4 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
4 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
4 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
4 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
4 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
5 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
5 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
5 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
5 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
5 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ကိုယ့်မြင်းကိုစိုင်း စစ်ကိုင်းရောက် ရောက် ပုံစံဖြင့် အီဂျစ်နိုင်ငံအား အနှစ်သုံးဆယ်ကျော်ကြာ အုပ်ချုပ်လာခဲ့သူ အသက် ၈၃နှစ်ရှိ သူ သမ္မ တ မိုဘာရက် အား မကျေနပ်မှု ၊ အာဏာပိုင်တို့၏အကျင့်ပျက်ခြစားမှု၊ အလုပ်လက်မဲ့များပြားလာခြင်း၊ ဆင်းရဲမွဲတေမှု စသည့် အကြောင်းအရင်းများကြောင့် အီဂျစ် ပြည်သူများမှာ နိုးထအုံကြွ ရန် ၂၀၁၁ နှစ်ဆန်းပိုင်းကစ၍ လှုပ်လှုပ်ရွရွ ဖြစ်လာ ခဲ့ သည်။

လှုပ်ရှားတက်ကြွ သူများက အစိုးရရုံးပိတ်ရက် ဖြစ်သည့် ဇန်န၀ါရီ ၂၅ရက်အား ဒေါမာန် ဟုန် နေ့ အဖြစ်သတ်မှတ်ခဲ့ကာ သောင်းချီ ရှိသော လူထုကြီးက ကိုင်ရိုမြို့လယ်ကနေ အာဏာရပါတီ NDP ရုံး၊ နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် နိုင်ငံပိုင် ရုပ်သံဌာန သို့ ဦးတည် ဆန္ဒပြ ခဲ့ကြ သည်။ ယင်းနေ့မှစ၍ နိုင်ငံတ၀ှမ်းတွင် လည်း စတင် ဆန္ဒပြခဲ့ကြသည်။ ၄င်းကိုင်ရိုဆန္ဒပြပွဲအား ရဲတပ်ဖွဲမှ မျက်ရည် ယိုဗုံးများ သုံး ကာ လူ စုခွဲခဲ့ သည်။ထို့အတူ ပြည်ထဲရေးဝန်ကြီးဌာနမှ အတိုက်အခံ မွတ်စလင်ညီအစ်တော် အဖွဲ Muslim Brotherhood အား ၄င်း ဆန္ဒပြ ပွဲများ နှင့် စပ်လျဉ်းပြီး ပြစ်တင်ဝေဖန်ခဲ့သည်။ အီဂျစ်မှတက်ကြွလှုပ်ရှားသူများက လူမှုကွန်ရက်များဖြစ်သော Facebood Twitter များသုံးကာ ဆန္ဒပြပွဲ အားဆက်လက် အရှိန်မြင့်တင်ခဲ့ကြသည်။ လူထုအုံကြွသည့် ဒုတိယမြောက်နေ့ဇန်န၀ါရီ ၂၆ရက်နေမှာတော့ သွေးမြေး ကျမှု များ ဖြစ်ပေါ် ခဲ့ရသည်။ ရဲတပ်သားများက မျက်ရည်ယိုဗုံး၊ ရော်ဘာကျည်ဆံ ၊ ဆန္ဒပြသူများက မီးလောင်ဗုံးများ ၊ ကျောက်ခဲများ နှင် သူတပြန် ကိုယ်တစ်ပြန် ပစ်ခတ်ကြသဖြင့် ရဲသားတစ်ဦး နှင့် ပြည်သူတစ်ဦးတို့ သေဆုံးခဲ့ရသည်။ ဆူးအက်မြို့၌ လည်းဆန္ဒပြသူ ၅၅ဦး နှင့်ရဲသား ၁၅တို့ ဒဏ်ရာရရှိခဲ့ကြသည်။

အဆိုပါ အီဂျစ်လူထုအုံကြွမှုများအပေါ် အမေရိကန်ပြည်ထောင်စုမှလည်း နေမထိထိုင်မသာဖြစ်ခဲ့ရပြီး အီဂျစ်အာဏာပိုင်များ အနေဖြင့် ဆန္ဒပြသူများအား လိုက်လျောတုန့်ပြန်ပေးသင့်ကြောင်း တိုက်တွန်းပြောဆိုခဲ့သည်။ ဇန်န၀ါရီ၂၇ရက်နေမှာတော အချိုရှာ သကာတွေ့ ဆိုသကဲ့သို့ အတိုက်အခံခေါင်းဆောင် တစ်ဥိးဖြစ်သူ မိုဟာမက်အလ်ဘာရာဒေးမှ ပြည်ပမှပြန်ရောက်ရှိလာခဲ့ပြီး ဆန္ဒပြသူများ နှင့် အတူ ပူးပေါင်း တိုက်ပွဲဝင်မည်ဟု ကြေငြာလိုက်သည်။“အပြောင်းအလဲကိုလိုလားတဲ့ပြည်သူဆန္ဒကိုလေးစာရမယ် ” ဟု သမ္မတ မိုဘာရက် အား လှုပ်နှိုး လိုက်သည်။ ထို အတောတွင်း လူထုအုံကြွှမှုကြီးမှာ မြို့ပေါင်းများစွာဆီ တမဟုတ်ချင်းပျံနှံသွားခဲ့ပါသည်။ ဥပဒေပညာရှင်များ ရှေ့ နေများ သည်လည်း အလက်ဇန်ဒရီးယား၊ တိုခ်ခါ မြို့များ၌ ပြည်သူများနှင့်တူ ပူးပေါင်းဆန္ဒပြခဲ့ကြသည်။

