5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၁၇၊ ၂၀၂၁
M-Media

-မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ပပျောက်ပြီး ပြည်သူလိုလားတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်ပေါ်လာရေးအတွက် အမေရိကန်က လက်ရှိနေအထားထက်ပိုပြီး တုန့်ပြန်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း ဘီလ် ရစ်ချက်ဆန်က ထောက်ပြ ပြောဆိုလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီး အစိုးရအဖွဲ့နဲ့ ရွေးကောက်ခံလွှတ်တော်အမတ်တွေကို ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဒီကိစ္စကို အလျင်အမြန် တုန့်ပြန်ခဲ့ပါတယ်။ အာဏာချက်ခြင်းစွန့်လွှတ်ဖို့ စစ်တပ်ကို တောင်းဆိုခဲ့သလို၊ အာဏာသိမ်းခေါင်းဆောင်တွေအပေါ် ပိတ်ဆို့မှုတွေလုပ်ဖို့ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်တွေကိုလည်း ချက်ခြင်းဆိုသလို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာအစိုးရအပေါ် ပေးပို့နေတဲ့ အကူအညီတွေကို ပြန်လည်သုံးသပ်သွားမယ်လို့ အမေရိကန်လွှတ်တော်က ထုတ်ပြန်ခဲ့ပြီး၊ အာဏာသိမ်းအစိုးရကို ဖိအားပေးနိုင်ရေး မဟာမိတ်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ကုလဆိုင်ရာ အမေရိကန်သံမတ်ဟောင်း၊ နယူးမက္ကဆီကိုပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးဟောင်းနဲ့ အမေရိကန်စွမ်းအင်ဝန်ကြီးဟောင်းဖြစ်တဲ့ ဘီလ်ရစ်ချက်ဆန်က ဂျိုးဘိုင်ဒန်အစိုးရအနေနဲ့ ပိုထိရောက်တဲ့ဆောင်ရွက်မှုမျိုး လုပ်ဖို့လိုတယ်လို့ Asia Times က ဆောင်းပါးမှာ ထောက်ပြထားပြီး၊ နည်းလမ်း ၅ ခုကို ချပြခဲ့ပါတယ်။

တရုတ်နဲ့ ထိပ်သီးအစည်းအဝေး

မြန်မာနိုင်ငံရဲ့ ရှေ့အနာဂတ်အတွက် ဘိုင်ဒန်အစိုးရဟာ တရုတ်နဲ့ ထိပ်သီးအစည်းအဝေး လုပ်သင့်ပြီး၊ ဒါဟာ အာဏာသိမ်းမှုကို အင်အားကြီးနှစ်နိုင်ငံက ပူးပေါင်းဆန့်ကျင်တယ်၊ စစ်တပ်အနေနဲ့ ရှေ့ဆက်တိုးဖို့ လမ်းကြောင်းသိပ်မရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြသရာရောက်လိမ့်မယ်လို့ ရစ်ချက်ဆန်က ပြောပါတယ်။

ပြီးခဲ့တဲ့တစ်ပတ် လုံခြုံရေးကောင်စီရဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ထုတ်ပြန်ချက်ကို တရုတ်က သဘောတူခဲ့တာကို သူက ထောက်ပြခဲ့ပြီး ထိပ်သီးအစည်းအဝေးအတွက် အခြေခံကောင်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မြန်မာ့အရေးမှာ တရုတ်က အပြုသဘောဆောင်တဲ့ဖက်ကနေ ပါဝင်ဆောင်ရွက်ပါ့မလားဆိုတဲ့ သံသဖြစ်စရာအချက်ကိုလည်း သူက ထောက်ပြပါတယ်။

မြန်မာနိုင်ငံမှာ အာဏာရတဲ့သူတိုင်းနဲ့ပေါင်းဖို့ တရုတ်ရဲ့ဆောင်ရွက်မှုဟာ မိမိတို့ရဲ့ အကျိုးစီးပွားကို ခြိမ်းခြောက်မှုဖြစ်တယ်ဆိုတာ အမေရိကန်က တရုတ်ကို ရှင်းရှင်းလင်းလင်းပြောထားရမယ်လို့ ရစ်ချက်ဆန်က အကြံပြုပါတယ်။

ရန်ကုန်က တရုတ်သံရုံးရှေ့မှာ မြန်မာပြည်သူတွေ ဆန္ဒသွားပြတာမျိုး ရှိပြီး တရုတ်အနေနဲ့ ပြည်သူလူထုဖက်ကမရပ်ဘဲ ဗိုလ်ချုပ်ကြီးတွေဖက်က ရပ်မယ်ဆိုရင် မြန်မာနိုင်ငံမှာရှိနေတဲ့ တရုတ်ရဲ့ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ အခြေခံအဆောက်အဦးတွေအပေါ် ရန်လိုတိုက်ခိုက်တာမျိုး အလွယ်တကူ ဖြစ်လာနိုင်တယ်လို့ သူက ထောက်ပြပါတယ်။

