5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၁၁၊ ၂၀၂၁
M-Media

-အာရေဗျကျွန်းဆွယ်မှာ အကြီးဆုံးဖြစ်လာမယ့် ခရစ်ယာန်ကက်သလစ် ဘုရားကျောင်းတစ်ခုကို ဘာရိန်းနိုင်ငံမှာ ဒီဇင်ဘာ ၉ ရက်နေ့က ဖွင့်လှစ်လိုက်ပါတယ်။

Our Lady of Arabia လို့ အမည်ပေးထားတဲ့ အဲဒီဘုရားကျောင်းဟာ မြို့တော် မန်နာမာရဲ့တောင်ဘက်မှာ တည်ရှိပါတယ်။ သမ္မာကျမ်းစာလာ တမန်တော် မိုးစက်က ယုံကြည်သူတွေနဲ့ တွေ့ဆုံခဲ့တဲ့ တဲပုံစံ ဆောက်လုပ်ထားပြီး လူပေါင်း ၂၃၀၀ လောက် တစ်ကြိမ်တည်း ဝတ်ပြုဆုတောင်းနိုင်ပါတယ်။

ဘုရားကျောင်းဟာ ခေတ်သစ်ဗိသုကာလက်ရာ ပြယုဂ်တစ်ခုလည်း ဖြစ်ပါတယ်။

“ဝမ်းသာတယ်၊ ကျေနပ်တယ်၊ ပီတိဖြစ်တယ်ပေါ့ဗျာ။ ဒီပရောဂျက်တစ်ခုလုံးရဲ့ အသက်က ‘အလင်း’ ပါ။ နေ့ဖက်မှာဆို အလင်းနဲ့ လေထုကိုလိုက်ပြီး အရောင်တွေပြောင်းနေမှာ” လို့ ဘုရားကျောင်းကို ဒီဇိုင်းဆွဲပေးခဲ့တဲ့ အီတလီဗိသုကာပညာရှင် မက်တီယာ ဒဲလ် ပရီတီက ပြောပါတယ်။

ဘုရားကျောင်းဆောက်လုပ်ဖို့အတွက် နိုင်ငံတကာက ဗိသုကာပညာရှင်တွေကို ဖိတ်ခေါ်ခဲ့ပြီးတဲ့နောက် ပရီတီရဲ့ ဒီဇိုင်းကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

“အင်မတန်ကို နှစ်ထောင်အားရဖြစ်မိပါတယ်။ ဘာရိန်းက ဗိသုကာဆိုင်ရာ ပြယုဂ်တစ်ခုဖြစ်လာမယ့် ကြီးကျယ်ခမ်းနားတဲ့ ဒီဘုရားကျောင်းကြီး ရရှိတဲ့အတွက် အလွန်ပျော်ရွှင်မိပါတယ်။ ကျေးဇူးလည်းတင်ပါတယ်” လို့ ဂိုဏ်းအုပ်ဘုန်းတော်ကြီး ဘစ်ရှော့ ပေါလ်ဟင်ဒါက ပြောပါတယ်။

ဘုန်းတော်ကြီး ဟင်ဒါဟာ ကာတာ၊ ဘာရိန်း၊ ကူဝိတ်နဲ့ ဆော်ဒီအာရေဗျတို့ပါဝင်တဲ့ အာရေဗျကျွန်းဆွယ်မြောက်ပိုင်းက ခရစ်ယာန်ကက်သလစ်အသင်းတော်ကို ကြီးကြပ်ကွပ်ကဲရသူ ဖြစ်ပါတယ်။

ဘုရားကျောင်းဆောက်လုပ်ဖို့အတွက် ​မြေဧက စကွဲယားမီတာ ၉၀၀၀ ကို ဘာရိန်းဘုရင် ဟာမဒ် ဘင် အီဆာ အလ် ခါလီဖာက လွန်ခဲ့တဲ့ ၈ နှစ်အရင်ကတည်းက ခရစ်ယာန်လူ့အဖွဲ့အစည်းကို ပေးအပ်ထားတာ ဖြစ်ပါတယ်။

“ဒီကက်သလစ်ဘုရားကျောင်းဟာ သမိုင်းကြောင်းသာမကဘဲ အရွယ်အစားအရလည်း အရေးပါပါတယ်။ ဒါဟာ ဘာရိန်းနိုင်ငံအတွက် အော​မြင်မှုဖြစ်ပါတယ်။ တစ်ခြားနိုင်ငံကသူတွေ ဘာရိန်းကိုလာနေဖို့အတွက် ဒါက တွန်းအားဖြစ်လာမှာပါ။ အားလုံးကို ကြိုဆိုပါတယ်” လို့ ‘ကင်းဟာမဒ် ငြိမ်းချမ်းရေးစင်တာ’ ဘုတ်အဖွဲ့ဥက္ကဌ ရှိခ် ခါလစ်က ပြောပါတယ်။

ဘာရိန်းမှာ ခရစ်ယာန်ကက်သလစ်ဘာသာဝင် ၈ သောင်းလောက်ရှိတယ်လို့ ဗာတီကန်က ခန့်မှန်းတွက်ချက်ထားပြီး အများစုဟာ အိန္ဒိယနဲ့ ဖိလစ်ပိုင်တို့လို အာရှနိုင်ငံတွေက လာရောက်အလုပ်လုပ်ကိုင်ကြသူတွေ ဖြစ်ပါတယ်။

ဂျူးနဲ့ ဟိန္ဒူဘာသာဝင်တွေလည်း ဘာရိန်းမှာ ရှိ​ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ကတည်းက ဆောက်လုပ်ထားတဲ့ ဟိန္ဒူဘုရားကျောင်းတစ်ခုကို ဟိန္ဒူဘာသာဝင်တွေက ယခုအချိန်အထိ အသုံးပြုဆဲပါ။

Ref: The National News

Tags:

Comments are closed.