့်အဆင့်အထိ အာဆင်နယ် မရောက်သေး

လီဗာပူးလ်ကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ မနေ့ကပွဲအတွက် စိတ်မပျက်မိဘဲ ပြိုင်ဘက်ဟာ မိမိတို့ထက် ပိုမိုသာလွန်ကောင်းမွန်တယ်လို့ အာဆင်နယ်နည်းပြ မီခေးလ် အာတီတာက ဝန်ခံခဲ့ပါတယ်။

အာဆင်နယ်ဟာ ဦးဆောင်ဂိုးရခဲ့ပေမယ့် ကစားကွက်ပိုင်းမှာ လီဗာပူးလ်ကို မယှဉ်နိုင်ခဲ့ပါဘူး။

အာတီတာက ကစားသမားတွေရဲ့ အားထုတ်မှုကို ချီးကျူးခဲ့ပြီး မိမိတို့ဟာ ၅ နှစ်လောက် တည်ဆောက်လာခဲ့တဲ့ လီဗာပူးလ်ကို ယှဉ်နိုင်တဲ့အဆင့် မရှိသေးကြောင်း၊ အသင်းတိုးတက်အောင် အများအပြားလုပ်ဆောင်ဖို့ လိုအပ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ရလဒ်ဆိုးများအတွက် ပရိတ်သတ်ကို ဖူလ်ဟမ်အသင်း တောင်းပန်

အဖွင့်ပွဲ ၃ ပွဲစလုံးမှာ နိုင်ပွဲမရသေးတဲ့အတွက် ဖူလ်ဟမ်အသင်း ဒုတိယဥက္ကဌ တိုနီခန်းက ပရိတ်သတ်တွေကို တောင်းပန်လိုက်ပြီး အသင်းကောင်းမွန်အောင် ပိုမိုလုပ်ဆောင်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

ချန်ပီယံရှစ်ကနေ play-off နဲ့ ပရီးမီးယားလိဂ်ကိုတက်လာတဲ့ ဖူလ်ဟမ်အသင်းဟာ ကစားသမား ၂ ဦးသာ ခေါ်ယူထားပြီး နောက်တန်း မတည်ငြိမ်မှုနဲ့ ပရီးမီးယားလိဂ်မှာ ဒုတိယပေးဂိုးအများဆုံး ဖြစ်နေပါတယ်။

နည်းပြ စကော့ပါကားကလည်း အခုနှစ်ဟာ ခက်ခဲတဲ့နှစ်ဖြစ်ပြီး ကြမ်းတမ်းတဲ့ စိန်ခေါ်မှုတွေကိုလည်း ရင်ဆိုင်ရမှာဖြစ်ကြောင်း ပရီးမီးယားလိဂ်မှာ ဆက်ရှိနေချင်ရင် ကြိုးပမ်းအားထုတ်ဖို့ လိုအပ်ပြီး ဒါမှမဟုတ်ရင်တော့ နောက်ရာသီမှာ တန်းဆင်းရနိုင်ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။

ဖူလ်ဟမ်အသင်းက ကစားသမား အနည်းဆုံး ၂ ဦးဟာ ကိုဗစ်ပိုးတွေ့ရှိတဲ့အတွက် သီးခြား စောင့်ကြည့်ကုသခံနေရပါတယ်။

ပရီးမီးယားလိဂ်တွင် တစ်ပတ်အတွင်း ကိုဗစ်ရှိသူ ၁၀ ဦးတွေ့

စက်တင်ဘာ ၂၁ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ပရီးမီးယားလိဂ် ကလပ်အသင်းတွေက ကစားသမားနဲ့ ဝန်ထမ်း ၁၅၉၅ ယောက်ကို ကိုဗစ်စစ်ဆေးရာမှာ ၁၀ ဦး ပိုးတွေ့ခဲ့ပါတယ်။

ပရီးမီးယားလိဂ်က အသင်း ၂၀ လုံးကို အပတ်စဉ် ပိုးစစ်နေတာပါ။ အခုတစ်ပတ်တွေ့ရှိသူတွေရဲ့စာရင်းကို ထုတ်ပြန်ခြင်းမရှိဘဲ ၁၀ ရက် သီးသန့်ခွဲထားတယ်လို့ ဆိုပါတယ်။

ရာသီအစကတည်းက ပရီးမီးလိဂ်မှာ ကိုဗစ်စစ်ခဲ့ရာမှာ စုစုပေါင်း ၂၀ ပိုးတွေခဲ့ပြီး အဲဒီအထဲမှာ ဝက်စ်ဟမ်း၊ မန်စီးတီး၊ ဖူလ်ဟမ် စတဲ့အသင်းက နည်းပြနဲ့ ကစားသမားတစ်ချို့ ပါဝင်ပါတယ်။

Ref: BBC

Comments are closed.