နိုင်ငံတကာ အဖွဲ့တစ်ခု

ရစ်ချက်ဆန်ချပြတဲ့ ဒုတိယအချက်က အမေရိကန်ဦးဆောင်တဲ့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာအဖွဲ့တစ်ခု ဖွဲ့စည်းဖို့ပါ။ သံတမန်ဆက်ဆံရေး ပြန်လည်ခိုင်မြဲဖို့ဆိုတဲ့ ကတိကဝတ်တွေကို အမေရိကန်က လက်တွေ့လုပ်ဆောင်ဖို့နဲ့ နည်းလမ်းပေါင်းစုံက ချဉ်းကပ်အဖြေရှာဖို့အတွက် ဖြစ်ပါတယ်။

ဒီအဖွဲ့ဟာ မြန်မာပြည်သူတွေရဲ့အသံနဲ့ အကျိုးစီးပွားကို အခြေခံထားရမှာဖြစ်ပြီး ဂျပန်၊ တောင်ကိုရီးယား၊ အာဆီယံအဖွဲ့၊ အိန္ဒိယ၊ ယူကေ၊ ဥရောပသမဂ္ဂ၊ ကနေဒါ၊ ကုလအတွင်းရေးမှူးတို့အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ တိုင်းပြည်တွေက ကိုယ်စားလှယ်တွေ ပါဝင်ဖို့ လိုပါတယ်။

ချက်ခြင်းလက်ငင်း ဖြစ်လာနိုင်တဲ့ အကြမ်းဖက်မှုအန္တရာယ်ကို ဖြေရှင်းရေး၊ စစ်ခေါင်းဆောင်တွေ စစ်တပ်နဲ့ဆက်နွယ်တဲ့ လုပ်ငန်းတွေကို သီးသန့် ပိတ်ဆို့အရေးယူရေး၊ ဂျပန်နဲ့ စင်ကာပူတို့လို နိုင်ငံတွေက စစ်တပ်အပေါ် တိုက်ရိုက်လွှမ်းမိုးမှုရှိနိုင်မယ့် သံခင်းတမန်ခင်းနည်းလမ်းနဲ့ သေသေချာချာ ချဉ်းကပ်ဆောင်ရွက်ရေး စတာတွေကို ဒီအဖွဲ့က ဆောင်ရွက်သွားရမယ်လို့ ရစ်ချက်ဆန်က ဆောင်းပါးမှာ ပြောထားပါတယ်။

ပြည်သူ့ဆန္ဒကို အားပေးရမည်

ဆောင်းပါးမှာ ကုလသံအမတ်ဟောင်း ထောက်ပြထားတဲ့ တတိယအချက်က အာဏာသိမ်းစစ်ကောင်စီ ပြုတ်ကျရေးသာမကဘဲ၊ စစ်မှန်တဲ့ ဒီမိုကရေစီ ပေါ်ပေါက်လာရေးဆိုတဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒ​အတိုင်း တစ်ထပ်တည်း ရပ်တည်တယ်ဆိုတာကို ပေါ်လွင်အောင် အမေရိကန်နဲ့ နိုင်ငံတကာအဖွဲ့က ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးတွေ အာဏာစွန့်ပြီး လွှတ်တော်ပြန်တက်လာတဲ့အခါ လွှတ်တော်အစည်းအဝေးမှာပဲ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ဖျက်သိမ်းသွားဖို့၊ ဆန့်ကျင်သူတစ်ချို့ရှိနိုင်ပေမယ့် မြန်မာပြည်သူအများစုက ထောက်ခံအားပေးတဲ့ အခြေခံဥပဒေတစ်ခု ပေါ်ပေါက်လာဖို့ လုပ်ဆောင်ရလိမ့်မယ်လို့ ရစ်ချက်ဆန်က ထောက်ပြပါတယ်။

ဗိုလ်ချုပ်တွေကို နိုင်ငံရေးမှာ မပါဝင်ဖို့ လွှတ်တော်ရဲ့ကြိုးပမ်းမှုကို အမေရိကန်နဲ့ မဟာမိတ်တွေက မဖြစ်မနေ ကူညီပေးရမှာဖြစ်ပြီး၊ တစ်ခြား အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးတာ၊ လေ့ကျင့်သင်ကြားပေးမှုတွေကနေတစ်ဆင့် အောက်ခြေစစ်သားတွေဘ၀ လွယ်ကူအောင် လုပ်ပေးရမယ်လို့ သူက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အလွန် ခေါင်းဆောင်မှု

ရစ်ချက်ဆန်ထောက်ပြထားတဲ့ နောက်တစ်ချက်က စစ်ခေါင်းဆောင်တွေ အာဏာစွန့်လွှတ်ပြီးရင် ဒေါ်အောင်ဆန်းစုကြည်အလွန် မျိုးဆက်သစ် လူငယ်ခေါင်းဆောင်တွေကို အမေရိကန်က ထောက်ပံ့ ပျိုးထောင်ပေးဖို့ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒကို မရင်ဆိုင်ခဲ့တာ၊ ရိုဟင်ဂျာတွေအပေါ် စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေမှာ အလိုတူအလိုပါသဘောမျိုးဖြစ်ခဲ့တာတွေအပါအဝင် တစ်ချို့အားနည်းချက်တွေ ရှိပေမယ့် ဒေါ်ဆောင်ဆန်းစုကြည်ဟာ လူထု အကြည်ညိုဆုံးခေါင်းဆောင်ဖြစ်နေပြီး၊ လွတ်မြောက်လာရင်လည်း တိုင်းပြည်ကို ပြန်လည်ဦးဆောင်နိုင်လိမ့်မယ်လို့ ရစ်ချက်ဆန်က သုံးသပ်ပါတယ်။

