5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မတ် ၃၀၊ ၂၀၂၂

M-Media 


-လာမယ့်တစ်ပတ်မှာ ကျရောက်မယ့် ရမ်ဇာန်ဥပုသ်လအတွက် ယီမင်မှာ တစ်လကြာ အပစ်ရပ်မယ်လို့ အာရပ် မဟာမိတ်အဖွဲ့က ဒီကနေ့မှာ ကြေငြာပါတယ်။ 

ယီမင်မှာ ပြည်တွင်းစစ်ဖြစ်နေတာ ၇ နှစ်ကျော်နေပြီး ဆော်ဒီအာရဗျ ဦးဆောင်တဲ့ အာရပ်မဟာမိတ်အဖွဲ့ဟာ ၂၀၁၅ ခုနှစ်က စတင်ကာ ပါ၀င်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ 

လက်ရှိမှာတော့ ယီမင်သူပုန်အဖွဲ့ ဟူသီနဲ့ အာရပ်မဟာမိတ်အဖွဲ့တို့အကြား အပစ်ရပ်ရေးနဲ့ ငြိမ်းချမ်းရေး ရရှိအောင် ကုလသမဂ္ဂက ဦးစီး ဆောင်ရွက်နေပါတယ်။ 

လူသိန်းချီ သေဆုံးပြီး သန်းချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ယီမင်ပြည်တွင်းစစ် အဆုံးသတ်ရေး နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ၃ နှစ်တာ ကြိုးပမ်းမှုမှာ အခုအပစ်ရပ်ရေးက သိသာထင်ရှားတဲ့ ရလဒ်ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဆော်ဒီနဲ့ ယူအေအီးက ရေနံစက်ရုံတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ အဆက်မပြတ်တိုက်ခိုက်ခဲ့တဲ့ ဟူသီအဖွဲ့ကလည်း တိုက်ခိုက်မှု ရပ်ဆိုင်းကြောင်း အခုတစ်ပတ်အစောပိုင်းမှာ ကြေငြာခဲ့ပါတယ်။ 

Ref: Aljazeera 

Tags:

Comments are closed.