5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၁၁၊ ၂၀၂၂
M-Media

-တူရကီရဲ့ အဆင့်မြင့်ကာကွယ်ရေးဆိုင်ရာ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရောင်းချနိုင်မှု ပမာဏဟာ ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း ၁၀ ဆလောက် မြင့်တက်လာပါတယ်။

၂၀၀၂ ခုနှစ်က စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရောင်းချမှု စုစုပေါင်း တန်ဖိုး ကန်ဒေါ်လာ ၁ ဘီလီယံရှိခဲ့ပြီး အဲဒီအထဲက ၂၄၈ သန်းဖို့ဟာ ပြည်ပနိုင်ငံတွေကို တင်ပို့တာပါ။

၂၀၂၂ ခုနှစ်မှာတော့ စုစုပေါင်း ရောင်းချမှုဟာ ၁၀.၁ ဘီလီယံအထိ ရှိလာပြီး ၃.၂ ဘီလီယံဖိုးက ပြည်ကို တင်ပို့ရောင်းချတာဖြစ်ပါတယ်။ ဒါဟာ တူရကီက ပြည်ပကနေ စစ်လက်နက်ပစ္စည်း တင်သွင်းမှုတန်ဖိုး ၂.၆ ဘီလီယံထက် ပိုမို များပြားသွားတာပါ။

ပြီးခဲ့တဲ့နှစ် ၂၀ အတွင်း တူရကီနိုင်ငံရဲ့ အင်ဂျင်နီယာနယ်ပယ်ဟာ ပိုမို တိုးတက်ထွန်းကားလာပြီး သုတေသနတွေကနေတစ်ဆင့် အဆင့်မြင့် လက်နက်တွေ ထုတ်လုပ်လာနိုင်တာ ဖြစ်ပါတယ်။

လေကြောင်းနဲ့ပတ်သက်တဲ့ ကာကွယ်ရေး စစ်လက်နက်တွေ အဓိက ရောင်းချလာရတာ ဖြစ်ပါတယ်။ အထူးသဖြင့် နာမည်ကျော် Bayraktar TB2 ဒရုန်းပါ။

နိုင်ငံအတွင်းက ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီတွေဟာ ၂၀၁၉ ခုနှစ်က ပူးပေါင်းပြီး ဒရုန်းနည်းပညာ တိုးတက်ရေး သုတေသနတွေ လုပ်ဆောင်လာရာကနေ အခုတော့ အသီးအပွင့်တွေ ခံစားနေရပြီ ဖြစ်ပါတယ်။

Bayraktar TB2 ဒရုန်းကို ရုရှားရဲ့ ကျူးကျော်မှုကို ခံနေရတဲ့ ယူကရိန်းအပါအ၀င် ကမ္ဘာတစ်၀ှမ်းက နိုင်ငံတော်တော်များများကို တူရကီက ရောင်းချထားသလို၊ ယူကေနဲ့ အခြား ဥရောပနိုင်ငံတွေပါ ၀ယ်ယူဖို့ စိတ်၀င်စားလာပါတယ်။

တူရကီဟာ အာရှက အနည်းဆုံး ၅ နိုင်ငံလောက်နဲ့ Bayraktar TB2 ထုတ်လုပ်ရေး သဘောတူညီချက် ရထားပါတယ်။

Gidran၊ Yoruk နဲ့ Ejder Yalcin တို့လို စစ်တပ်သုံး ကျည်ကာကားတွေ၊ တင့်ကားတွေ၊ T129 တိုက်ခိုက်ရေး ရဟတ်ယာဥ်၊ Hurkus HYEU လေ့ကျင့်ရေး တိုက်လေယာဥ်တွေ၊ ရေတပ်အတွက် ကမ်းခြေစောင့် သင်္ဘောတွေအပါအ၀င် ကျည်း၊ ရေ၊ လေ ကာကွယ်ရေး စစ်လက်နက်ပစ္စည်း မျိုးစုံကို တူရကီက တင်ပို့ရောင်းချနေပါတယ်။

ဒီလို စစ်လက်နက်တွေကို တင်ပို့ယုံသာမက ပူးတွဲထုတ်လုပ်ဖို့အတွက်လည်း နိုင်ငံတော်တော်များများနဲ့ လက်မှတ်ရေးထိုးထားပါတယ်။

Ref: Defense News

Comments are closed.