2 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
2 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
3 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
3 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
3 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
3 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
3 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
3 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
3 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
3 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၁၉၊ ၂၀၂၀
M-Media

-ရုရှားထံကနေ ဝယ်ယူထားတဲ့ နည်းပညာမြင့် S-400 ဒုံးခွင်းစနစ်ကို စမ်းသပ်အသုံးပြုရင် နောက်ဆက်တွဲဆိုးကျိုးတွေ ရင်ဆိုင်ရမယ်လို့ အမေရိကန်က တူရကီကို သတိပေးလိုက်ပါတယ်။

ပင်လယ်နက် ကမ်းရိုးတန်းဒေသမှာ S-400 ဒုံးခွင်းစနစ်ကို တူရကီက စတင်စမ်းသပ် အသုံးပြုဖို့ရှိနေပြီး ဒီအတွက် လေကြောင်းသတိပေးချက် ထုတ်ပြန်ထားတယ်လို့ Reuters သတင်းဌာနက ပြီးခဲ့တဲ့တစ်ပတ်မှာ ဖော်​ပြခဲ့ပါတယ်။

အမေရိရန်ကအစိုးရ ပြောရေးဆိုခွင့်ရှိသူ မော်ဂန် အော်တာဂက်စ်က ဒီသတင်းသာ မှန်ကန်မယ်ဆိုရင် ဒီလုပ်ရပ်ကိုရှုတ်ချကြောင်း၊ ဒါဟာ နေတိုးအဖွဲ့ဝင်နိုင်ငံရဲ့ တာဝန်၀တ္တရား၊ အမေရိကန်ရဲ့ မဟာဗျူဟာ မဟာမိတ်ဖြစ်မှုတွေနဲ့ မကိုက်ညီကြောင်း သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

“S-400 ဒုံးခွင်းစနစ်ကို အသုံးမပြုသင့်ဘူးဆိုတဲ့ အမေရိကန်ရဲ့သဘောထားကို ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ။ တူရကီက ဒီစနစ်ကို Activate လုပ်အသုံးပြုမယ်ဆိုရင် ကျွန်မတို့ကြားက လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးကို ဆိုးဆိုးရွားရွား ထိခိုက်နိုင်ခြေရှိတယ်ဆိုတာကိုလည်း ပြောထားပြီးသား ဖြစ်ပါတယ်”

တူရကီဟာ ပြီးခဲ့တဲ့နှစ်က S-400 ဒုံးခွင်းစနစ်ရဲ့ ရေဒါကို စမ်းသပ်အသုံးပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လမှာ စစ်ရေးလေ့ကျင့်မှုကနေ ပြန်လာတဲ့ ဂရိလေတပ်က F-16 တိုက်လေယာဉ်တစ်စင်းကို S-400 ရေဒါစနစ်နဲ့ ပစ်မှတ်ချိန်ခဲ့လို့ တူရကီဟာ ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။

S-400 ဝယ်ယူရေး ကန်ဒေါ်လာ ၂.၅ ဘီလီယံတန် စာချုပ်တစ်ခုကို တူရကီက ၂၀၁၇ ခုနှစ်မှာ ရုရှားနဲ့ ချုပ်ဆိုခဲ့ပြီး ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာတော့ ဒီစနစ်ကို စတင်လက်ခံရရှိခဲ့ပါတယ်။ အခုနှစ်ဧပြီလကစတင်ပြီး ဒီစနစ်ကို အသုံးပြုနိုင်ပြီလို့ တူရကီက ကြေငြာခဲ့ပေမယ့် အခုအချိန်အထိ Activate မလုပ်သေးပါဘူး။

S-400 ဒုံးခွင်းစနစ်ဟာ နေတိုးအဖွဲ့ရဲ့ ကာကွယ်ရေးစနစ်တွေနဲ့ ကိုက်ညီမှုမရှိဘူးလို့ဆိုကာ အမေရိကန် တူရကီကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ခဲ့ပြီး F-35 တိုက်လေယာဉ် ပူးပေါင်းထုတ်လုပ်မယ့်အစီအစဉ်ကို ရပ်ဆိုင်းတာ၊ နောက်ထပ် ပိတ်ဆို့မှုတွေ လုပ်ဆောင်သွားမယ်လို့ ခြိမ်းခြောက်တာတွေ ရှိခဲ့ပါတယ်။

Ref: Ruters

Tags:

Comments are closed.