တိုင်းပြည်အတွက် လူထုကြိုက်မယ့် မျှော်မှန်းချက်မျိုး ချပြဖို့၊ တိုင်းရင်းသားအားလုံး ပါဝင်နိုင်ပြီး ထိခိုက်ခံစားရမှုတွေကို ကုစားပေးမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဦးဆောင်ဖို၊ မြန်မာနိုင်ငံက ပြည်သူလူထုအားလုံးရဲ့ လူ့အခွင့်အရေးကို အလေးထားကာကွယ်ပေးဖို့ စွမ်းအားမျိုးရှိတဲ့ တစ်ဦးတည်းသောခေါင်းဆောင် ဖြစ်ပေမယ့် သူမဟာ သူမရဲ့လုပ်နိုင်စွမ်းကို အပြည့်အ၀ အသုံးမချခဲ့ဘဲ၊ ပြန်လွတ်လာရင်လည်း အသုံးချဖို့ မရှိဘူးလို့ ရစ်ချက်ဆန်က သုံးသပ်ပါတယ်။

အာဏာသိမ်းမှုကြောင့် အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေဟာ တစ်ဦးကောင်းတစ်ယောက်ကောင်းကို ထောက်ခံအားပေးတာထက်၊ မြန်မာပြည်သူတွေရဲ့ နှလုံးသားထဲမှာ ရှိနေတာကို လုပ်ပေးမယ်ဆိုတဲ့ စိတ်ဆန္ဒမျိုး အမှန်တကယ်ရှိတ​ဲ့ ကျယ်ပြန်တဲ့ ခေါင်းဆောင်မှု အစုအဖွဲ့တစ်ခုကို အားပေးကူညီနိုင်မယ့် ရတောင့်ရခဲအခွင့်အလမ်းမျိုး ရရှိခဲ့တယ်လို့ ရစ်ချက်ဆန်က ဆိုပါတယ်။

စစ်တပ်၏ သွေးခွဲအုပ်ချုပ်မှုကို တိုက်ဖျက်ရန်

နောက်ဆုံးတစ်ချက်ကတော့ မြန်မာနိုင်ငံမှာရှိနေတဲ့ တိုင်းရင်းသားလူနည်းစုတွေ၊ နယ်စပ်တစ်လျှောက် ရှိနေကြတဲ့ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေကို ကာကွယ်ပေးရေး အမေရိကန်က ကမကထပြု ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ သွေးခွဲအုပ်ချုပ်မှုကို တစ်ကျော့ပြန်ကျင့်သုံးလာနိုင်တာကြောင့် အကြမ်းဖက်မှုတွေကို လုံး၀ သည်းခံမှာမဟုတ်ဘူးဆိုတာ အမေရိကန်နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက ပြသဖို့၊ တိုင်းရင်းသားဒေသတွေမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပြန်လည်ခွင့်ပြုရေး ဖိအားပေးဖို့၊ အာဏာသိမ်းမှုကို ဆန့်ကျင်ရာကနေ ပေါ်ထွက်လာတဲ့ လူထုအကြား စည်းလုံးညီညွတ်မှုကို အခြေခံပြီး ရိုဟင်ဂျာတွေအပါ၀င် လူမျိုးစုအားလုံးဟာ မြန်မာ့လူ့အဖွဲ့အစည်းမှာ သာတူညီမျှဖြစ်ရမယ့် လူမျိုးစုတွေဖြစ်တယ်ဆိုတာ အလေးထားမှတ်ယူလာအောင် ဆောင်ရွက်ဖို့လည်း ရစ်ချက်ဆန်က တိုက်တွန်းခဲ့ပါတယ်။

မြန်မာပြည်သူတွေကို အမှောင်ကာလက စောင့်ကြို​နေပေမယ့် အမေရိကန်ရဲ့ ခိုင်မာတဲ့ ဦးဆောင်မှုနဲ့ နိုင်ငံတကာရဲ့ စုပေါင်းဆောင်ရွက်မှုတွေကြောင့် ရောင်နီသစ် ပေါ်ထွန်းလာလိမ့်မယ်လို့ ရစ်ချက်ဆန်က ဆောင်းပါးကို နိဂုံးချုပ်ခဲ့ပါတယ်။

Ref: Asia Times

(Asia Times သတင်းဌာနတွင် ဖော်ပြထားသည့် Bold US response to Myanmar coup needed ဆောင်းပါးကို လေးမောင်က ကောက်နှုတ် ဘာသာပြန်ဆိုပါသည်)

Comments are closed.