5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၁၀၊ ၂၀၂၂
M-Media

-မြန်မာစစ်တပ်က ပြည်သူလူထုအပေါ် ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စစ်ရာဇ၀တ်မှုတွေကို တရားစွဲဆိုနိုင်ရေး လမ်းဖွင့်ပေးဖို့အတွက် အင်ဒိုနီးရှား တက်ကြွလှုပ်ရှားသူတွေက အင်ဒိုနီးရှား အခြေခံဥပဒေခုံရုံးကို အသနားခံစာ တင်လိုက်ပါတယ်။

အင်ဒိုနီးရှားအခြေခံဥပဒေမှာ နိုင်ငံတကာ လူ့အခွင့်အရေး ပြဌာန်းချက်တွေကို အသိအမှတ်ပြုထားပြီး၊ ဘယ်သူမဆို ဥပဒေရဲ့ ကာကွယ်မှု အပြည့်အ၀ ရရှိစေရမယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမယ့် အင်ဒိုနီးရှား လူ့အခွင့်အရေးခုံရုံးဆိုင်ရာ ဥပဒေမှာတော့ လူ့အခွင့်အရေးချိုးဖောက်တဲ့ နိုင်ငံသားတွေကိုသာ တရားစွဲဆိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

စက်တင်ဘာ ၇ ရက်နေ့က ပေးပို့တဲ့ အသနားခံစာမှာ လူ့အခွင့်အရေးခုံရုံးဆိုင်ရာဥပဒေရဲ့ ပြဌာန်းချက်ဟာ အခြေခံဥပဒေနဲ့ ဆန့်ကျင်တဲ့အတွက် လူ့အခွင့်အရေးချိုးဖောက်တဲ့ မည်သူ့ကိုမဆို တရားစွဲဆိုနိုင်တယ်ဆိုတဲ့အချက် ပြင်ဆင်ထည့်သွင်းပေးဖို့ တောင်းဆိုထားပါတယ်။

အသနားခံစာ လက်မှတ်ရေးထိုးတဲ့သူတွေထဲမှာ ပါ၀င်တဲ့ အင်ဒိုနီးရှား ရှေ့နေချုပ်ဟောင်း မာဇူကီ ဒါရုစ်မန်က ဒီလိုပြောင်းလဲခြင်းအားဖြင့် ဥပဒေရဲ့ ကာကွယ်ပေးနိုင်စွမ်းကို ပိုမိုကျယ်ပြန့်စေမှာဖြစ်ပြီး မြန်မာစစ်အာဏာရှင်တွေကို တရားစွဲဆိုနိုင်လိမ့်မယ်လို့ မှတ်ချက်ပေးပါတယ်။

မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေပေါ် ညှင်းပမ်းသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး နိုင်ငံတကာ ခုံသမာဓိရုံး (ICJ) မှာ အမှုရင်ဆိုင်နေရပါတယ်။

အခြားရှေ့နေတစ်ဦးဖြစ်သူ ဖာရီ အမ်ဆာရီ အခုလို အသနားခံစာတင်သွင်း တောင်းဆိုရတာဟာ မြန်မာစစ်တပ်က ပြည်သူလူထုအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တုန့်ပြန်ဖို့ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံရဲ့ အခြေအနေဟာ တော်တော်ထူးခြားတဲ့ အခြေအနေပါ။ လူ ၂၀၀၀ အသတ်ခံရတယ်။ ၁၅၀၀၀ လောက် ပျောက်ဆုံးနေတယ်။ ၁.၂ သန်းလောက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေလိုအပ်နေတယ်။ အာဆီယံနိုင်ငံတွေကတော့ ရေငုံနှုတ်ပိတ်နေကြတယ်”

Ref: UCA News

Comments are closed.