2 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
2 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
3 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
3 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
3 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
3 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
3 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
3 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
3 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
3 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၂၉၊ ၂၀၂၀
M-Media

အခင်းဖြစ်ပွားခဲ့သည့်နေရာ မြင်ကွင်း

-ပြင်သစ်နိုင်ငံ နိုက်စ်မြို့က ခရစ်ယာန်ဘုရားကျောင်းတစ်ခုနားမှာ ဓားနဲ့တိုက်ခိုက်မှုတစ်ခု ဒီကနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၃ ဦး သေဆုံးကာ ပြင်သစ်အာဏာပိုင်တွေကတော့ အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် သတ်မှတ်ထားပါတယ်။

နိုက်စ်မြို့တော်ဝင် ခရစ္စတီယန် အက်စ်ထရိုစီက တိုက်ခိုက်မှုဖြစ်ကြောင်းအတည်ပြုခဲ့ပြီး အမျိုးသမီးတစ်ဦး ခေါင်းဖြတ်ခံလိုက်ရတယ်လို့လည်း ပြောကြားခဲ့ပါတယ်။ တိုက်ခိုက်မှုနောက်ကွယ်က အကြောင်းအရင်းကို မသိရသေးဘူးလို့ ဆိုပါတယ်။ ပြင်သစ်မီဒီယာတွေကတော့ တိုက်ခိုက်သူဟာ ‘အလာဟုအက္ကဘာရ်’ အော်ဆိုခဲ့တယ်လို့ ဖော်ပြကြပါတယ်။

ကျူးလွန်သူကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့ပြီး ဒဏ်ရာရရှိခဲ့တာကြောင့် ဆေးရုံမှာ ဆေးကုသမှု ပေးထားပါတယ်။

စာသင်ချိန်မှာ တမန်တော်မိုဟာမက်ကို ရုပ်ပြောင်ကာတွန်းနဲ့ လှောင်ပြောင်ခဲ့တဲ့ ကျောင်းဆရာ ဆမ်မြူယဲလ်ပါတီ အခုအစောပိုင်းက ပဲရစ်မှာ အသတ်ခံခဲ့ရပါတယ်။ ပါတီရဲ့ ဈာပနအခမ်းအနားမှာ ပြင်သစ်သမ္မတ မာခရွန်က ဘာသာရေးခေါင်းဆောင်တွေအပေါ် ရုပ်ပြောင်ရေးဆွဲလှောင်ပြောင်မှုကို ပိတ်ပင်မှာမဟုတ်ဘဲ ဆက်လက်ခွင့်ပြုသွားမယ်လို့ ပြောကြားခဲ့ပြီး၊ ဒီမှတ်ချက်အတွက် ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေက မာခရွန်ကို ဆန္ဒပြခဲ့ကြပါတယ်။

နိုက်စ်မြို့က တိုက်ခိုက်မှုအပြီး နာရီပိုင်းအတွင်းမှာပဲ ပြင်သစ်နိုင်ငံတောင်ပိုင်း အေဗီဂွန်မြို့မှာနားမှာ အမျိုးသားတစ်ဦးက​ ပစ္စတိုကိုင်ပြီး လမ်းသွားလမ်းလာတွေကို ပစ်မယ်လို့ ခြိမ်းခြောက်တာကြောင့် အသေပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဝန်ကြီးချုပ် ဂျန်ကက်စ်တက်စ်က နိုင်ငံရဲ့ လုံခြုံရေးအခြေအနေကို အမြင့်ဆုံးတပ်လှန့်ထားပြီး အစိုးရကလည်း တိတိကျကျနဲ့ ပြင်းပြင်းထန်ထန် ကိုင်တွယ်​ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဆော်ဒီနိုင်ငံ ဂျစ်ဒါမြို့က ပြင်သစ်ကောက်စစ်ဝန်ရုံးမှာလည်း ဒီကနေ့မနက်ပိုင်းက ဓားနဲ့တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လုံခြုံရေးအစောင့်တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

Ref: Reuters

Tags:

Comments are closed.