အစပိုင်းမှာတော့ ယင်းဆန္ဒပြပွဲများမှာ တူနီးရှားမှကူးလာသည့် မီးစလေးတစ်ပွင့်ဟု ထင်ခဲ့သော်လည်း ယခုကဲ့သို့ ထိန်ချုပ်ရ ခက်ခဲလာ နေသော လူထုအုံကြွမှု ကြောင့် အမှိုက်ကစပြဿဒ်မီးလောင် မဲ့ ဒုတိယ ဘင်အလီ ကဲ့သို့ သမ္မတ မူဘာရက် မှာရင် ဆိုင်ရာ မှာကို အထူး စိုးရိပ် သွားပုံရသည်။ ဆန္ဒပြအုံကြွမှုများကို ထင်သလို မထိန်းချုပ်နိုင်သဖြင့် အာဏာပိုင်များမှာ ကြွက်မနိုင်ကျည်မီးနှင့်ရှို့ အကြံ ဖြင့် အီ ဂျစ်ရှိ အွန်လိုင်း လူမှုကွန်ရက်Facebook Twitter နှင့်Blackberry မိုဘိုင်းဖုန်းတို့အား ဇန်န၀ါရီ ၂၈ တို့ကို ပိတ်ပစ်ခဲ့သည်။ ၂၈ရက် နေ့ လည် သောကြာဂျုမုအာဟ်ဆွလာသ်အပြီး ထပ်မံဖြစ်ပွားမည့် ဆန္ဒပြပွဲအား တားမြစ်နိုင်ရန် အကြမ်းဖတ်တိုက်ဖျက်ရေးတပ်ဖွဲများက ကိုင် ရိုမြို့ အချက်အခြာနေရာများတွင် နေရာယူတပ်စွဲခဲ့သည်။

ပြည်ထဲရေး ၀န်ကြီးမှလည်းထပ်မံဖြစ်ပေါ်လာမည့် ဆန္ဒပြပွဲများအား ထိထိရောက်ရောက်နှိမ်နင်းသွားမည်ဟု သတိပေးလိုက်သည်။ အီဂျစ် ရှိ စွန္နီမွတ်စလင်ကမ္ဘာ ၏နာမည်ကျော် အစ္စလာမ့် တက္ကသိုလ် အလ်အဇ်ဟရ်မှ ပညာရှင် များ ကလည်း ၊ဘာသာတရားတိုင်း၌ လွတ်လပ်စွာဆန္ဒထုတ်ဖေါ်ခွင့်ပါရှိသဖြင့် ဤသို့သော ဆန္ဒပြပွဲများမှာ ဘာသာတရာများနှင့် မဆန့်ကျင် ကြောင်းယင်းသို့ ဆန္ဒထုတ် ဖေါ် ခြင်း ဖြင့် အစိုးရအား မှန်ကန်သည့်လမ်းကြောင်းပေါ်ဆီ ရောက်စေမှာဖြစ်ကြောင်း သုံးသပ်ခဲ့ပါသည်။
ဇန်န၀ါရီ၂၉ရက်နေ့မှာတော့ အိုစာကျနေသူ မိုဘာရက် မှာ သမ္မတရာထူးကနေ နှုတ်ထွက်ပေးမှာမဟုတ်ပဲ လက်တလော ကြုံတွေရသည့် အကျပ်အတည်းများအား အစိုးရအဖွဲ့ သစ်ကို ပြန်လည်ဖွဲစည်းပေးမည်ဟု ပြည်သူများ ချွေးသိပ်စကားဆို ခဲ့သည်.သိုသော် ပြည်သူများက မုဘာရက်အားနှုတ် ထွက်ပေးရန်ကိုသာ ဖိအားပေးတောင်းဆိုနေကြသဖြင့် အီဂျစ်ပြည်၏ မနက်ဖြန်များသည် စိတ်ဝင်စားဖွယ်အရေးများနှင့် ပြည်နှက်နေအုံးမည် ဟု စုဆောင်းတင်ပြလိုက်ရပါသည်။

Leave a Reply